ယောဟန် ၅ ၊ ခမည်းတော်နှင့်သားတော်သည် တလုံးတဝတည်းဖြစ်သည်။
ယေရှုသည် ဥပုသ်နေ့၌ပင် အနာငြိမ်းစေသည်။ ၅း ၁-၁၈
ဗေသေသဒရေအိုင်နားတွင် မတူညီသောရောဂါအမျိုးအစားနှင့်ခြေမစွမ်းသူ လူမြောက်များစွာရှိကြ ပါသည်။ ယေရှု၏အချိန်ကာလတွင် မိသားစုက ကောင်းစွာ မစောင့်ထိန်းနိုင်ကြလျှင် ဤသို့သောလူ များစွာတို့သည် စိတ်ပျက်ဖွယ်ရာများနှင့်ရင်ဆိုင်ကြုံတွေ့နေကြသည်။
အနာငြိမ်းစေသည့်အံ့သြဘွယ်ရာအကြောင်းကို အကျဉ်းချုံး၍ ရှင်းလင်းစွာ ပြောဆိုသည်။ ယောဟန်သည် ဤအချိန်ကာလတွင် ဤအရာကို ရည်ညွှန်းပြောဆိုထားခြင်းမရှိသော်လည်း ခြေမ စွမ်းသူတို့၏ အံ့ဘွယ် ကျန်းမာခြင်းသည် ဟေရှာယ ၃၅း ၆ နှင့်ဆက်စပ်မှုရှိပါသည်။ “ထို့နောက် ခြေမစွမ်းသောသူသည် သမင်ငယ်အလား ခုန်ပေါက်နေမည်။” ဘုရားသခင်က တချိန်တွင် ကယ် တင်ခြင်းနှင့်သက်ဆိုင်သောအရာ ရောက်လာမည်အကြောင်း ကတိပြုထားသည်။ ထို့နောက် မျက်စိကန်းသောသူ မြင်ရမည်။ နားကန်းသောသူ ကြားရမည်။ ခြေမစွမ်းသောသူ လွတ်မြောက်ခြင်း ရလိမ့်မည်။ ၃၈ နှစ်တိုင်အောင် နာမကျန်းဖြစ်သော လူတစ်ဦးသည် အိပ်ယာကိုသယ်ဆောင်လျက် လမ်းလျှောက်သည်။ ဘုရားသခင်၏ ကြီးမားသော ကတိတော်သည် အမှန်တကယ် ပြည့်စုံလာ သည်ကို ပြသပါသည်။
သို့ရာတွင် ယေရှုသည် ဤအမှုကိုပြုသောအခါ ဖာရိရှဲတို့သာသိသော လှို့ဝှက်သောအရာကို ပြစ် တင်ရှုတ်ချသည်။ အနာငြိမ်းသည့်နေ့ရက်သည် ဥပုသ်နေ့ဖြစ်ပြီး ပညတ်တော်အရ ထိုနေ့ရက်၌ လုပ်ဆောင်ရမည့် မည်သည့်အရာရှိနေစေကာမူ တားမြစ်ထားရမည်။ ဆင်တူယိုးမှား ပုံဝတ္ထုများနှင့် မတူဘဲ ဤနေရာတွင် ယေရှုသည် ဤလူအား အိမ်သို့သွားရန်လည်းမပြောပါ။ အိပ်ယာကိုဆောင် လျက် လမ်းလျှောက်ပါဟုသာ ဆိုသည်။ ယေရှုသည် ကောင်းမွန်သည့်သွန်သင်ချက်များကို ရည် ရွယ်ချက်ရှိရှိ ဆန့်ကျင်သည့်သဘောကိုတွေ့ရသည်။ ဖာရိရှဲတို့၏အမျက်ကို ပို၍ နှိုးဆော်ပေးထား ပါသည်။
ယေရှုပြုမူသော လုပ်ဆောင်ချက်နည်းလမ်းများက အမျက်ကို ဆွလေသည်။ ဘုရားသခင်သည် နေ့ရက်စဉ်တိုင်း၊ ဆက်လက်၍ အလုပ်လုပ်နေသည်။ ဘုရားသခင်၏သားတော်သည်လည်း ထိုနည်းအတိုင်း မြေကြီးပေါ်တွင် လုပ်ဆောင်နေသည်။ ဥပုသ်နေ့အမိန့်တော်က ဘုရားသခင်ကို မချည်နှောင်သကဲ့သို့ ယေရှုကိုလည်း မချည်နှောင်ပါ။ ဤသို့သွန်သင်ပြီးနောက် ယုဒလူတို့က ယေရှုကိုသတ်လိုသည့် မျက်စောင်းသည် ရှင်ယောဟန်ခရစ်ဝင်ကျမ်း၌ ပထမဆုံး မြင်တွေ့ရပါ သည်။
