ယောဟန် ၁၈-၁၉ - ဒုက္ခဝေဒနာခံစားရာလမ်းကြောင်း

ယေရှုခံစားရသောဒုက္ခဝေဒနာအကြောင်းလေးခု

ယခုတွင် ကျွနု်ပ်တို့သည် ဧဝံဂေလိဆရာလေးဦးတင်ပြထားသကဲ့သို့ ခရစ်တော်၏ဒုက္ခဝေဒနာခံစား ခြင်းအကြောင်းကို ဆက်လက်ဆွေးနွေးကြပါစို့။ အခြားခရစ်ဝင်သုံးခု၏ ခရစ်တော်၏ဝေဒနာခံရခြင်း တင်ပြချက် နှင့် အသေးစိတ် နှိုင်းယှဉ်မှုတစ်ခုက ခရစ်တော်၏လက်ဝါးကပ်တိုင်၌ အသေခံခြင်း သည် ခရစ်ဝင်ကျမ်းလေးခုစလုံးတွင် တူညီစွာ တင်ပြထားကြောင်းပြသသည်။ ထို့ကြောင့် အားလုံး သည် ၎င်းတို့၏အလေးအနက်ထားခြင်းနှင့်အသေးစိတ်မှုကို ပိုင်ဆိုင်ထားကြပါသည်။

ရှေးအကျဆုံးခရစ်ဝင်ကျမ်းရေးသူ မာကုက ၎င်း၏အရင်းအမြတ်ပေါ်တွင် အုတ်မြစ်ကို ချထားခဲ့ပါ သည်။ သူ၏လက်ဆင့်ကမ်းအမွှေဆက်ခံသူများက သူ၏အလုပ်ကို အတုခိုးကြခြင်းမရှိပါ။ သူတို့ အားလုံးက ကိုယ်စီအလုပ်ကိုသာ လုပ်ဆောင်ကြပါသည်။ ဤအရာက သူတို့အားလုံးသည် အဖြစ် အပျက်၏ စစ်မှန်ပြီးခိုင်မာသောယဉ်ကျေးမှုဆိုင်ရာအသိပညာဖြင့် ဆက်သွယ်မှုရှိကြောင်းကို ပြသပါ သည်။

ရှေ့ကဖော်ပြသကဲ့သို့၊ ယောဟန်သည် ၎င်း၏ရှေးကျသူသည် အနည်းဆုံး မာကုဖြစ်မည်ကိုသိခဲ့ပါ သည်။ အခြားသူများက မှတ်တမ်းတင်ထားသောအရာကို အသေးစိတ်ပြန်လည်ဖော်ပြရန်မှာ သူ့ တာဝန်ဖြစ်ကြောင်းကို မစဉ်းစားမိခဲ့ပါ။ အရေးကြီးသည့် အကျိုးဆက်များစွာကို ချန်ရစ်ထားခဲ့ပါ သည်။ ထိုအရာများထဲတွင် အစောပိုင်းက တည်ဆောက်ထားသော ပွဲတော်မင်္ဂလာသည် ဂေသရှေ မာန်ဥယျာဉ်နှင့်ကောင်စီအစည်းအဝေးရှိ ဆုတောင်းခြင်းတိုက်ပွဲပင်ဖြစ်ပါသည်။ အတိုချုံ့ရည်ညွှန်း ချက်အနေဖြင့် သူရေးသားသောခရစ်ဝင်ကျမ်း၌ သိသာထင်ရှားသောအမှတ်အသားသုံးခုကို နေရာ ချထားပါသည်။

သူက လိုက်လျောညီထွေမှုရှိမည်ဟု ထင်မှတ်သောအရာများကို ပြောနေခြင်းဖြစ်ပါသည်။ အသစ် သောအရာတွေ၊ အရေးကြီးသည့် ရင်းမြစ်ထဲမှ အသေးစိတ်အချက်အလက်များ ပါဝင်ပါသည်။ ဤအချက်များ၏ပထမအကြောင်းအရာများကို ယေရှုအဖမ်းခံရသည့်အချိန်၌ တွေ့မြင်နိုင်ပါသည်။ ယောဟန်က ထားဆွဲသောသူသည် ပေတရုဖြစ်သည်ဟူ၍လည်းကောင်း၊ ဒဏ်ရာရရှိသွားသူမှာ မာလ်ခဖြစ်သည်ဟု ဆိုထားသည်။

ရှင်ယောဟန်ခရစ်ဝင်ကျမ်း၌တွေ့ရသော ခရစ်တော်၏ဒုက္ခဝေဒနာခံစားခြင်း အကျဉ်းချုံးဖော်ပြချက် မှာ ယေရှု၏ကြီးမားသောလုပ်ဆောင်မှုဖြစ်ပါသည်။ အစပိုင်း၌ ယေရှု၏လူသားဖြစ်ခြင်း၊ ဝမ်းနည်း ကျေကွဲခြင်းနှင့်ဝေဒနာခံစားခြင်းတို့ကို ရေးသားဖော်ပြထားပါသည်။ ယခုတွင် ယခုတွင် ဘုရား သခင်၏သားတော်သည် မတုန်မလှုသောသေခြင်းအကြောင်းကို ဖော်ပြထားသည်။ ဖမ်းဆီးချုပ် နှောင်သူကို ပြန်ဆွဲပြီး လဲကျသည်။ ပိလတ်မင်းလဲ ကြောက်ရွံ့တုန်လှုပ်သည်။ သို့ရာတွင် လူသားက ဒုက္ခဝေဒနာခံစားခြင်းတစ်ခုချင်းစီတိုင်းကို ကြိုတင်သိနားလည်သည်။

