ဒုက္ခဝေဒနာခံစားခြင်းနှင့်မကောင်းမှုပြဿနာ

ဤမေးခွန်းမှာ သမိုင်းတလျှောက် အချိန်ကာလတိုင်းဖြစ်ပေါ်တတ်သောမေးခွန်းဖြစ်ပါသည်။ ကောင်းမြတ်ပြီး တန်ခိုးနှင့်ပြည့်စုံသောဘုရားသခင်သည် အမှန်တကယ်ရှိနေလျှင် စစ်ပွဲတွေ၊ အစာ ခေါင်းပါးခြင်းတွေ၊ သတ်ဖြတ်မှုများနှင့်အခြားဘဝကံဆိုးမိုးမှောင်ကျခြင်းများကို အဘယ့်ကြောင့် ခွင့် ပြုရသနည်း။ တားဆီးနိုင်စွမ်းမရှိပေဘူးလား။ ကမ္ဘာပေါ်တွင်ဖြစ်ပျက်သမျှသောမကောင်းဆိုးဝါးအား လုံးကို ဖယ်ရှားနိုင်စွမ်းတန်ခိုး မရှိပေဘူးလား။

သမ္မာကျမ်းစာက ဤမေးခွန်းနှင့ပ် တ်သက်ပြီး တိုက်ရိုက်အဖြေပေးထားခြင်းမျိုးတော့မရှိပါ။ သို့ရာ တွင် ကမ္ဘာပေါ်တွင်ဖြစ်ပျက်နေသောဒုက္ခဝေဒနာများစွာကို မိမိဆန္ဒအလျောက်ရွေးချယ်ပိုင်သောအ ခွင့်၏အကျိုးဆက်အနေဖြင့် လူတို့ကိုယ်တိုင်ပြုစုသောအရာဖြစ်သည်ဟုလည်း သမ္မာကျမ်းစာက ဖော်ပြထားသည်။ စစ်ပွဲများ၊ ခက်ထန်မှုများ၊ ပြစ်မှားခြင်းများ၊ အခြားနာကျင်စရာအခြေအနေများ သည် တကယ်တော့ လူတို့ကိုယ်တိုင်ပြုသောအမှုများဖြစ်ကြသည်။ ကျွန်တော်တို့၏ဆိုးသွင်းသော ရွေးချယ်မှုအတွက် ဘုရားသခင်ကို အပြစ်မတင်သင့်ပေ။ ကျွန်တော်တို့သည် မှန်တစ်ချပ်ကို ကြည့် ကြပါစို့။

ကမ္ဘာပေါ်တွင် လူတို့ပြုသောဒုက္ခမဟုတ်သည်များလည်းရှိပါသည်။ ၎င်းတို့မှာ ဖျားနာခြင်း၊ သဘာဝ ဘေးအန္တာရယ်တို့ဖြစ်သည်။ ၎င်းတို့ကို ဘုရားသခင်က အဘယ့်ကြောင့် ကာကွယ်မပေးသနည်း။ ၎င်းတို့သည် ကျွန်တော်တို့အဖို့ ထူးဆန်းထွေလာဖြစ်နေသည်။ သု့ိရာတွင် ဘုရားသခင်သည် ကျွန် တော်တို့အား မျက်မှောက်တော်ထဲသို့ရောက်ရှိစေရန် ခက်ခဲမှုများနှင့်ဘဝအခြေအနေကို အသုံးဖြစ် ဟန်တူပါသည်။ ဒုက္ခဝေဒနာခံစားရခြင်းအတွက် အကြောင်းတရားတစ်ခုမှာ ကျွန်တော်တို့သည် အဘယ်မျှလောက်သေးငယ်သောသူများဖြစ်ပြီး ဘုရားသခင်ထံသို့လာရန် ခွန်အားပေးခြင်းမျိုးလဲ ဖြစ်ပါသည်။ တနည်းအားဖြင့် ဒုက္ခခံစားစေခြင်းက လူတို့အား တစ်ဦးကိုတစ်ဦးနီးကပ်စေပြီး လိုအပ် သောသူများကို အကူအညီပေးရန်မှာ ဘုရားသခင်၏အလိုတော်လည်းဖြစ်ပါသည်။

ဒုက္ခဝေဒနာခံစားနေရစဉ် ကျွန်တော်တို့၏နှိမ့်သိမ့်စရာနှင့်မျှော်လင့်ချက်မှာ ခရစ်တော်ပင်ဖြစ်ပါ သည်။ သူသည် လက်ဝါးကပ်တိုင်၌ အသက်စွန့်ခြင်းအာဖြင့် သေခြင်းနှင့်အပြစ်ကိုအောင်နိုင်သည်။

“ထာဝရဘုရားသည် ကျိုးပဲ့သောစိတ်ရှိသောသူတို့နှင့်နှလုံးကြေကွဲသောသူတို့ကို နီး တော်မူ၏။” (ဆာလံ ၃၄း ၁၈ )