ခမည်းတော်နှင့်သားတော်သည် တလုံးတဝတည်းဖြစ်သည်။ ၅း ၁၉-၂၃
ရှင်ယောဟန် ခရစ်ဝင်ကျမ်းအတွက် ဥပမာဆန်သောလုပ်ဆောင်ချက်တွင် အခန်းကြီးသည် ယေရှု ၏ရည်လျားသောစကားပြောဆိုမှုကို ဆက်လျက်တင်ပြထားသည်။ သူနှင့်ယုဒလူမျိုးတို့ကြား ပုံမှန် စကားပြောဆိုမှုမျိုးမဟုတ်ပါ။ ပထမစကားမှာ စကားပြောဆိုမှုရိုင်းစိုင်းသော ယုဒလူမျိုးတို့အား စကားအဓိပယ်ကို ရှင်းပြခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ယေရှုသည် ဘုရားသခင်နှင့်တလုံးတ၀ တည်းဖြစ်သည်ဟူသော အကြောင်းဖြစ်ပါသည်။ ယေရှု၏လုပ်ဆောင်ချက်နှင့်သက်ဆိုင်သော အခြေခံသဘောတရားမှာ သူသည် ဘုရားသခင်၏သားတော်ဖြစ်သည်ဟူ၍လည်းကောင်း၊ ခမည်း တော်သည် သူ့အား အခွင့်အာဏာအပ်နှင်းထားသည်ဟူ၍လည်းကောင်းဖြစ်ပါသည်။ သားတော် သည် ခမည်းတော်၏လုပ်ဆောင်ချက်ဟူသမျှကို လေ့လာသုံးသပ်ပြီး သူကိုယ်တိုင်သည်လည်း ထိုနည်းအတိုင်းပြုပါသည်။ သူသည် လူတို့ကို တရားမစီရင်၊ တနည်းအားဖြင့် ခမည်းတော်သည် သားတော်အား တရားမျှသရေးနှင့်ဆိုင်သောတန်ခိုးကိုပေးထားသည်။ ဘုရားသခင်၏အလိုတော် မှာ သားတော်ကို ခမည်းတော်ကဲ့သို့ ရိုသေလေးစားရန်ဖြစ်ပါသည်။ သားတော်ကို ရိုသေသောသူ သည် ခမည်းတော်ကို ရိုသေသမှုပြုသည်။ ယောဟန်ခရစ်ဝင်ကျမ်းက ခရစ်ယာန်သတင်းစကားကို ရှင်းရှင်းလင်းလင်း မိန့်ဆိုထားသည်။ ရှင်းလင်းချက်ပြုရာတွင် မဟာစေခိုင်းချက်ဖြင့် အစပြုထားပြီး အသေးစိတ် ဖော်ပြထားပါသည်။
“ကောင်းကင်ဘုံ၌၎င်း၊ မြေကြီးပေါ်၌၎င်း စီရင်ပိုင်သောအခွင့်ရှိသမျှတို့ကို ငါခံရပြီ။”
(မဿဲ ၂၈း ၁၈)
သားတော်သည် တရားစီရင်ပိုင်ခွင့်ရှိသည်။ ၅း ၂၄-၂၉။
ဘုရားသခင်သည် အကြောင်းပြချက်မရှိဘဲ သားတော်အား အခွင့်အာဏာကို အပ်နှင်းမည်မဟုတ်။ ရှိသမျှတွင် ရှင်းလင်းသောသဘောကိုတွေ့ရသည်။ ထိုအကြောင်းကို ယောဟန် ၃း ၁၆ တွင် ဘုရားသခင်က အတိုချုံးဖော်ပြထားပါသည်။ ဘုရားသခင်ပေးထားသော အခွင့်အာဏာ၏ပန်းတိုင် မှာ လူတို့အား တရားစီရင်ခြင်းနှင့်သေခြင်းတရားမှာ လွတ်မြောက်ခြင်းနှင့်အသက်ရှင်ခြင်းဆီသို့ ကူး ပြောင်းစေရန်ဖြစ်ပါသည်။