ယေရှုချုပ်နှောင်ခြင်းခံရသည်။ ၁၈း ၁-၁၄

ယောဟန်က ဂေသရှေမာန်ဥယျာဉ်ရှိ ဆုတောင်းခြင်းတိုက်ပွဲအကြောင်း ပြောမထားပါ။ ဂေသရှေ မာန်အမည်နာမတောင် ထည့်သွင်းမထားပါ။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း အစောပိုင်းတွင် ဆင်တူ ယိုးမှားကျမ်းတွင်ဖော်ပြထားသည့် တူညီသောတိုက်ပွဲကို ယေရှုက တိုက်ခိုက်နေသည့်အကြောင်း ကျမ်းပိုဒ်ကိုတော့ တွေ့ရပါသည်။ (ယောဟန် ၁၂း ၂၃-၃၃) ရှင်ယောဟန်ခရစ်ဝင်ကျမ်း၌ အရေး ကြီးသည့်စကားလုံးသည် ဆင်တူယိုးမှာ ကျမ်းစာ၌လည်းပါရှိသည်။ ခမည်းတော်သည် သောက်ရ မည့်ခွက်ကို သားတော်အားပေးထားသည်။ သူ့ထံက ရုတ်သိမ်းပေးရန် ယေရှုတောင်းလျှောက် သောခွက်အကြောင်း (မာကု ၁၄း ၃၆) ကို ယေရမိစာအုပ်ထဲတွင်လည်း တွေ့ရှိရပါသည်။ “အမျက် တော်ခွက်ဖလားကို ငါ့ထံမှ ဖယ်ရှားမူပါ၊ သောက်ဖို့ပေးသမျှသောလူမျိုးတိုင်းထံသို့ ရောက်စေပါ။” အပြစ်များကိုဖယ်ရှားပေးဖို့ ကမ္ဘာကြီးရဲ့အပြစ်အတွက် ဘုရားသခင်၏အမျက်တော်ကိုခွက်ဖလား ကို သောက်ရန်မှာ ယေရှု၏လုပ်ငန်းတာဝန်ပင်ဖြစ်ပါသည်။

ညအချိန်၌ အပြင်ဘက်၌ရှိနေသောသူသည် ယုဒ၏ရိုသေလေးစားမှုကို နားလည်လိမ့်မည်။ ပဿခါ လပြည့်ညမှာပင် ပြေးနေသူတစ်ဒါဇင်ရှိလူများထဲတွင် မှန်ကန်သောလူပင် စွန်းထင်းစေသည်ကို ကြားရပါလိမ့်မည်။ ကြိုးစားအားထုတ်မှုကျဆုံးခြင်းက နံနက်အချိန်၌ ယေရုရှလင်ကို ဘာသာရေးအ ရပြစ်မှားခြင်း၌ အုံကြွမှုကိုဖြစ်စေနိုင်သည်။ ပြန်လည်တိုက်ခိုက်သည့် ပေတရု၏ထားက အလျှင်အ မြန်လွတ်မြောက်မှုကို ကြိုးစားအားထုတ်စေပါသည်။ ယေရှုသည် ဤအခွင့်အရေးကို အသုံးမချပေ။ ခမည်းတော်ကပေးထားသော တာဝန်ကိုသာ ပြည့်စုံစေရန် ကြိုးစားအားထုတ်သည်။

ယေရှုက ၎င်း၏ရန်သူများကို ရှောင်ကြဉ်ရန် မကြိုးစားခဲ့ပါ။ သတ္တိရှိရှိ ရင်ဆိုင်ခဲ့ပါသည်။ မေးခွန်းများ အပေါ် သူတို့၏ဖြေကြားချက်မှာ “ငါပင်ဖြစ်သည်” ဟူသောအချက်ဖြစ်ပြီး ဤခရစ်ဝင်ကျမ်းကို အ သက်ဝင်စေသည်။ အဓိကအကြောင်းတရားမှာ ဘုရားသခင်၏ဖော်ပြချက်ဖြစ်သည်။ ထို့ကြောင့် ရန်သူများသည် ကြောက်ရွံ့ပြီး နောက်ပြန်ဆုပ်ကြသည်။ ၎င်းတို့တာဝန်ကိုထမ်းဆောင်ဖို့ ခဲယဉ်း သွားခဲ့ပါသည်။

ယောဟန်က ယေရှုအသတ်ခံရသည့်အချိန်အတွင်း၌ ယဇ်ပုရောဟိတ်များကြားတွင် မည်သူသည် မည်သူဖြစ်ကြောင်းကို ကောင်းစွာ သတိပြုထားသည်။ အာနနိသည် ယဇ်ပုရောဟိတ်မင်းဖြစ်သည်။ (အေဒီ ၆-၁၅) သို့သော် ရောမတို့သည် ရုံးမှ သူ့ကို နှင်ထုတ်ရန် စီစဉ်ခဲ့ကြသည်။ ယခုတွင် သူ့အ သိုင်းအဝန်းများစွာက ရုံးကို ဆုပ်ကိုင်ကြသည်။ လူတို့သည် အမှန်တကယ် ဆုံးဖြတ်ချက်ချနိုင်သူထံ သို့ ယေရှုကို ခေါ်ဆောင်ကြသောအခါ သူတို့သည် အာနနိထံသို့ ဦးစွာ သွားကြသည်။ ထို့နောက်၌ သာ အေဒီ ၁၈-၃၇ အတွင်း ရုံး၌ရှိနေသော ကေဖထံသို့ သွားခဲ့ကြပါသည်။

ပေတရုသည် ယေရှု သိခြင်းကို ငြင်းပယ် ၁၈း ၁၅-၁၈

ယောဟန်က တပည့်တော်များ၏လွတ်မြောက်ခြင်းကို ချန်ထားခဲ့သည်။ ထိုအရာအတွက် တစ်ခု တည်းသောအကြောင်းပြချက်မှာ ထိုအကြောင်းကို စာဖတ်သူတို့အား သိစေလိုသော မျှော်လင့် ချက်ကြောင့်ဖြစ်နိုင်သည်။ “အခြားတပည့်တော်” ဟူသည်မှာ “ယေရှုချစ်သောတပည့်တော်” ဖြစ် ကောင်းဖြစ်နိုင်ပါသည်။ ပေတရုအတွက် တံခါးဖွင့်မထားသော်လည်း ခိုင်မာသောသဘောတရား နှင့်ပုံဆောင်ချက်တစ်ခုအနေဖြင့် ဝင်ရောက်ပြောဆိုသည်။ ယခုအချိန်၌ ဖွင့်ထားသောဒုက္ခဝေဒနာ ခံစားခြင်းသည် ထုံးတမ်းဓလေ့၏ကောင်းမွန်စွာ သတင်းသယ်ဆောင်သူအပေါ်တွင် အခြေခံထားပါ သည်။ ယဇ်ပုရောဟိတ်မင်း၏သိကျွမ်းခြင်းက ထိုအကြောင်းအရာ၏နောက်ကွယ်တွင် မည်သည့်အ ရာဖြစ်ပျက်နေသည်ကို များစွာ သိထားပါသည်။ ထို့အပြင် ယေရှုအနား၌ ညစာသုံးဆောင်သူက အရာအားလုံး ပိတ်ထားသည်ကို တွေ့ရသည်။