ဆုတောင်းချက်။ ဘုရားသခင်၊ ဤလောကတွင်ရှိသော မကောင်းမှုနှင့်ဒုက္ခဝေဒနာသည် ကျွန်တော် ကို ပူပင်သောကရောက်စေပါ၏။ သခင်ဘုရား၊ မကောင်းမှုမှ ကယ်နှုတ်တော်မူပါ။

သမ္မာကျမ်းစာက အရာအားလုံးကို ဖော်ပြမထားပါ။ လူသားတို့ကယ်တင်ခြင်းအတွက် အလွန်တရာ အရေးကြီးကြောင်းကိုသာ မိန့်တော်မူသည်။ မကောင်းသောအမှုအရာ၏ဇတ်မြစ်မှာ သမ္မာကျမ်းစာ ထဲ၌ဖော်ပြထားသောကောင်းစဉ်ထဲတွင် တစ်ခုခုပါဝင်နိုင်ပါသည်။

သမ္မာကျမ်းစာ၏ပထမအခန်းက အစအဦး၌လူသည် အမှားနှင့်အမှန်ကြား ရွေးချယ်မှုပြုရန် လွတ် လပ်ခွင့်ရှိကြောင်းဖော်ပြထားပါသည်။ ထိုအထဲတွင်ရှိသော ကမ္ဘာကြီးနှင့်လူသားသည် ကောင်းမွန် စွာ ဖန်ဆင်းထားသည်။ သ့ရို ာတွင် လူသည် စာတန်၏လှည့်ဖြားခြင်းကိုခံရသဖြင့် မကောင်းသောအ ရာကို ရွေးချယ်မှားခဲ့သည်။ သမ္မာကျမ်းစာက စာတန်သည်ပင် ဘုရားသခင်ဖန်ဆင်းထားကြောင်း ဆိုပါသည်။ စာတန်ဟူသည်မှာ မူလက ဘုရားသခင်ကိုဆန့်ကျင်သော ကောင်းကင်တမန်တစ်ပါး ဖြစ်ပါသည်။ ဘုရားသခင်၏အလိုတော်ကိုဆန့်ကျင်ရန် လူကိုသိမ်းသွင်းသွေးဆောင်သူမှာ စာတန် ပင်ဖြစ်ပါသည်။ ၎င်းမှာ စာတန်က ကမ္ဘာကြီးပေါ်တွင် မကောင်းမှုကို ပျံ့နံှ့စေသည့န် ည်းလမ်းပင်ဖြစ် ပါသည်။

ကောင်းမွန်သောဘုရားသည် မြေကြီးပေါ်တွင် မကောင်းသောအမှုအရာများ ပျံ့နှံလာရန် အဘယ့် ကြောင့် ခွင့်ပြုသနည်းဟူသောမေးခွန်းသည် ကျွန်တော်တို့အတွက် ဆန်းပြားသောအရာတစ်ခုအ ဖြစ်ကျန်ရှိနေသည်။ သို့ရာတွင် ရှင်းလင်းသောအရာမှာ ဘုရားသခင်သည် မြေကြီးပေါ်တွင် လူ့ ဇာတိခံယူပြီး ကျွန်တော်တို့အပြစ်အတွက် လက်ဝါးကပ်တိုင်ပေါ်မှာအသေခံသောအခါ မကောင်း သောအမှုအရာနှင့်၎င်း၏တန်ခိုးကိုအောင်မြင်ကြောင်း ထင်ရှားပါသည်။ ပထမလူ၏အကျိုးဆက် အားဖြင့် လူသားမျိုးနွယ်အားလုံးသည် မကောင်းသောအရာကိုရွေးချယ်လိုက်သောအခါ အပြစ်၏ ကျေးကျွန်ဖြစ်လာကြရသည်။ ဤသည်မှာ ကျွန်တော်တို့၏လွတ်လပ်ခွင့်ကို ဆုံးရှုံးသည့်နည်းလမ်း ပင်ဖြစ်ပါသည်။ ကျွန်တော်တို့လွတ်လပ်ခွင့်ကို ဆုံးရှုံးရသည့် အကြောင်းရင်းလည်းဖြစ်ပါသည်။ သို့ သော် ယေရှုခရစ်သည် အပြစ်တရား၏ဆုပ်ကိုင်ထားခြင်းမှ ကျွန်တော်တို့ကို လွတ်မြောက်စေခဲ့ သည်။ ကျွန်တော်တို့သည် ဘုရားသခင်၏အလိုတော်နှင့်အညီလွတ်လပ်ခွင့်ရနိုင်သည်မှာ ယေရှု ခရစ်အားဖြင့်သာဖြစ်ပါသည်။

“ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ ဒုစရိုက်ကိုပြုသောသူတို့သည် ဒုစရိုက် ၏ကျွန်ဖြစ်ကြ၏။ ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည်မဟုတ်။ သားမူကား၊ အ စဉ်အမြဲနေ၏။ ထ့ေို ကြာင့် သားသည် သင်တို့ကိုလွှတ်လျှင်၊ သင်တို့သည် ဧကန်အမှန် လွတ်ကြလိမ့်မည်။” (ယောဟန် ၈း ၃၄-၃၆)

ဆုတောင်းချက်။ ဘုရားသခင်၊ မေးသမျှမေးခွန်း၏အဖြေကို ကျွန်တော်တို့အား ပေးထားခြင်းမရှိပါ။ အပြစ်ကိုမပြုဘဲ ကိုယ်တော်မိန့်တော်မူသောစကားအားဖြင့် ကိုယ်တော်မိန့်တော်မူသောအရာကို အလေးအနက်ထားနိုင်ရန် မစမူပါ။

အပြစ်ဟူသောအရာကို နည်းလမ်းပေါင်းများစွာဖြင့် အနက်ဖွင့်လေ့ရှိကြသည်။ ကျွန်တော်တို့၏အ တွေးအခေါ်၊ စကားလုံးနှင့်လုပ်ဆောင်ချက်တို့သည် ဘုရားသခင်၏မျက်စိတော်၌ မှန်ကန်နေသော အရာကိုဆန့်ကျင်ပြီး စုန်ကန်ထွက်သွားသောအချိန်တွင် ဖြစ်သည်။ အပြစ်ဟူသောအရာကို စကား တစ်လုံးတည်းဖြင့်သာပြောရမည်ဆိုလျှင် ဘုရားသခင်၏အသက်နှင့်ရည်ရွယ်ချက်ထဲက ဖြည်းဖြည်း ချင်းနှုတ်ယူခြင်းဖြစ်သည်ဟု ဆိုရပေမည်။ အတိုကောက်ဆိုရလျှင် စိတ်နှလုံးသည် ဘုရားသခင်ကို ပြစ်မှားလျှင် အပြစ်ဖြစ်သည်။

“ဗီဇအပြစ်” ဟူသောစကားလုံးမှာ မှားယွင်းသောအရာကိုရွေးချယ်ရန် လူသားတို့စိတ်နှလုံးသားထဲ တွင် ယိမ်းယိုင်မှုဖြစ်သည်။ ၎င်းကို အသီးအပွင့်အားဖြင့်အသီးကို သိနိုင်ပါသည်။ ထိုအသီးများမှာ မှားယွင်းသောအတွေးအခေါ်၊ မှားယွင်းသောအရာကိုလုပ်ဆောင်ခြင်း၊ ဖျက်ဆီးတတ်သောစကား လုံး၊ မှန်ကန်သောအရာကိုလုပ်ဆောင်ရန် ငြင်းပယ်ခြင်းဖြစ်သည်။

အပြစ်သည် ဘဝကို ထိခိုက်နာကျင်စေပြီး ဖျက်ဆီးသည်။ သင့်ဘဝနှင့အ် ခြားသူများ၏ဘဝသည် ဤအရာတို့၏သာဓကများပင်ဖြစ်ပါသည်။ ထိုသို့မဟုတ်လျှင် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် ပညတ်တော်ဆယ်ပါးမှာ လူတို့ရပ်တည်သောနေရာအစစ်အမှန်ကို တိုင်းတာသည့် လှံတံအဖြစ် တာ ဝန်ယူလုပ်ဆောင်သည်။

သမ္မာကျမ်းစာအရ လူအပေါင်းတို့သည် အပြစ်ကို ကျူးလွန်ကြသည်။ အဘယ်သူမျှ အပြစ်နှင့်မ ကင်းကြပါ။ အပြစ်ဒဏ်မှ အဘယ်သူမျှ မလွတ်မြောက်နိုင်ကြပါ။ အပြစ်တရားသည် ကျွနု်ပ်တို့အား ဘုရားသခင်နှင့်၎င်း၏ဖြောင့်မတ်ခြင်းတရားထဲမှ ကင်းကွာစေသည်။ အပြစ်တရား၏အခမှာ သေ ခြင်း၊ ဘုရားသခင်နှင့်ထာဝရခွဲခွါခြင်းဖြစ်သည်။ သ့ရို ာတွင် လူသည် ဘုရားသခင်၏မျက်မှောက် တော်၌ မိမိကိုယ်ကို မကယ်တင်နိုင်ပါ။ ဘုရားသခင်တစ်ပါးတည်းသာလျှင် ကယ်တင်ခြင်းအမှုကို ပြုနိုင်သည်။