တရားစီရင်ခြင်းသည် နည်းလမ်းနှစ်မျိုးဖြင့်ဖြစ်ပျက်ခဲ့ကြောင်း ရှင်ယောဟန်ခရစ်ဝင်အတွက် သာဓကတစ်ခုဖြစ်ပါသည်။ နောက်ဆုံးသောကာလတွင် ဖြစ်ပျက်သည်။ သို့ရာတွင် ၎င်းသည် ယေရှုစကားကိုကြားသောအခါ ဖြစ်ပျက်နှင့်ပြီးဖြစ်သည်။ ယောဟန်သည် နောက်ဆုံးသောတရား စီရင်ခြင်းအကြောင်းကို စကားအနည်းငယ်ဖြင့် ပြောဆိုသည်။ သို့ရာတွင် အခြားသောကျမ်းစာများ ၌ ဤခရစ်ဝင်ကျမ်းတွင် မိမိကိုယ်ကို ထင်ရှားစေသည်။ သင်္ချိုင်းတွင်း၌နေသောသူတိုင်းက ကြီးစွာ သောတရားစီရင်ခြင်းအသံကြားရမည်အချိန်ရှိမည်။ ကောင်းသောအရာကိုလုပ်ဆောင်ပြီးစီးသော သူများသည် ထာဝရပျော်ရွှင်ခြင်းကို ရရှိ၍ မကောင်းသောအမှုကို ပြုသောသူများသည် ထာဝရ ပြစ်ဒဏ်ကိုခံရမည်ဖြစ်သည်။ ဤအရာအတွက် သေချာသောနောက်ခံသမိုင်းမှာ ဒံယေလ၏ကြီးမားသောရူပါရုံဖြစ်ပါသည်။ (ဒံ ယေလံ ရး ၁၃၊ ၁၂း ၁-၃) တရားစီရင်ခြင်းသည် “သားတော်ကဲ့သို့ဖြစ်သည်။” ထို့ကြောင့် လူတစ်ဦး ကဲ့သို့ဖြစ်သည်။ လူတို့သည် “လူသား” ကြွလာပြီး တရားစီရင်ရန် မြော်လင့်ကြသည်ဟူသော ဤစကားလုံးများကြောင့်ဖြစ်ပါသည်။ ယေရှုသည် ဘုရားသားတော်ဖြစ်သော သူ့ကို “လူသား” ဟု ကြိုတင်နိမိတ်ဖတ်ကြပြီး လူသားကို တရားစီရင်ရန် ကြွေးကြော်ထားသည်။
အခြားပုံဆောင်ချက်တစ်ခုမှာ တရားစီရင်ခြင်းသည် နောက်ဆုံးသောကာလတွင် မဖြစ်ပျက်ဟူသော အယူအဆဖြစ်ပါသည်။ ခမည်းတော်သည် သားတော်အား အခွင့်အာဏာကိုမပေးပါ။ ထို့ကြောင့် ကျွန်တော်တို့သည် နောက်ဆုံးသောတရားစီရင်ခြင်းတိုင်အောင် တရားစီရင်ခြင်း သို့မဟုတ် ရွေးနှုတ်ခြင်းအတွက် စောင့်နေစရာမလိုအပ်ပါ။ သို့သော် သားတော်၏အသံကို သေသောသူများ က ကြားပြီး အသက်ရှင်ရန်မှာ ဖြစ်ပျက်နှင့်ပြီးဖြစ်ပါသည်။ ကျွန်တော်တို့၏နောက်ဆုံးပန်းတိုင်ကို ခရစ်တော်နှင့်ကျွန်တော်တို့၏ဆက်နွယ်မှုပေါ်မူတည်၍ ယခုချိန်၌ ဆုံးဖြတ်ပြီးသားဖြစ်ပါသည်။ ကျွန်တော်တို့သည် ခရစ်တော်နှင့်အတူရှိနေလျှင် သေခြင်းမရှိ၊ ထာဝရအသက်ရှိသည်။ ခရစ်တော် နှင့်အတူရှိမနေလျှင် အသက်မရှိ၊ သေခြင်းတရားသာရှိပါသည်။
ယေရှုက သမ္မာတရားမိန့််မူကြောင်း မည်သည့်အထောက်အထားရှိသနည်း။ ၅း ၃၀-၄၅
ယေရှုစကားသည် ယုဒလူမျိုးတို့အတွက် အံ့သြစရာကောင်းသည်မှာ ထင်ရှားသည်။ ခရစ်တော်က သမ္မာတရားမိန့်ဆိုကြောင်းကို အဘယ်သို့သိနိုင်သနည်း။ ထိုအကြောင်းနှင့်ပတ်သက်ပြီး သက်သေ ပြချက်နှင့်မျက်မြင်သက်သေများစွာရှိပါသည်။