ယုဒတောင်ပေါ်၌ အေးစက်သည့် ညအချိန်ကာလမှာ ဧပြီလပင်ဖြစ်ပါသည်။ ဆဲတွမ်သည် နွေးထွေး မှုကို အနည်းငယ်ပေးပြီး ယခုအချိန်တွင် တံခါးဝ၌ ဂိတ်စောင့်က သူ့အားစကားပြောသည့်အချိန်၌ ပင် သူ၏ယုံကြည်ခြင်းကို ပေတရုက ငြင်းပယ်ခဲ့ပါသည်။

“သူ့လူတို့သည် သူ့ကို လက်မခံကြပါ…။” ၁၈း ၁၉-၂၄

ယခုအချိန်ထိ ခရစ်ဝင်ကျမ်း၌ ဖတ်ရှုခဲ့ရသမျှသည် ဘုရားသခင်က လောကသို့စေလွှတ်တော်မူ သောအလင်း၌ လူတို့သည် မျက်စိကန်းလျက်ရှိသည်ကို သင်ယူရရှိပါသည်။ ကောင်စီအစည်းအ ဝေး၌ ဖော်ပြထားသည့် ဆင်တူယိုးမှာအကြောင်းအရာများတွင် ယောဟန်ပေးထားသည့် ရေတွက် ဝင်ခြင်း၌ တွေ့ရှိရပါသည်။ ရွေးချယ်ခံလူများကို ကိုယ်စားပြုသည့် အာနနိသည် သမ္မာတရားကို မမြင်နိုင်အောင်ဖြစ်သည်။ မှန်ကန်သောတရားစီရင်မှုကို မလုပ်ဆောင်နိုင်ပါ။ ထိုအကျိုးမှာ ယေရှု သည် ရိုက်နှက်ခြင်းကို ခံရသည်။ ကေဖ၏ဝိုင်းရံခြင်းကို ခံရသည်။ ယေရှုသည် ကျန်ညများ၌ ချုပ် နှောင်ခြင်းခံရသည်ဟူသော ယောဟန်၏တင်ပြချက်များကြောင့် စိတ်သောကရောက်ရသည်။

ယောဟန်၏ရေတွက်ခြင်းသည် ဆင်တူယိုးမှာကျမ်းများရှိ အကြောင်းအရာများနှင့် လိုက်လျောညီ ထွေမှုရှိပါသည်။ ယေရှု သို့မဟုတ် တပည့်တော်များသည် ဖာရိရှဲအချို့နှင့်တွေ့ခဲ့ကြသည်။ ပြင်းထန် သည့်ဆွေးနွေးမှုကို မကြာခဏပြုလေ့ရှိကြသည်။ သို့ရာတွင် အငြင်းအခုံက သူတို့ကြား၌ ဆက်နွယ် မှုရှိနေကြောင်းကို အနည်းဆုံးတော့ ပြသခြင်းပင်ဖြစ်ပါသည်။ အခြေအနေမှာ ဇက္ဒုကဲများနှင့်မတူ ပါ။ သူတို့သည် ဗိမာန်တော် ယဇ်ပုရောဟိတ်ဖြစ်ခြင်းကို ကိုယ်စားပြုကြပါသည်။ ဇက္ဒုကဲများအ တွက်မှု ယေရှုကို ဖာရိရှဲ ရှိမုန်ကဲ့သို့ပင် အိမ်၌ ညစာဖိတ်ကြားဖို့ရန်မှာ ဖြစ်နိုင်ခြေနည်းလှပါသည်။ (လုကာ ရး ၃၆-၅၀) ဇက္ဒုကဲ သို့မဟုတ် ယဇ်ပုရောဟိတ်မင်းတို့လှည့်ပြန်သောအခါ သူတို့က ၎င်းတို့၏စိတ်ကို ဖော်ပြကြသည်။ (မာကု ၁၂း ၁၈-၂၇) ယေရှုနှင့်တပည့်တော်တို့၏အသွေးသွန်း ခြင်းတွင် သူတို့သည် ငြိတွယ်နေသူများဖြစ်ကြပါသည်။

ယေရှုကို သိခြင်းကို တဖန် ပေတရုက ငြင်းဆိုပြန်သည်။ ၁၈း ၂၅-၂၇

တခါးဝတွင် ပေတရုသည် အစေခံမိန်းမတစ်ယောက်၏ ဒုက္ခပေးခြင်းကိုခံရသည်။ မီးလှုံနေသည့်လူ များကြားတွင် ပို၍ပြင်းထန်သောအခြေအနေ ထပ်၍ ကြုံရပြန်ပါသည်။ အစောပိုင်းက ဒဏ်ရာရရှိ သွားသည့် မာလ်ခက ပေတရုကို ကောင်းကောင်းမှတ်မိသည်။ ပေတရုသည် ယေရှုကို ငြင်းပယ်ခဲ့ သဖြင့် ကြက်သွန်သည်။ သို့သော် ယောဟန်က ပေတရုသည် မျက်ရည်ကျမည်ဟု ဆိုမထားပါ။

ယေရှုအားငြင်းပယ်မှုအကြောင်းကို ယောဟန်၏နောက်ဆုံးအခန်းကြီးတွင် ပြန်လည်တွေ့ရှိရပြီး ဖြစ်နိုင်လျှင် ပို၍ပင် ကယက်ထနေသောနည်းလမ်းတစ်ခုဖြစ်ပါသည်။

ပိလတ်မင်းသည် ယေရှုကို မေးခွန်းထုတ်သည်။ ၁၈း ၂၈-၃၈

ရောမစစ်သားများသည် ယုဒလူမျိုးတို့အား ကိုယ်ပိုင်အုပ်ချုပ်ရေးကို ပေးထားပါသည်။ သို့ရာတွင် အရေးကြီးသည့်ဆုံးဖြတ်ချက်ကို သူတို့ကိုယ်တိုင် ဆုံးဖြတ်ထားပါသည်။ ထိုအရာကပင် လူတစ်ဦး ကို သေဒဏ်ပေးနိုင်သည့် အခွင့်ထူးဖြစ်ပါသည်။ ထိုအကြောင်းကြောင့် ယေရှုကို တရားစီရင်ရန် ရောမစစ်သားများလက်ထဲသို့ အပ်နှံခဲ့ကြသည်။