“ခြားနားခြင်းအလျင်းမရှိ။ အဘယ့်ကြောင့်နည်းဟူမူကား၊ လူအပေါင်းတို့သည် ဒုစရိုက် ကိုပြု၍ ဘုရားသခင်ရှေ့တော်၌ အသရေပျက်ကြပြီ။ ယေရှုခရစ်ရွေးနှုတ်တော်မူသော အားဖြင့် အဘိုးကိုမပေးဘဲ ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ဖြောင့်မတ်ရာသို့ ရောက်ရကြ၏။” (ရောမ ၃း ၂၂-၂၄ )

ဆုတောင်းချက်။ အဘ၊ ဘုရားသခင်၊ အကျွနု်ပ်အား သနားတော်မူပါ။ အကျွနု်ပ် ပြစ်မှားကျူးလွန် သောအပြစ်များကို ခွင့်လွှတ်တော်မူပါ။

ဘုရားသခင်သည် လွန်ခဲ့သောနှစ်ပေါင်း၂၀၀၀ ဝန်းကျင်က ကျွနု်ပ်တို့အပြစ်များအတွက် လက်ဝါး ကပ်တိုင်ပေါ်တွင် အသေခံရန် တပါးတည်းသောသားတော်ကို စေလွှတ်တော်မူခဲ့သည်။ သံမှုနှင့် ရိုက်ခြင်းကိုခံခဲ့ရသည်။ ယေရှုသည် ကျွနု်ပ်တို့၏တကိုယ်ကောင်းဆန်ခြင်း၊ မယုံကြည်ခြင်း၊ လောဘ ကြီးခြင်း၊ မရိုးမသားအသက်ရှင်မှုနှင့်ကျွနု်ပ်တို့၏အပြစ်တစ်ခုချင်းစီတိုင်းကို သယ်ဆောင်သွားခဲ့ပါ သည်။ ကျွနု်ပ်တို့၏အပြစ်ခွင့်လွှတ်ခြင်းတရားကို ဘုရားသခင်သည် သားတော်အား သေခြင်းမှရှင် ပြန်ထမြောက်စေသောအချိန်၌ တံဆိပ်ခတ်တော်မူခဲ့သည်။

ယေရှုသည် ကျွန်ု်ပ်တို့အပြစ်အတွက် လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံတော်မူခဲ့ကြောင်း ယုံ ကြည်လက်ခံသောအခါ ထိုအရာက ကျွနု်ပ်တို့ကို ကယ်တင်သည်။ အပြစ်ရှိသမျှသည်လည်း လွှတ် ခြင်းခံရသည်။ ၎င်းမှာ ကျွနု်ပ်တို့အား ဘုရားသခင်ပေးသော အခမဲ့လက်ဆောင်ဖြစ်သည်။ ကျွနု်ပ်တို့ အရှိအတိုင်း ဘုရားသခင်ထံလာနိုင်သည်။ ဘုရားသခင်ရှေ့တော်၌ အသရေပျက်သောအပြစ်သား အနေဖြင့်လည်း ရောက်ရှိလာနိုင်သည်။ ထိုအရာမှာ ကျွနု်ပ်တို့၏လုပ်ဆောင်ချက်ကြောင့်မဟုတ်ပါ။ ဘုရားသခင်က အမှန်တကယ် လုပ်ဆောင်ပေးခဲ့သောကျေးဇူးတော်ကို လက်ခံရုံသက်သက်သာ ဖြစ်ပါသည်။ ဘုရားသခင်က မိမိတို့၏ကယ်တင်ခြင်းနှင့်ရွေးနှုတ်ခြင်းတရားအတွက် ကိုယ်တိုင် “ကြိုးစားလုပ်ဆောင်နိုင်” သောအရာမရှိကြောင်းကို သိခဲ့သည်။ ၎င်းမှာ ကျွနု်ပ်တို့ကို ကယ်တင်ရ သည့်အကြောင်းရင်းဖြစ်ပါသည်။

သင်သည် အပြစ်ခွင့်လွှတ်ခြင်းကို ရရှိကြောင်း ယေရှုအားဖြင့် ယုံကြည်လက်ခံနိုင်ပါသည်။ သင် သည် မည်သည့အ် ရာနှင့်တူညီသည်ဟူသောအချက်မှာ အဓိကမကျပါ။ မည်သည့်အရာကို လုပ် ဆောင်ခဲ့သည်ဟူသောအချက်လည်း အရေးမကြီးပါ။ သင့်အပြစ်ရှိသမျှသည် ယေရှုအားဖြင့် လွှတ် ခြင်းခံရကြောင်း ယုံကြည်ကိုးစားနိုင်ပါသည်။ ကျွနု်ပ်တို့၏ကုသိုလ်ကောင်းမှု သ့မို ဟုတ် ပြီးပြည့စ် ုံစေ ခြင်းမှာ ဘုရားသခင်ရှေ့တော်၌ အချည်းနှီးသာဖြစ်သည်။ ယေရှုအားဖြင့်သာ ကယ်တင်ခြင်းသို့ ရောက်ရ၏။

