ရှင်ယောဟန် ၉ - မျက်စိကန်းသောသူကား မည်သူဖြစ်သတည်း။
အခန်းကိုးက ကျွန်တော်တို့နှင့်ရင်းနှီးကျွမ်းဝင်မှုရှိသော တည်ဆောက်မှုကို လိုက်သည်။ ယောဟန် က အံ့သြစရာနိမိတ်အကြောင်းကို ဦးစားပေးပြောသည်။ ၎င်းသည် ဆင်တူယိုးမှာကျမ်းစာများကဲ့သို့ မဟုတ်။ ဆက်လက်ဖြစ်ပျက်နေသော တင်ပြချက်နှင့်ချက်ချင်းကြီး ဆက်လက်ပြောဆိုခြင်းမဟုတ်။ သူက အဖြစ်အပျက်၏ဝိညာဉ်ရေးရာအဓိပယ်ကိုသာ ရှင်းပြသည်။ ယေရှုပြောဆိုထားသည့် လက်ရှိ နိမိတ်သည် မျက်စိကန်းသောသူကို မြင်စေခြင်းဖြစ်သည်။ ကျန်ရှိသောအခန်းများသည် ဝိညာဉ်ရေး ရာအမှောင်ကျခြင်းနှင့်ဆက်စပ်မှုရှိပါသည်။
မည်သူ့ကို အပြစ်တင်ရမည်နည်း။ ၉း ၁-၇
ယုဒအများ၏အယူအဆမှာ နာမကျန်းဖြစ်ခြင်းနှင့်ကံမကောင်းခြင်းကိုဖြစ်စေသောအရာမှာ အပြစ် ဖြစ်သည်ဟုယူဆကြသည်။ ထိုအပြစ်ကို ဘုရားသခင်က ဒဏ်ခတ်သည်။ ဤရှုထောင့်အားဖြင့် ကြည့်မည်ဆိုလျှင် အမိဝမ်းထဲကပင် မျက်စိကန်းလျက်မွေးလာသောသူတို့သည် ဓမ္မပညာဆိုင်ရာ ငြင်းခုံခြင်းများရှိပါသည်။ ဒုက္ခဝေဒနာခံစားနေရသောသူတို့သည် မိမိအပြစ်ကြောင့် လည်းကောင်း၊ အခြားသူတစ်ဦးဦး၏အပြစ်ကြောင့်လည်းကောင်း ဝေဒနာခံရကြသည်။ ဆရာများက ဧသောသည် အမိဝမ်းထဲကပင် အပြစ်ကိုပြုသည်၊ သို့ဖြစ်၍ ဘုရားသခင်၏အမျက်တော်ကို ကိုယ်တိုင်ဆွဲဆန့် သည်ဟု ဆိုကြသည်။ တနည်းအားဖြင့် မိဘများက မှားယွင်းသည့်ဘုရားကို ကိုးကွယ်ကြလျှင် သန္ဒေသားသည် အမိဝမ်းထဲကပင် ရုပ်တုကိုးကွယ်ခြင်းတွင် ပါဝင်သည်။
ယေရှုမိန့််တော်မူသောအရာမှာ ဒုက္ခဝေဒနာခံစားရခြင်းအကြောင်းတရားသာဖြစ်ပါသည်။ ဤအခြေ အနေတွင် ယေရှုသည် အပြစ်နှင့်၎င်းအကျိုးဆက်ရဲ့မေးခွန်းကို မစစ်ဆေးတော့ပါ။ (၅း ၁၄) ဤကျမ်းပိုဒ်သည် ထိုအကြောင်းတရားကို ဖြေရှင်းဖို့အတွက် အသုံးပြုရန်မဟုတ်ပါ။ ဘုရားကြီး မြတ်ခြင်းကို ဖော်ပြသည့် ဖြစ်ပျက်သောအရာသည် အဓိကအကြောင်းအရာဖြစ်ပါသည်။ ထို့နောက် “မြင်ခြင်း” နှင့် “ကန်းခြင်း” ဆက်စပ်မှုတွင် “အမှောင်” နှင့် “အလင်း” (သို့မဟုတ် “ည”နှင့် “နေ့”) စကားလုံးကို ကြည့်ရှုလေ့လာစေပါသည်။ သူသည် မိမိအသက်ကို အရင်းအနှီးပြုသည်ကို သိထား သော်လည်း (ဥပုသ်နေ့ဖြစ်သော်လည်း) ယေရှုသည် မျက်စိကန်းသောသူကို ကျန်းမာစေပါသည်။ အချိန်သည် တိုတောင်းလှသည်ဖြစ်၍ လုပ်ဆောင်စရာများစွာရှိပါသည်။ သို့ရာတွင် ဟေရှာယ ၃၅ တွင် တွေ့ရသည့် အခြားပရောဖက်ပြုချက်မှာ မျက်စိကန်းသောသူ အလင်းရမည်ဆိုသကဲ့သို့ ပြည့် စုံလာပြီဖြစ်သည်။