ပုန္တိပိလတ်မင်းသည် အေဒီ ၂၆-၃၆ တွင် နန်းထိုင်ခဲ့သည်။ သူ့အား ခန့်ထားခြင်းနောက်ကွယ်က အချက်အလက်များမှာ ပရာရဲတိုရဲယမ် တို့၏ပြည့်စုံသောဆီကျန်ဏတို့ဆွဲထားသော ပေါ်လစီ ဖြစ်ပါ သည်။ ယာယီဂျူးရင်းမြစ်များက ပိလတ်မင်းကို ဂျူးလူမျိုးများကို မကြာခဏ အပြစ်ကျူးလွန်သည့် သူအဖြစ် သတ်မှတ်ကြပါသည်။ နောက်ဆုံးတွင် သူ၏သားသတ်သမားသည် သူ၏အနီးဆုံးလူဖြစ် သည် ရှုရိ ဗီတဲလ်လီယား ထံသို့သွားခဲ့ပြီး နန်းတော်ကနေ သူ့ကို ဖယ်ရှားသည်။ သူ၏လုပ်ဆောင် ချက်ကို ပြန်လည်ဖြေရှင်းရန် ရောမသို့စေလွှတ်ခဲ့သည်။ နောက်ဆုံးတွင် သူသည် အသက် ၃၉ နှစ် ၌ မိမိကိုယ်ကို သတ်သေခဲ့သည်။ ဒုက္ခဝေဒနာခံစားနေရသည့်အချိန်တွင် ပိလတ်မင်းသည် စိတ်မချ ရသည့်အခြေအနေတွင်ရောက်နေသည်။ အကြောင်းမှာ သူပြုလုပ်ခဲ့သည့် အမှားအယွင်းအချို့ ကြောင့်ဖြစ်ပါသည်။ ထိုအချိန်တွင် သူ့အား ထောက်ခံပေးသူ ဆီကျင်ဏသည် ရာဇဒဏ်ပေးခဲ့ပြီးလဲ ဖြစ်နိုင်ပါသည်။ (အေဒီ ၃၁ ၌) ဂျူးလူမျိုးများသည် ရောမတို့လက်အောက်ခံ၌ ဆက်လက်ရှိနေကြ ဆဲဖြစ်သော်လည်း နိုင်ငံရေးနည်းလမ်း အသေးအမွှားကိုပင် အသုံးချရာ၌ ကျွမ်းကျင်ကြပါသည်။ ဤအချက်က ဧဝံဂေလိတရားက ရောမအစိုးရကို နှောက်နှေးသူများအဖြစ် ဖော်ပြရသည့်အ ကြောင်းရင်းကို နားလည်ရန် အကူအညီပေးမည်။ သူသည် အမှားအယွင်းအသစ်တစ်စုံတစ်ရာကို မလုပ်ဆောင်နိုင်စေသည်။ ဂျူးလူမျိုးများအသုံးပြုထားသော နည်းဗျူးဟာမှာ အလွန်ထူးခြားပြောင်မြောက်ပြီး သမိုင်းအ ထောက်အထားအရ နားလည်ရလွယ်ကူပါသည်။ ရောမလူတို့သည် ဥပုဒ်နေ့ကို မစောင့်ထိန်းသော ကြောင့် သေဒဏ်ပေးရန် စိတ်မဝင်စားကြပေ။ ယေရှုကို အပြစ်ပေးရန်အတွက် ဘုရင်အဖြစ် မိမိ ကိုယ်ကိုကြေငြာသည်ဟု အပြစ်ကိုရှာကြသည်။ ထို့ကြောင့် ရုံးတော်သို့ရောက်သောအခါ၊ ၎င်းသည် ဟေရုဒ်မင်း၏နန်းတော်ဖြစ်သည်။ ထိုနေရာတွင် တစ်ဦးနှင့်တစ်ဦး အထင်သေးမြင်သေးပြုနေကြ သည့် အဖွဲ့နှစ်ဖွဲ့ရှိပါသည်။ ဂျူးလူမျိုးများက ပိလတ်ကို အလိုရှိကြသည်။ သို့သော် အဆောက်အဦး ထဲသို့မဝင်ရောက်လိုကြပေ။ “တပါးအမျိုးသားတို့၏နေအိမ်သည် မသန့်ရှင်းသောအရာဖြစ်သည်” ဟူသောအချက်မှာ ဂျူးလူမျိုးများ၏ သွန်သင်ပေးချက်ဖြစ်ပါသည်။ ဂျူးလူမျိုးများကို မသန့်ရှင်းစေ သည့်အရာ သူတို့အထဲ၌ (အထူးသဖြင့် ရုတ်တုပုံများ) ရှိကောင်းရှိနိုင်သည်။ ဂျူးလူမျိုးများသည် သန့်ရှင်းခြင်းသို့ရောက်ရန် ခုနှစ်ရက်လုံးလုံး သီးခြားနေရပါသည်။ ပဿခါပွဲမတိုင်မှီ ထိုသို့လုပ် ဆောင်ရန် အဘယ်ဂျူးလူမျိုးမျှ အလိုမရှိပါ။ သို့ဖြစ်၍ ဘုရားလူတို့ကို ကိုယ်စားပြုထားသော လူတို့ သည် ၎င်းတို့၏သန့်ရှင်းခြင်းနှင့်ပတ်သက်၍ ဘုရားသားတော်သည် အသေခံနိုင်ဖို့ရန် ပိလတ်မင်း အိမ်တော်အပြင်ဘက်၌ စောင့်ဆိုင်းနေကြရပါသည်။ အခြေအနေမှာ ဆိုးသွင်းလှပါသည်။ ရှင်ယော ဟန်ကလည်း ထိုအကြောင်းကို သိနားလည်မည်မှာ ဧကန်မလွဲပေ။