“ထိုတရားဟူမူကား၊ ဘုရားသခင်သည် ခရစ်တော်အထဲ၌ ရှိနေလျက်၊ လောကီသားတို့ ၏အပြစ်များကိုမှတ်တော်မမူ။ ရန်ကိုငြိမ်းစေ၍၊ ကိုယ်တော်နှင့်မိဿဟာရဖွဲ့စေတော်မူ ၏။ ထိုမိဿဟာရတရားကိုလည်း ငါတို့၌ ပေးအပ်တော်မူ၏။....အဘယ့်ကြောင့်နည်း ဟူမူကား၊ ဘုရားသခင်သည် အပြစ်နှင့က် င်းစင်သောသူကို ငါတ့အို တွက်ကြောင့် အ ပြစ်ရှိသောသူဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတ့သို ည် ထိုသူအားဖြင့် ဘုရားသ ခင်ရှေ့တော်၌ ဖြောင့်မတ်သောသူဖြစ်မည်အကြောင်းတည်း။” (၂ ကော ၅း ၁၉၊ ၂၁)

ဆုတောင်းချက်။ အဖဘုရားသခင်၊ ကားတိုင်တော်တရားအတွက်ကြောင့် ကျေးဇူးတင်ပါသည်။ ယေရှုအားဖြင့် အပြစ်ခွင့်လွှတ်တော်မူသောကြောင့် ကျေးဇူးတင်ပါသည်။

အပြစ်ရဲ့တန်ခိုးသည် အဘယ်မျှလောက်အန္တရယ်ကြီးသည်ကို လူသားအနေဖြင့် နားလည်ရန် ခက် ခဲလှပါသည်။ အပြစ်က ဘဝကို အဘယ်သို့ဖျက်ဆီးပစ်နိုင်သည်ကို အမှန်တကယ် နားလည်သ ဘောပေါက်လျှင် ထိုသို့သောမေးခွန်းမျိုးကိုပင် မေးမိလိမ့်မည်မဟုတ်ပါ။

အပြစ်တရားသည် ကျွနု်ပ်တို့အား အသက်နှင့က် ယ်တင်ရှင်ကိုပေးသောဘုရားသခင်နှင့်ကင်းကွာစေ ပါသည်။ သူ့ကို အဘယ့်ကြောင့်ဆန့်ကျင်ခဲ့သနည်း။ သူသည် ကျွနု်ပ်တို့အား အနှိုင်းမဲ့မေတ္တာဖြင့် အကြွင်းမဲ့ချစ်နေသောသူဖြစ်သည်။ ကျွနု်ပ်တို့အတွက် ယဇ်ပူဇော်ခြင်းကိုလည်း လုပ်ဆောင်ပေးခဲ့ သည်။

အပြစ်တရားသည် အပြစ်သားနှင့်ပတ်ဝန်းကျင်တွင်ရှိနေသောသူတို့ကို နာကျင်ထိခိုက်စေသည်။ သင်သည် သိလျက်နှင့်အပြစ်ကျူးလွန်လျှင် ခရစ်တော်ကိုလက်ဝါးကပ်တိုင်းတွင် ပြန်၍ သံမှိုရိုက် သည်နှင့်တူပါသည်။ ယေရှုသည် သင်၏တကိုယ်ကောင်းဆန်မှုနှင့်နာမခံမှုတို့ကြောင့် အသေခံခဲ့ သည်။ သင့်အပြစ်ခွင့်လွှတ်ခြင်း၏အဖိုးအခနှင့်သင့်အတွက် ယေရှုပေးဆပ်ခဲ့သည့အ် ရာကို သင်သာ နားလည်ခဲ့မည်ဆိုလျှင် အပြစ်ကိုကျူးလွန်ရန် ရွေးချယ်တော့မည်မဟုတ်ပါ။

အပြစ်တရားကို ကျွနု်ပ်တု့ိအမြင်နိုင်သော်လည်း အသက်ကိုသတ်သည့် ရာဇဝတ်မှုကြီးတစ်ခုပင် ဖြစ်ပါသည်။ အပြစ်ကျူးလွန်တိုင်းအကျိုးဆက်ရှိသည်။ အပြစ်ကျူးလွန်သူကိုတိုက်အပေါ် တန်ပြန် သက်ရောက်မှုရှိနိုင်သည်။ သို့မဟုတ် ပတ်ဝန်းကျင်တွင်ရှိသောလူများကို ထိခိုက်စေနိုင်သည်။ ကိုယ်ပြုသောအရာကိုသိလျက် ပြစ်မှားခြင်းမှာ သင်၏သြတပစိတ်ကို စွန်းထင်းစေပြီးမယုံ ကြည် ခြင်းအခန်းကို ချန်လှစ်ထားခဲ့ခြင်းလည်းဖြစ်သည်။