ရှင်းလင်းချက် ၉း ၈-၃၄
မျက်စိကန်းသောသူအနာငြိမ်းခြင်းသည် လူတို့ကို အမှန်တကယ် အံ့သြမင်သက်စေသည်။ သူတို့က အလင်းရဖို့ ကြိုးစားအားထုတ်ကြသည်။ စုံစမ်းမှုသည်လည်း မျက်စိကန်းသောသူကို ဗဟိုပြုထား ဟန်ရှိပါသည်။ တကယ်တော့ သူတို့သည် ယေရှုနှင့်၎င်း၏ဖြစ်တည်မှုကို ဦးတည်ထားပါသည်။ ရှေးဦးစွာ အိမ်နီးနားခြင်း၊ ထို့နောက် အနီးအနားတွင် ရပ်နေသောသူတို့သည် ဖြစ်ပျက်သောအရာ အပေါ်တွင် အံ့သြတွေဝေကြပြီး ဘာမှမပြောနိုင်ကြတော့ပေ။ လူတို့နှင့်အနီးစပ်ဆုံးသောဆရာများ မှာ ဖာရိရှဲများဖြစ်ကြပြီး ထိုသူများထံသို့ ရှင်းပြချက်ပေးခဲ့ကြသည်။ သူတို့က အံ့သြဖွယ်ရာမဟုတ် ဘဲ အာရုံစူးစိုက်မှုကို တောင်းဆိုကြသည်။ သူတို့က ဥပုသ်နေ့၌ ယေရှုပြုသော နိမိတ်လက္ခဏာအ ကြောင်းကို ကြားပြောကြသည်။ သူတို့အမြင်က ယေရှုသည် မောရှေစီရင်သော ပညတ်ချက်ကို ချိုးဖျက်ခြင်းပင်ဖြစ်ပါသည်။ သို့ရာတွင် အဘယ်သို့ဖြစ်သည်ကို၎င်း၊ ဘုရားသခင်သည် ယေရှုကို နားညောင်းသည်ကို၎င်း အံ့သြကြသည်။ ကျန်းမာခြင်းကိုရရှိသောသူက ယေရှုသည် စစ်မှန်သော ပရောဖက်ဖြစ်ကြောင်းကို ယုံကြည်လက်ခံပါသည်။
အရိုးရှင်းဆုံးဖြေရှင်းချက်မှာ နိမိတ်လက္ခဏာကို ငြင်းပယ်ခြင်းပင်ဖြစ်ပါသည်။ သို့ဖြစ်သောကြောင့် မိဘများကိုခေါ်ပြီး အမိဝမ်းထဲကပင် မျက်စိကန်းခြင်းရှိမရှိကို မေးမြန်းကြပါသည်။ ဂျူးလူမျိုးများကို ကြောက်ရွံ့သောကြောင့် ဟုတ်ကဲ့ဟု အနည်းဆုံးစကားကိုသာ ပြောဆိုကြသည်။ ဤသူသည် သူတို့၏သား၊ မွေးစကပင် မျက်စိကန်းသည်ဟုဆိုကြသည်။ သို့ရာတွင် ကျန်သောအရာကို သူတို့ မပြောလိုကြပါ။ သူတို့သည် တရားစရပ်ထဲက ရက်သတ္တပတ်၊ တစ်လ သို့မဟုတ် ဘဝတစ်လျှောက် လုံးပင် နှင်ထုတ်ခံရနိုင်ပါသည်။ အပိုဒ်ဆယ့်သုံးတွင် ယုဒအမျိုးသားတစ်ဦးသည် မိမိကိုယ်ကို လှုပ်ရှားလာနိုင်သည်။ ထိုသို့ဆိုရာတွင် မိဘများသည် ၎င်းတို့တာဝန်ထဲက မိမိကိုယ်ကို အားကိုး သည်ကို ရည်ညွှန်းထားသည်။ ထို့ကြောင့် တချိန်က