ပိလတ်မင်းသည် ဤအချင်းအရာကို ကိုင်တွယ်ဖြေရှင်းလိုစိတ်မရှိ။ ထိုအကြောင်းအရာကို နောက် ဆုံးမြင်တွေ့သောအခါ ဂျူးလူမျိုးများအပေါ် မထီလေးစားမှုများကို မြင်တွေ့ရသည်။ ထိုအခြေအ နေ၌ အဓိကပြဿနာမှာ ယေရှု၏ဘုရင်ဖြစ်ခြင်းပင်ဖြစ်ပါသည်။ ယေရှုသည် ပိလတ်မင်းအား ရှင်း လင်းသောအဖြေကိုမပေး၊ ဆင်တူယိုးမှားကျမ်းစာ၌လည်း ထိုအဖြေမရှိ(မာကု ၁၅း ၂ ကို ဖတ်ပါ) ရှင်ယောဟန်ခရစ်ဝင်ကျမ်းထဲ၌လည်း မရှိပါ။ စကားလုံးများသည် မတူညီသောအဓိပယ်ဖြစ်စေနိုင် သော်လည်း ရှင်ယောဟန်ခရစ်ဝင်ကျမ်းတွင် အထူးသဖြင့် ယေရှုသည် မြေကြီးပေါ်တွင် ပေါ်ထွန်း သော ဘုရင်မဟုတ်ဘဲ သူသည် ခရစ်တော်၊ ဘုရင် မြေကြီးပေါ်သို့ ဘုရားသခင်စေလွှတ်သောသူ သာလျှင်ဖြစ်ပါသည်။ သူသည် တန်ခိုးကိုရှာဖို့ကြွလာသည်မဟုတ်၊ မြေကြီးပေါ်သို့ သမ္မာတရားကို ယူဆောင်လာဖို့ ကြွလာခြင်းဖြစ်ပါသည်။ အုပ်စိုးသောသူနှင့်တရားစီရင်သောသူဖြစ်သော်လည်း ပိလတ်မင်းသည် ဘဝရဲ့ တူညီသောမေးခွန်းကို ရင်ဆိုင်ရမည်။ လူတိုင်းကဲ့သို့ပင် သေခြင်းကိုလည်း ရင်ဆိုရပေမည်။ အသက်နှင့်သေခြင်း၊ မှောင်မိုက်နှင့်အလင်း၊ မျက်စိကန်းခြင်းနှင့် ဘုရားသခင်၏ သမ္မာတရားကို ရရှိခြင်းတို့ဖြစ်သည်။ သူက “သမ္မာတရားဟူသည်မှာ အဘယ်နည်း” ဟု မေးမြန်းပါ သည်။ ပိလတ်မင်းသည်၊ လူ့အလိုအလျောက်ဘွားသောသား၊ အသွေးအသားဖြင့်ဘွားသောသား မဟုတ်ဘဲ ဘုရားသခင်၏အလိုတော်နှင့်အညီဘွားသောသားများထဲတွင် တစ်ဦးအပါအဝင်” မဟုတ်ပါ။

သမ္မာတရားနှင့်ပတ်သက်ပြီး ပိလတ်စကားမှာ လက်ရှိတွင် အံ့သြစရာဖြစ်ပါသည်။ ထိုအချိန်ကာလ ၌ လူသားဘဝအသက်တာ၌ တိကျသေချာသောအဖြေမရှိဟု မှတ်ချက်ပြုထားသည့် အတွေးခေါ် ဆိုင်ရာအယူဝါဒရှိသည်။ ကမ္ဘာကြီးကို သံသယဖြင့်ကြည့်ရှုပြီး အချိန်ကာလ၏ထိန်းချုပ်မှုအောက်၌ မရှိသော သမ္မာတရား၏တည်ရှိခြင်းက လူတိုင်းအား ချုပ်နှောင်ခြင်းကို ငြင်းပယ်ထားပါသည်။

ခရစ်ယာန်ဘာသာကို အထူးစိန်ခေါ်သည့် အကြီးမားဆုံး အယူဝါဒကို ကျွနု်ပ်တို့အချိန်ကာလ၌ တွေ့ရသည်မှာ ဤအရာပင်ဖြစ်ပါသည်။ ၎င်းမှာ ခရစ်ယာန်ဘာသာ၏အုတ်မြစ်မှာ ဘုရားသခင်နှင့် ၎င်း၏ဧဝံဂေလိတရားသည် နောက်ဆုံးနှင့်အကျွမ်းမဲ့မှန်ကန်သောတရားဖြစ်သည်။ သို့ရာတွင် အ နောက်တိုင်းတို့၏ ယနေ့ခေတ်အတွေးအခေါ်မှာ ဤသမ္မာတရားများနှင့်ဆက်စပ်မှုရှိစေပါသည်။ မတူညီသောအုပ်စုများလက်ခံရယူထားသော သမ္မာတရားများစွာရှိပါသည်။ ထို့ကြောင့် နောက်ဆုံး တွင် ခရစ်ယာန်ပုံစံသစ်ကို တည်ဆောက်ပြီး ၎င်းသည် မှန်ကန်သည်၊ မှားယွင်းသည် နှင့် ၎င်းတွင် လူတိုင်းက မိမိဘုရားကို သွန်းလုပ်ကြသည်။ မိမိဘဝသွားရလမ်းကို ဖန်တီးကြသည်။ လှပသည့် ဘဝအလင်းတန်းနှင့်စိတ်ပိုင်းဆိုင်ရာအတွေ့အကြုံသည် အယူဝါဒကို အလေးထားသည့်နေရာကို ယူလာသည်။ ဤမျှတသောအရာသည် ခရစ်ယာန်ယုံကြည်ချက်အချက်အလက်တစ်ခုချင်းစီကို ဆက်ဆံမှုမဟုတ်ပါ။ သို့သော် အရင်းအမြစ်သာဖြစ်ပါသည်။ သို့သော် ဤအရာကို မည်သူက နား လည်သဘောပေါက်မည်နည်း။ လူ့ဇာတိခံယူသော ဘုရားသခင်၏သမ္မာတရားသည် သမ္မာတရား များစွာတို့၏အထက်တွင် ရှိပါသည်။

ယေရှုကို သေဒဏ်ချမှတ်သည်၊ ၁၈း ၃၈-၁၉း ၁၆

ပဿခါပွဲသည် ဂျူးလူမျိုးများအတွက် အင်မတန် အရေးကြီးသည့်ပွဲဖြစ်ပါသည်။ ထိုအရာ၏ အဓိက သော့ချက်မှာ ပဿခါစားသောက်ပွဲပင်ဖြစ်ပါသည်။ ထိုအစားအစာကို စားသောက်ဖို့ အခွင့်အရေးမ ရှိသောသူတို့ကို ခေါ်ဖိတ်ခြင်းသည် ကောင်းသည့်အလုပ်တစ်ခုဖြစ်ပါသည်။ ထိုအထဲတွင် အကျဉ်း သမားများလည်း ပါဝင်ပါသည်။ ဧဝံဂေလိတရားမှတပါး အကျဉ်းသမားများသည် ပဿခါပွဲ၌ အပြစ် ခွင့်လွှတ်ခြင်းရှိသည်ကို လုံးဝမသိရှိကြပေ။ ထို့ကြောင့် ဒုက္ခဝေဒနာခံစားရခြင်း၏အစိတ်အပိုင်းမှာ အခြားလူသိများသောအစိတ်အပိုင်းများနှင့်ဆက်စပ်မှုရှိပါသည်။