ဗတ္တိဇံမင်္ဂလာတွင် ခရစ်ယာန်တစ်ဦးသည် အမှောင်မှအလင်းသို့ ကူးပြောင်းလာမှာ ဘုရားသခင်၏ အကူအညီဖြင့် အပြစ်နှင့်မကောင်းမှုတို့ကို တိုက်ခိုက်ရန် ခေါ်ထားခြင်းဖြစ်သည်။

“ထိုယုံကြည်ခြင်းမှစသည်တို့ကို အချို့သောသူတို့သည် ပယ်ပြီးလျှင်၊ ယုံကြည်ခြင်း သဘောၤပျက်၍ ဆုံးရှုံးကြပြီ။” (၁ တိမောသေ ၁း ၁၉)

ဆုတောင်းချက်။ အဖဘုရားသခင်၊ အပြစ်နှင့်မကောင်းမှုမှကယ်နှုတ်တော်မူပါ။ ကျွနု်ပ်၏လုပ် ဆောင်ချက်များနှင့်အသက်တာသည် ဘုရားသခင်ကိုကျေးနပ်စေနိုင်ဖို့ စောင့်ထိန်းတော်မူပါ။

အကြောင်းမူကား အကြင်တစ်ဦးတစ်ယောက်က “ဘုရားသခင်၏အပြစ်လွှတ်ခြင်း ရရှိနိုင်ပါသေး သလား” ဟု မေးလျှင် ဘုရားသခင်၏ကျေးဇူးတော်ဝင်ရာတံခါးပေါက်သည် ပွင့်လျက်နေဆဲဟု ဆိုရ မည်။ အပြစ်ကြောင့် ဝမ်းနည်းကြေကွဲနေရသ၍ ယေရှုထံသို့ချဉ်းကပ်ပြီး အပြစ်လွှတ်ခြင်းကို တောင်းလျှောက်နိုင်ပါသည်။

တခါတရံ ဘုရားသခင်၏ကျေးဇူးတော်သည် ကျွနု်ပ်တို့အတွက် လုံလောက်လျက်ရှိနိုင်ပါ့မလားဟု မိမိကိုယ်ကို ထင်မိတတ်ကြသည်။ ကျွနု်ပ်တို့ပြစ်မှားကျူးလွန်သောအပြစ်များသည် မရေမတွက်နိုင် အောင်များပြားသဖြင့် ကျွနု်ပ်တ့ကို ို အပြစ်လွှတ်နိုင်မည်ဟုပင် ထင်တတ်ကြပါသည်။ ၎င်းတ့မို ှာ မာရ် နတ်က ကျွနု်ပ်တို့နားထဲတွင် တိုးတိုးလေးပြောလိုက်သည့် အတွေးသက်သက်သာဖြစ်ကြပါသည်။ မာရ်နတ်သည် ကျွနု်ပ်တို့အား ဘုရားသခင်ထံမှ အဝေးသ့ ို နှင်ထုတ်လိုသည်။ ကျွနု်ပ်တို့သည ် လုပ် ဆောင်ခဲ့ပြီးသောအရာကို မပယ်ဖျက်နိုင်သည်မှာ အမှန်ပင်ဖြစ်သည်။ သို့ရာတွင် ဘုရားသခင်၏ ကျေးဇူးတော်သည် လုံလောက်လျက်ရှိပြီး ကျွနု်ပ်တို့အပြစ်ရှိသမျှကို ဖုံးအုပ်နိုင်ပါသည်။ ကျွနု်ပ်တို့ သည် ဘုရားသခင်၏အပြစ်လွှတ်ခြင်းကျေးဇူးကို အပြည့်အ၀ ယုံကြည်စိတ်ချနိုင်ပါသည်။

ကျွနု်ပ်တို့သည် အပြစ်သားများဖြစ်သောကြောင့် အချိန်တိုင်း ကျဆုံးနိုင်ပါသည်။ သို့ရာတွင် ဘုရား သခင်က ထပ်ခါထပ်ခါ အပြစ်ခွင့်လွှတ်ပါသည်။ အပြစ်ခွင့်လွှတ်ခြင်းတန်ခိုးအားဖြင့် ဘုရားသခင် သည် ကျွနု်ပ်တို့အား အပြစ်ကိုတိုက်ခိုက်ရန် ခွန်အားပေးထားပါသည်။ အပြစ်ဟူသည်မှာ သေစေ တတ်သောအရာဖြစ်ပြီး ကျွနု်ပ်တို့သေသည့တ် ိုင်အောင် တိုက်ခိုက်နေရမည်ဖြစ်သည်။

