အပြစ်ခွင့လ် ွှတ်ခြင်းခံပြီးသူသည ် အပြစ်ပြုနိုင်ပါသလား။
အပြစ်ရဲ့တန်ခိုးသည် အဘယ်မျှလောက်အန္တရယ်ကြီးသည်ကို လူသားအနေဖြင့် နားလည်ရန် ခက် ခဲလှပါသည်။ အပြစ်က ဘဝကို အဘယ်သို့ဖျက်ဆီးပစ်နိုင်သည်ကို အမှန်တကယ် နားလည်သ ဘောပေါက်လျှင် ထိုသို့သောမေးခွန်းမျိုးကိုပင် မေးမိလိမ့်မည်မဟုတ်ပါ။
အပြစ်တရားသည် ကျွနု်ပ်တို့အား အသက်နှင့က် ယ်တင်ရှင်ကိုပေးသောဘုရားသခင်နှင့်ကင်းကွာစေ ပါသည်။ သူ့ကို အဘယ့်ကြောင့်ဆန့်ကျင်ခဲ့သနည်း။ သူသည် ကျွနု်ပ်တို့အား အနှိုင်းမဲ့မေတ္တာဖြင့် အကြွင်းမဲ့ချစ်နေသောသူဖြစ်သည်။ ကျွနု်ပ်တို့အတွက် ယဇ်ပူဇော်ခြင်းကိုလည်း လုပ်ဆောင်ပေးခဲ့ သည်။
အပြစ်တရားသည် အပြစ်သားနှင့်ပတ်ဝန်းကျင်တွင်ရှိနေသောသူတို့ကို နာကျင်ထိခိုက်စေသည်။ သင်သည် သိလျက်နှင့်အပြစ်ကျူးလွန်လျှင် ခရစ်တော်ကိုလက်ဝါးကပ်တိုင်းတွင် ပြန်၍ သံမှိုရိုက် သည်နှင့်တူပါသည်။ ယေရှုသည် သင်၏တကိုယ်ကောင်းဆန်မှုနှင့်နာမခံမှုတို့ကြောင့် အသေခံခဲ့ သည်။ သင့်အပြစ်ခွင့်လွှတ်ခြင်း၏အဖိုးအခနှင့်သင့်အတွက် ယေရှုပေးဆပ်ခဲ့သည့အ် ရာကို သင်သာ နားလည်ခဲ့မည်ဆိုလျှင် အပြစ်ကိုကျူးလွန်ရန် ရွေးချယ်တော့မည်မဟုတ်ပါ။
အပြစ်တရားကို ကျွနု်ပ်တု့ိအမြင်နိုင်သော်လည်း အသက်ကိုသတ်သည့် ရာဇဝတ်မှုကြီးတစ်ခုပင် ဖြစ်ပါသည်။ အပြစ်ကျူးလွန်တိုင်းအကျိုးဆက်ရှိသည်။ အပြစ်ကျူးလွန်သူကိုတိုက်အပေါ် တန်ပြန် သက်ရောက်မှုရှိနိုင်သည်။ သို့မဟုတ် ပတ်ဝန်းကျင်တွင်ရှိသောလူများကို ထိခိုက်စေနိုင်သည်။ ကိုယ်ပြုသောအရာကိုသိလျက် ပြစ်မှားခြင်းမှာ သင်၏သြတပစိတ်ကို စွန်းထင်းစေပြီးမယုံ ကြည် ခြင်းအခန်းကို ချန်လှစ်ထားခဲ့ခြင်းလည်းဖြစ်သည်။
ဗတ္တိဇံမင်္ဂလာတွင် ခရစ်ယာန်တစ်ဦးသည် အမှောင်မှအလင်းသို့ ကူးပြောင်းလာမှာ ဘုရားသခင်၏ အကူအညီဖြင့် အပြစ်နှင့်မကောင်းမှုတို့ကို တိုက်ခိုက်ရန် ခေါ်ထားခြင်းဖြစ်သည်။
“ထိုယုံကြည်ခြင်းမှစသည်တို့ကို အချို့သောသူတို့သည် ပယ်ပြီးလျှင်၊ ယုံကြည်ခြင်း သဘောၤပျက်၍ ဆုံးရှုံးကြပြီ။” (၁ တိမောသေ ၁း ၁၉)