ဗာနဗနှင့်စပ်လျဉ်း၍ ယောဟန်က “ဒမြ” ဟူသော စကားလုံးကို အသုံးပြုထားသည်။ မာကုက ပုန် ကန်ထကြွခြင်းတွင် လူသတ်မှုကျူးလွန်သည်ဟု ဆိုသည်။ (မာကု ၁၅း ၇) ဤအချက်အလက်များ သည် ဆီလျော်မှုရှိပါသည်။ ဂျူးလူမျိုးတို့၏ ရှုထောင့်အရဆိုလျှင် တိုက်ခိုက်ဖို့အခွင့်ရှိသောသူသည် ရောမလူမျိုးတို့အမြင်၌ ဒမြ၊ ပြစ်မှုကျူးလွန်သူဟု သတ်မှတ်ရပါသည်။ ယောဟန်က ဗာနဗသည် ယေရှုကိုယ်စား လွတ်မြောက်သည်ဟူသောအချက်ကို ထည့်သွင်းရန် မေ့ကျန်ခဲ့သည်။ ပိလတ်မင်း က အခြေနေကိုဖြေရှင်းဖို့ ကိုယ်ပိုင်နည်းလမ်းကို အသုံးပြုထားသည်။ ယေရှုအပေါ် ကြာပွတ်နှင့် ရိုက်ခြင်းသည် ကျွနု်ပ်တို့နားမလည်နိုင်ပါ။ သိပ်မကြာတော့သည့် နာရီအနည်းငယ်တွင် ယေရှုလက် ဝါးကပ်တိုင်၌အသေခံထားရသည်မှာ ထိုအကျိုးပင်ဖြစ်ပေမည်။ ရိုက်နှက်ခြင်းများစွာ ခံရပြီးနောက် သွေးများယိုစီးလာပြီး ညနေချိန်အပူလှိုင်းက ယေရှုကို အလျှင်အမြန် ပျက်စီးစေသည်။

ကြာပွတ်နှင့်ရိုက်နှက်ခြင်းကို စစ်သားများ၏စိတ်ပျက်ဖွယ် ပြက်ရယ်ပြုခြင်းဖြင့် အဆုံးသတ်သည်။ အလွန်တန်ဖိုးရှိပြီး မြတ်ဝတ်ရုံကို အပိုင်းပိုင်းဖြတ်သည်။ ဆူးရစ်သရဖူကို ဖန်တီးထားပါသည်။ ပါလက်စတိုင်း၌ အမှုထမ်းသောစစ်သားများသည် အဓိကအားဖြင့် ရှုရိပြည်၌ စာရင်းသွင်းထားပါ သည်။ သူတို့သည် ဂျူးလူမျိုးတို့၏ ရန်သူအစစ်အမှန်များဖြစ်ကြပါသည်။ ဤသူတို့က ယုဒရှင်ဘုရင် ကို လူတို့က ရရှိသောအခါ ၎င်းတို့၏ တိတ်တဆိတ်ကြည့်နေခြင်းသည် လူ့သဘာဝ၌ ပို၍ဆိုးရွား သောအရာကို ဆောင်ယူလာပါသည်။

ယောဟန်၏ရေတွက်ခြင်းက ပိလတ်သည် ယေရှုကို လွတ်မြောက်စေရန် ကြာပတ်နှင့်ရိုက်ခြင်း၊ လှောင်ပြောင်ခြင်းတို့ကို အသုံးပြုထားကြောင်း ဖိနှိပ်မှုတစ်ခုကို ပေးထားပါသည်။ ယခုတွင် အားလုံး မြင်နိုင်အောင် ယေရှုကို ခေါ်ဆောင်လာသည်။ ဒါဆိုရင် ဤသူသည် သူသည် လူတိုင်းအတွက် လုံးဝအန္တရယ်မဖြစ်နိုင်တော့ဘူးလား။ နှိပ်စက်ခြင်းခံရှင်ဘုရင်ကို မိမိလူတို့နှင့် ရင်ဆိုင်တွေ့နေရပါ သည်။ ယခုတွင်သာ စစ်မှန်သော စွပ်စွဲမှုကို ပိလတ်မင်းကြားရသည်။ ဤသူသည် မိမိကိုယ်ကို ဘုရားသားဟု သမုတ်သည်။ ကြောက်ရွံ့စရာကောင်းလှသည်။ သူက ယေရှုအား အဖြစ်မှန်ကို မေး မြန်းသော်လည်း အဖြေမရခဲ့ပေ။ ပိလတ်မင်းကို မည်သည့်အရာကမျှ အကူအညီမပေးနိုင်ပေ။ ခက်ခဲသည့်အခြေအနေထဲသို့ မိမိကိုယ်ကို တွန်းပို့ထားပါသည်။ လူအများစုဝေးရာရုံး၌ မိမိကိုယ်ကို ရှင်ဘုရင်ဖြစ်ရန် ကြိုးစားအားထုတ်နေသောသူကို လွှတ်ရန် မတတ်နိုင်တော့ပေ။ ဂျူးလူမျိုးတို့သည် ၎င်းတို့၏မေရှိယကို ငြင်းပယ်ခဲ့ကြသည်။ ယေရှုကိုယ်စား သူတို့မုန်းတီးသောသူကို တန်ခိုးရှိသူအ ဖြစ် ရွေးချယ်ကြသည်။ သို့ဖြစ်၍ သမိုင်းမှာ တရားမျှတမှုအမှားအယွင်းကြီးတစ်ခုဖြစ်ပျက်ခဲ့ပါသည်။

မာကု (၁၅း ၂၅) အရ၊ ယေရှုသည် သုံးချက်တီးအချိန်၌ လက်ဝါးကပ်တိုင်ပေါ်တွင် အသေသတ် ခြင်းကို ခံရသည်။ ကျွနု်ပ်တို့အနေဖြင့် မနက် ၉ နာရီ အချိန်လောက်ဖြစ်နိုင်သည်။ ယောဟန်၏အ အဆိုအရ၊ ခြောက်ချက်တီးအချိန် (မွန်းလွဲပိုင်း) ဖြစ်သည်။ ဧဝံဂေလိဆရာနှစ်ပါးကြားခြားနားမှုလေး က ဒုက္ခဝေဒနာခံစားရခြင်းအကြောင်း ရေးသားသူတိုင်းက ၎င်းတို့၏အရင်းအမြစ်ကိုယ်စီရှိကြပြီး ၎င်းတို့အရင်က ရေးသားသူတို့ကို ကိုးကားရေးသားကြခြင်းမရှိကြောင်းကို ထင်သာမြင်သာဖြစ်စေပါ သည်။