“ထာဝရဘုရားသည် သနားတော်မူ၍ ကရုဏာတော်သည်မကုန်သောကြောင့်၊ ငါတို့ သည် ဆုံးရှုံးခြင်းသို့မရောက်ဘဲနေကြ၏။ နံနက်တိုင်း ကရုဏာတော်အသစ်ကို ခံရကြ ၏။ ..... ကိုယ်တော်ကိုမြော်လင့်သောသူနှင့်ကိုယ်တော်ကိုရှာသောသူ၏စိတ်ဝိညာဉ် အား ထာဝရဘုရားသည် ကျေးဇူးပြုတော်မူ၏။” (မြည်တမ်း ၃း ၂၂-၂၃၊ ၂၅)

ဆုတောင်းချက်။ ဘုရားသခင်၊ ကိုယ်တော်၏ကရုဏာတော်သည် မကုန်ကြောင်း မြွတ်ဆိုထားပါ၏။ ကိုယ်တော်၏ နှုတ်ထွက်စကးတော်ကို ယုံကြည်ကိုးစားနိုင်သောကြောင့် ကိုကျေးဇူးတင်ပါသည်။ အကျွနု်ပ်အားသန့်ရှင်းစင်ကြယ်စေပြီး အသစ်သောခွန်အားဖြင့် အစပြုနိုင်ရန် မစတော်မူပါ။

မဖြစ်နိုင်ဘူးဆိုရင်တောင် တစ်ဦးတစ်ယောက်ကို အပြစ်ခွင့်လွှတ်ရန်မှာ ခက်ခဲပေလိမ့်မည်။ သို့ရာ တွင် သမ္မာကျမ်းစာက အပြစ်ခွင့်လွှတ်ခြင်းကိုတောင်းပြီး အခြားသူများကိုလည်း ခွင့်လွှတ်ရန် မိန့ဆ် ို ထားသည်။ တကယ်တော့ သမ္မာကျမ်းစာထဲတွင် အခြားသူကိုခွင့်မလွှတ်လျှင် ကျွနု်ပ်တို့ကိုယ်တိုင် ခွင့်လွှတ်ခြင်းမခံရကြောင်း မိန့်ဆိုသည်။ ထို့ကြောင့် ကျွနု်ပ်တို့စိတ်နှလုံးသားထဲတွင် ခွင့်မလွှတ်နိုင် ခြင်းနှင့်ခါးသီးမှုများဖြစ်လာချိန် မည်သည့အ် ရာကို လုပ်ဆောင်ရမည်နည်း။

ပထမအချက်အနေဖြင့် ဤအပြစ်များကို ဘုရားသခင်ထံဝန်ချတောင်းပန်ရန်မှာ အလွန်ပင် အရေး ကြီးပါသည်။ ကျွနု်ပ်တို့ခွင့်မလွှတ်နိုင်သောအရာများကို ဘုရားသခင်၏မျက်မှောက်တော်ထဲသို့ ဆောင်ယူလာရမည်။ ဤအရာများကိုလည်း ခွင့်လွှတ်နိုင်ကြောင်း ယေရှုခရစ်အားဖြင့် ယုံကြည် သည်။ ထိုနည်းတူ ဘုရားသခင်က ၎င်း၏ကရုဏာတော်အားဖြင့် ကျွနု်ပ်တို့အထဲတွင်အလုပ်လုပ်ပြီး အပြစ်ကိုခွင့်လွှတ်နိုင်ရန် ကူညီမစမည်အကြောင်းလည်း ဆုတောင်းရမည်။ ကျွနု်ပ်တို့စိတ်နှလုံးထဲ၌ ရှိသောဒဏ်ရာဒဏ်ချက်များပျောက်ကင်းသည်မှာ ဘုရားသခင်၏ကျေးဇူးတော်သက်သက်ကြောင့် သာဖြစ်ပါသည်။ ဤအကြောင်းကို သင်၏သင်းအုပ်ဆရာ၊ သင်ယုံကြည်ရသောသူတစ်ဦး သို့မ ဟုတ် ကျွနု်ပ်တို့အားထိခိုက်နာကျင်စေသောလူတို့နှင့်ဆွေးနွေတိုင်ပင်လျှင်လည်း အကူအညီဖြစ်နိုင် ပါသည်။

အပြစ်ခွင့်လွှတ်ခြင်းဆိုသည်မှာ ကျွနု်ပ်တို့ချမှတ်လိုက်သောဆုံးဖြတ်ချက်ဖြစ်သည်။ သို့ရာတွင် စိတ် ပိုင်းဆိုင်ရာ အဆင့်အတန်းတွင် တခါတရံ ရှည်လျားသောဖြစ်စဉ်တစ်ခုဖြစ်နိုင်ပါသည်။ ခါသီးသော ခံစားချက်များမှလွတ်မြောက်ရန် နှစ်ပေါင်းများစွာလည်း ကြာနိုင်ပါသည်။ သို့ရာတွင် လက်စားချေ ခြင်းမပြုရန်မှာ အရေးကြီးသောအရာဖြစ်ပါသည်။