မျက်စိကန်းသောလူသည် ယခုတွင် ရှေ့သို့ တဖန်သွားနိုင်သည်။ “ဘုရားသခင်ဘုန်းထင်ရှားခြင်း” သည် ကြီးမားသည့် တောင်းဆိုမှုဖြစ်သည်။ ၎င်းသည် လိမ်လည်ကာ အပြစ်ကိုကာကွယ်ခြင်းမဟုတ်ပါ။ သို့ဖြစ်၍ ထိုလူက အလွန်စိတ်ဝင်စား ဖွယ်မေးခွန်းကို မေးမြန်းသည်။ ယေရှုသည် အပြစ်သားဖြစ်လျှင် ဘုရားသခင်သည် သူ့စကားကို အဘယ့်ကြောင့် နားညောင်းသနည်း။ ဘုရားသခင်သည် သူ့ကို နားညောင်းလျှင် ဖာရိရှဲတို့သည် သူ့အကြောင်းကို အဘယ့်ကြောင့် မသိကြသနည်း။ ဤအကြောင်းအရာသည် ထိုသူကိုနှင်ထုတ် ခြင်းဖြင့် ဖာရိရှဲတို့က ခြင်းခုံကြသည်မှာ ခက်ခဲသောအကြောင်းအရာဖြစ်ပါသည်။
မျက်စိကန်းသောသူမြင်သည်၊ မြင်သောသူတို့သည် ကန်းကြသည်။ ၉း ၃၅-၄၁
ယေရှုသည် ဤအပိုင်းကို ဆွေးနွေးချက်နှစ်ခုဖြင့် အဆုံးသတ်ထားပါသည်။ တစ်ခုမှာ မြင်သောသူ နှင့်အခြားတစ်ခုမှာ မျက်စိကန်းသောသူဟူ၍ဖြစ်သည်။ ယေရှုအပေါ် ကျွန်တော်တို့၏အပြုအမူက ကျွန်တော်တို့သည် ဝိညာဉ်ရေးရာအလင်းရသူ သို့မဟုတ် ကန်းနေသူဖြစ်ကြောင်းကို သတ်မှတ် ထားပါသည်။
ယေရှုသည် နှင်ထုတ်ခံရသောလူကို လိုက်ရှာသည်။ ရှင်ယောဟန်ခရစ်ဝင်ကျမ်းတွင် ချုပ်တည်း ခြင်းမပြုဘဲ ယုံကြည်ခြင်းဝန်ခံမှုအနည်းငယ်သာ တွေ့ရသည်။ ထိုအထဲက တစ်ခုကို တချိန်က မျက်စိကန်းသောလူထံမှ ကြားသိနိုင်ပါသည်။ သူသည် ယေရှုခရစ်ကို လူသား၊ တရားစီရင်သောသူ အဖြစ်ယုံကြည်ပြီး ကိုးကွယ်သည်။
အချို့သောဖာရိရှဲတို့သည် အနားတွင် ရပ်နေကြသည်။ ယေရှု၏ပြင်းထန်သောစကားသည် သူတို့ ကို တိုက်ရိုက် ညွှန်းဆိုထားသည်။ ဝိညာဉ်ရေးရာကန်းခြင်းသည် လုံးဝဆိုးသွင်းသည်။ မိမိကိုယ်ကို မြင်နိုင်သည်ဟု ယုံကြည်သောသူ၏အခြေအနေမှာ စိုးရိမ်စရာဖြစ်သည်။ တနည်းအားဖြင့် ၎င်းတို့ သည် မိမိကို ကူညီမည့်သူကို ငြင်းပယ်ကြသဖြင့် အလွန်ဆိုးသွင်းသည်။ သူတို့က အကူအညီ လုံး၀ မလိုဟု ထင်မှတ်နေကြသည်။ ဝိညာဉ်ရေးရာမာန်မာနသည် “စိတ်နှလုံးခိုင်မာခြင်း” သဏ္ဍာန်တွင် အဆုံးရွားဆုံးဖြစ်သည်။ ထိုသို့သောနှလုံးကို ပိုင်ဆိုင်သောသူတို့သည် စိုးရိမ်စရာအခြေအနေတွင်ရှိ နေကြပြီး မြေကြီးပေါ်တွင်ရှိသောလူသားအားလုံးကို တရားစီရင်သောသူအဖြစ် လူသားသည် ကြွ လာသောအခါ သူတို့သည် အံ့သြခြင်းရှိကြလိမ့်မည်။