ယေရှုသည် လက်ဝါးကပ်တိုင်ပေါ် အသေခံသည်။ ၁၉း ၁၆- ၂၇

ရိုးစင်းသည့် စာကြောင်းအနည်းငယ်ထဲ၌ ယောဟန်က ဂေါသဂေါလသို့ ယေရှုသွားရာလမ်းအ ကြောင်းနှင့်အသေခံခြင်းအကြောင်းကို ရေးသားသည်။ သူအထင်သေးမြင်သေးဖြစ်သော ယုဒ ခေါင်းဆောင်များ၏ကြီးမားသည့်တုန့်ပြန်မှုတွင် ပိလတ်သည် လက်ဝါးကပ်တိုင်၌ ဖော်ပြချက်တစ်ခု ကို လုပ်ဆောင်ခဲ့သည်။ ၎င်းမှာ “ယုဒလူမျိုးတို့၏ ရှင်ဘုရင်” ဟူသော စာတန်းဖြစ်သည်။ ယင်းမှာ သေစေသောပြစ်ဒဏ်ဖြစ်ပါသည်။ ထိုနေရာကို ဖြတ်သန်းသွားလာသူများသည် နိုင်ငံကို အမှန်တ ကယ် အုပ်စိုးနေသူမှာ မည်သူဖြစ်ကြောင်းကို သတိရစေသည်။ ယုဒလူမျိုးတို့က “ငါသည် ယုဒရှင် ဘုရင်ဖြစ်သည်” ဟူသော စာတန်းကို ပို၍ သဘောကျကြသည်။ သို့သော် ပိလတ်မင်းက ယုဒရှင် ဘုရင်၌ဖြစ်ပျက်သောအရာသည် ယုဒရှင်ဘုရင်အားလုံးတွင် ဖြစ်ပျက်ရမည်ကို ရှင်းလင်းစွာ သိစေ လိုသောကြောင့်ဖြစ်ပါသည်။

လက်ဝါးကပ်တိုင်တွင် စာတန်၏တန်ခိုးက အနိုင်ရသည်ဟု ထင်ရသည်။ သားတော်သည် လက်ဝါး ကပ်တိုင်ပေါ်တွင် ရိုက်ထားခြင်းကို ခံရသောကြောင့် အဝတ်အစားလည်း မလိုအပ်တော့ပေ။ သူတို့က အပိုင်းပိုင်းဖြတ်၍ သူ့ရှေ့မှာပင် စာရေးတံချကြသည်။ သို့ရာတွင် ထိုသို့ပြုခြင်းသည် ပြစ် မှားစော်ကြားခြင်းဖြစ်သည်။ ထို့အရာက ဖြစ်ပျက်သမျှသည် ဘုရားသခင်၏အလိုတော်နှင့်အညီ ဖြစ် ပျက်နေကြောင်းကို ထင်ရှားစေပါသည်။ ဆာလံ ၂၂း ၁၈ သည် ပြည့်စုံလာပြီ။ ဆိုလိုသည်မှာ ် ဆာလံ ၂၂ သည် ပြည့်စုံလာတော့မည်ဖြစ်သည်။

လက်ဝါးကပ်တိုင်နား၌ ရပ်နေသောသူသည် သက်သေဖြစ်သည်။ ယေရှု၏အချစ်ရဆုံး တပည့်တော် များဖြစ်ကြသည်။ ယေရှုက သူ့အမေကို စောင့်ရှောက်ရန် သူ့လက်ထဲအပ်လိုက်သည်။ သူသည် ယေရှု၏ ဝမ်းကွဲဖြစ်သောကြောင့်လား။ တကယ်တော့ မဿဲ ၂ရး ၅၆ က ဇေဗေသဲ၏သားသည် လက်ဝါးကပ်တိုင်၌ရှိနေသည်ဟုဆိုသည်။ ယောဟန်က ယေရှုမယ်တော်၏အစ်မသည် မိန်းမအ နည်းငယ်တို့ကြားတွင် ရှိနေသည်ဟုဆိုသည်။ (၁၉း ၂၅) မည်သို့သော အကြောင်းအရာဖြစ်နေပါ စေ ခရစ်ဝင်ကျမ်းလေးခုစလုံးသည် ခိုင်မာသော ခရစ်ယာန်ထုံးတမ်းဓလေ့ပေါ်တွင် အခြေပြုထားပါ သည်။

ယေရှုအသေခံတော်မူသည်။ ၁၉း ၂၈- ၃၇

ယောဟန်သည် အဆုံးထိတိုင်အောင် ရေးသားသည်။ မှောင်မိုက်အကြောင်း သို့မဟုတ် ယေရှု၏ ငိုကြွေးမြည်တမ်းခြင်းအကြောင်း သို့မဟုတ် အသက်ကိုညစ်ပြီးဆုတောင်းခြင်းတို့ကို မပြောပြပါ။ သို့ ရာတွင် ယေရှုသည် လူသားအသွင်ဖြင့် အမှန်တကယ် ဝေဒနာခံစားနေရပါသည်။ အချို့သောလူတို့ က ယောဟန်၏အချိန်ကာလ၌ သွန်သင်ထားသကဲ့သို့ ဝိညာဉ်ရေးရာ၌ မသက်ဆိုင်သည်တော့ မဟုတ်ပါ။ လက်ဝါးကပ်တိုင်၌ အသေခံသောသူသည် ရှင်ဘုရင်ဖြစ်သည်။ ထိုဒုက္ခဝေဒနာခံစားရ ချိန်တွင် သူ့တန်ခိုးများ ပျောက်ကွယ်သွားသည်တော့မဟုတ်ပါ။ ခမည်းတော်ပေးထားသော သာသနာသည် အဆုံးသို့ရောက်သောအခါ ယေရှုသည် သူ့အသက်ကို ပေးထားသည်။