“အချင်းချင်းကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကိုလွှတ်တော်မူသကဲ့သ့ ို အချင်းချင်းအပြစ်လွှတ်ခြင်းရှိကြလော့။” (ဧဖက် ၄း ၃၂ )

ဆုတောင်းချက်။ ကျေးဇူးကရုဏာနှင့်ပြည့စ် ုံသော အကျွနု်ပ်တို့၏ဘုရားသခင်၊ ကျွနု်ပ်၏အတွင်း အပြင်အလုံးစုံကို ကိုယ်တော်သိပါ၏။ ကျွနု်ပ်စိတ်နှလုံးခက်ခဲခြင်းနှင့်ခါးသီးခြင်းမှ မစမူပါ။

သမ္မာကျမ်းက စာတန်အကြောင်းကို တိုက်ရိုက်ဖော်ပြရခဲသော်လည်း မိန့်ဆိုထားပါသည်။ သူတို့ သည် ကောင်းသောဘုရား၏တန်းတူမဟုတ်ဘဲ ဆန့်ကျင်ဘက်တွန်းအားဖြစ်ပါသည်။ သူသည် လည်း ဘုရားသခင်၏ဖန်ဆင်းထားခြင်းခံရသောသူဖြစ်ပါသည်။ စာတန်၏နောက်ကွယ်က မ ကောင်းသည့်သဘောသဘာဝမှာ လူသားကိုကျဆုံးစေခြင်းအကြောင်းရင်းနှင့်ထပ်တူကျသောအ ကြောင်းရင်းပင်ဖြစ်ပါသည်။ ၎င်းတို့မှာ မာန်မာန၊ ဘုရားသခင်နှင့်တန်းတူအဆင့်အတန်းတွင်ရှိလို သောဆန္ဒတို့ဖြစ်သည်။ ဘုရားသခင်သည် ဖန်ဆင်းထားသောအရာများနှင့်ပတ်သက်၍ စုံလင်သော အလိုတော်ရှိနှင့်ပြီးသားဖြစ်သောကြောင့် ထိုအလိုတော်ကိုဆန့်ရှင်သောအရာမှန်တမျှသည် လုံးဝ ဥဿုံနတ်ဆိုးပင်ဖြစ်ပါသည်။ စာတန်သည် ဘုရားမဲ့တရားမဲ့ဖြစ်ပြီး ဘုရားသခင်ကို အရာရာတိုင်း တွင် ဆန့်ကျင်တိုက်ခိုက်သည်။(သူသည် ကိုယ်ခန္ဒာနှင့်အသက်ရှင်သူမဟုတ်ပါ။

စာတန်သည် မည်သို့အလုပ်လုပ်သနည်း။ သမ္မာကျမ်းစာက သူသည် “နာခံမှုမရှိသောလူတို့” အထဲ ၌ အလုပ်လုပ်ကြောင်း သွန်သင်ထားပါသည်။ ကျွနု်ပ်တို့သည် ဘုရားသခင်၏အလိုတော်ကိုမလိုက် လျှောက်လျှင် ဘုရားသခင့်ရန်သူ၏အလိုကို လိုက်နေကြခြင်းဖြစ်သဖြင့် စာတန်၏အုပ်စိုးခြင်းကို ဝန် ခံခြင်းဖြစ်သည်။ သို့ရာတွင် ယေရှုသည် ကျွနု်ပ်တို့၏သခင်နှင့်ကယ်တင်ရှင်ဖြစ်ကြောင်းကို ဝန်ခံခြင်း အားဖြင့် ဤအပိုင်းကို ကျွနု်ပ်တို့ပြောင်းလဲနိုင်ပါသည်။

“မာရ်နတ်၏ပရိယာယ်ကိုတားဆီးနိုင်မည့်အကြောင်း၊ ဘုရားသခင်ပြင်ဆင်တော်မူ သောလက်နက်စုံကို ယူတင်ဝတ်ဆောင်ကြလော့။ အကြောင်းမူကား၊ ငါတ့သို ည် အ သွေးအသားရှိသောရန်သူတို့နှင့်ဆိုင်ပြိုင်တိုက်လှန်ရကြမည်မဟုတ်။ အထွဋ်အမြတ်တို့ နှင့်၎င်း၊ အာဏာစက်တို့နှင့်၎င်း၊ လောကီမှောင်မိုက်၌အစိုးတရပြုသောမင်းတို့နှင့၄် င်း၊ မိုဃ်းကောင်းကင်၌နေသောနတ်ဆိုးတို့နှင့်၎င်း၊ ဆိုင်ပြိုင်တိုက်လှန်ရကြ၏။” (ဧဖက် ၆း ၁၁-၁၂ )