၁။ ဗတ္တိဇံဆရာယောဟန်သည် အခန်း တစ်နှင့်သုံးတွင် ဆိုသည်အတိုင်း ယေရှုအကြောင်းကို သက် သေခံသည်။
၂။ ယေရှုကို ဘုရားသခင်စေလွှတ်ကြောင်း ပြသောနိမိတ်များက ထင်ရှားစေသည်။ ဟေရှာယ ၃၅ ကို နောက်ခံသမိုင်းကြောင်းအဖြစ် ဆင်ခြင်ရန်လိုအပ်ပါသည်။
၃။ ဘုရားသခင်ကိုယ်တိုင်က မိမိအကြောင်းကို ကျွန်တော်တို့ပြောဆိုခဲ့သည်အတိုင်း ဓမ္မဟောင်း ကျမ်းတွင် သက်သေခံပါသည်။
ဤသက်သေခံချက်သုံးခုသည် ယေရှု၏အခွင့်အာဏာရရှိခြင်းကို သိရှိပြီး ယုံကြည်လက်ခံရန် ခိုင်မာ သောအကြောင်းပြချက်ဖြစ်ပေမည်။ သို့ရာတွင် ယုဒလူမျိုးများက လက်မခံကြပေ။ ၎င်းမှာ သူတို့သည် ထာဝရအသက်ကို လက်ခံရရှိခြင်းမရှိသည့် အကြောင်းပြချက်ဖြစ်ပါသည်။
သက်သေသုံးပါးအကြောင်း၊
-ယောဟန်သည် ထူးခြားသည့်အဆင့်အတန်းတွင်ရှိသည်ကို ခရစ်ဝင်ကျမ်းများတွင် တွေ့ရသည်။
-ယေရှုပြတော်မူသောအံ့သြစရာများက တစ်ဦးချင်းစီကို ကျန်းမာစေခြင်း သို့မဟုတ် ကြည့်ရှုသူများ မှာ စွဲမက်ဖွယ်ခံစားချက်ထက် ပို၍အဓိပါယ်ရှိသည်။ သူတို့သည် ယေရှုက သူဖြစ်သည်ဟု မိန့်တော် မူသည်အတိုင်းဖြစ်သည်ကို ဖော်ပြသည့် ထောက်ခံချက်အတွက် ရပ်တည်ပေးကြသည်။ ကိုယ်စား ပြုကြပါသည်။
-တတိယသက်သေခံချက်မှာ အလွန်အရေးကြီးပါသည်။ ဘုရားသခင်သည် ယေရှုအကြောင်းကို ဓမ္မဟောင်းကျမ်းထဲ၌ သက်သေခံပါသည်။ ၎င်းမှာ ယေရှုနှင့်တမန်တော်များက ဓမ္မဟောင်းကျမ်း ကို ဖတ်ရှုခဲ့ကြသည့်အကြောင်းရင်းဖြစ်ပါသည်။ ယုဒလူတို့က မောရှေရေးသားစီရင်သောစာအုပ် များ(ကမ္ဘာဦးမှတရားဟောရာကျမ်းအထိ) တွင် သူ့ကို မတွေ့နိုင်ကြသည်ကို သတိပြုပါ။ ကနဦး အသင်းတော်က ကျမ်းစာတစ်ခုလုံးကို နားလည်ရန် အဓိကကျသောသော့ချက်တစ်ခုအဖြစ် ခရစ် တော်ကို ဦးထိပ်ထားကြပါသည်။
အပိုဒ်ငယ် ၃၇-၄၀ ကို ဖတ်ရှုသောအခါ ခမည်းတော်၏သက်သေခံချက်နှင့်ကျမ်းစာ စကားလုံးများ သည် တူညီကြောင်း(ဓမ္မဟောင်းကျမ်း) ကို နားလည်နိုင်ပါသည်။ ကျွန်တော်တို့အသင်းတော်က သန့်ရှင်းသောဝိညာဉ်တော်သည် တမန်တော်နှင့်ပရောဖက်များဖြင့် စကားပြောသည်ကို နားလည် ထားကြသည်။ သမ္မာကျမ်းစာတစ်ခုလုံးကို ဘုရားနှုတ်ကပတ်တော်အဖြစ် ဆင်ခြင်ရနိုင်သည့်နည်း လမ်းဖြစ်ပါသည်။ ဤအရာကို ငြင်းဆိုသမျှသောသူတို့သည် သမ္မာတရားထဲက လွှဲသွားကြပါသည်။