မောရှေ၏ပညတ်တရားခေတ်တွင် သစ်တိုင်ပေါ် ဆွဲထားခြင်းခံရသောသူကို နေမဝင်ခင် သဂြိုၤရပါ သည်။ ဘုရားသခင်၏ကျိန်ခြင်းနှင့်မိသောသူဖြစ်၍ မြေကို မစင်မကြယ်ဖြစ်စေသည်။ ယုဒလူတို့က အလောင်းကို မြေသို့ချရန်တောင်းဆိုကြသောအခါ လက်ဝါးကပ်တိုင်၌ ဝေဒနာခံစားနေရသည်ကို မကြည့်ရက်သောကြောင့်မဟုတ်၊ ပဿခါပွဲကို မစင်မကြယ်ဖြင့် ကျင်းပရကြမည်ဖြစ်သောကြောင့် ပေတည်း။ ဤအခြေအနေ၌ လက်ဝါးကပ်တိုင်ပေါ်တင်ခြင်း၊ ခြေလက်ချိုးခြင်း၊ အတွင်းပိုင်းအသွေး ထွက်ခြင်းနှင့်လျှင်များစွာသေခြင်းတို့သည် တုန်လှုပ်ခြောက်ခြားဖွယ်ဖြစ်ပါသည်။

ယေရှုထံသို့လာသောအခါ သူတို့ထမ်းနေသော လေးသောဝန်အတွက် ပေးဆပ်ရလေ့ရှိသောအရာ အတွက် နောက်ထပ်ပေးဆပ်စရာမလိုတော့သည်ကို လက်ဝါးကပ်တိုင်ကို ငေးကြည့်မိခြင်းအားဖြင့် သိမှတ်ရန်လိုအပ်ပါသည်။ ယုဒရှင်ဘုရင်သည် လူသားများ သေနိုင်သည်အတိုင်း အသေခံခဲ့သည်။ သူ၏အသေခံခြင်းသည် လှံတံထိုးခြင်းအားဖြင့် ဖြစ်သည်။ အသွေးနှင့်ရေသည် နံဘေး၌ ထွက်လာ ခဲ့သည်။ ဆယ်စုနှစ်ခန့် အငြင်းပွါးမှုဖြစ်ပြီးနောက် လူတစ်ဦးသည် ခဏလေးအတွင်း သေနိုင်ခြင်းရှိ မရှိကို ဆရာဝန်များက သဘောတူညီမှုရရှိကြသည်။

အသွေးနှင့်ရေသည် ယေရှုနံဘေးမှထွက်လာသည်ဟုဆိုကြသောအခါ ယောဟန်သည် မည်သည့် အရာကို ဆိုလိုသနည်း။ ဖြေရှင်းချက် ကောင်းကောင်းမရှိပါ။ အသက်စမ်းရေသည် သူ့ထံက ထွက် လာသည်ဟု ဆိုလိုခြင်းဖြစ်နိုင်ပါသည်။ (ရး ၃၈) ရေကိုအသုံးပြုထားသော ဗတ္တိဇံကို ရည်ညွှန်းလို သည်လည်းဖြစ်နိုင်ပါသည်။ အသွေးနှင့်ဆက်နွယ်မှုရှိသော ပွဲတော်မင်္ဂလာလည်းဖြစ်နိုင်ပါသည်။ လက်ဝါးကပ်တိုင်နားတွင် ရပ်လျက်ရှိကြသော သက်သေများကို တွန်းအားပေးသည့် သာမန်ထက် ထူးကဲ့သော အဖြစ်အပျက်အကြောင်းကို ပြောခြင်းလည်း ဖြစ်နိုင်ပါသည်။ ဤသက်သေသည် တနည်းအားဖြင့် ရှင်ယောဟန်ခရစ်ဝင်ကျမ်း နောက်ကွယ်တွင်ရှိပါသည်။

ယေရှုသည် သူ့အသက်ကိုပေးသည်။ သူသေခါနီးအချိန်တွင် ဘုရားသခင်၏အလိုတော်နှင့်အညီ ရှိသမျှဖြစ်ပျက်နေကြောင်းကို ပြသသည့် အရာတစ်ခုဖြစ်ပျက်နေသည်။ လှံတံနှင့်ထိုးလိုက်သော အခါ သံမှိုထဲက ဒဏ်ရာသည် ဇာခရိ ၁၂း ၁၀ ကို ပြည့်စုံစေသည်။ အခြားအရာတစ်ခုမှာ သမ္မာကျမ်းစာသည် ယောဟန်အတွက် အလွန်အရေးကြီးသည့် ခေါင်းစဉ်နှင့်ဆက်စပ်နေပါသည်။ ယေရှုသည် ဘုရားသခင်တည်ထောင်ထားသော ပဿခါသိုးသူငယ်ဖြစ်ပါသည်။ ယုဒပဿခါပွဲကဲ့ သို့ပင် (ထွက် ၁၂) ကျွန်များကိုလွတ်မြောက်ခွင့်ပေးထားသည်။ ထိုနည်းတူ ကျွနု်ပ်တို့အပြစ်ကြောင့် ပေးဆပ်ခဲ့ရသော ဘုရားသခင်၏သိုးသူငယ်သည် အမှောင်မှအလင်းဆီသို့ အပြစ်သားများကို ခေါ် ဆောင်သွားပါသည်။

ယေရှုသည် သြင်္ဂိုလ်ခြင်းကို ခံရသည်။ ၁၉း ၃၈-၄၂

အာရိမာထေရယောသပ်က ယေရှုကို သြင်္ဂိုလ်ထားကြောင်း ခရစ်ဝင်ကျမ်းအားလုံးက ဖော်ပြကြပါ သည်။ ယောဟန်က ညအချိန်၌ သူချစ်သောသူသည် ယေရှုကိုတွေ့ရန် လာသည်ကို ထပ်လောင်း ဖော်ပြထားပါသည်။ သို့ရာတွင် နောက်ပိုင်း၌ သူသည် ယေရှုကို ကောင်စီအစည်းအဝေး၌ ခုခံကာ ကွယ်ပေးရန် သတ္တိရှိလာသည်။ သူတို့သည် လျှင်လျှင်မြန်မြန်လှုပ်ဆောင်ကြပါသည်။ ယုဒလူတို့ သည် အလောင်းကို ဆေးကြောရန်လေ့ရှိကြသည်။ သို့သော် ထိုအကြောင်းကို ခရစ်ဝင်ကျမ်းတစ်ခု ကမျှ ရေးသားထားခြင်းမရှိပါ။ လူတစ်ဦးက ၃၀ ကီလို တန်ဖိုးရှိသည့် နံ့သာမွှေးကို အသုံးပြုထား သည်ဟုသာ ဆိုသည်။ ယေရှုသည် မြင့်မြင့်မြတ်မြတ် သြင်္ဂိုလ်ခြင်းကို မခံရပါ။