အပြစ်ဟူသည်မှာ အဘယ်နည်း။ အပြစ်၏ဆိုလိုရင်းကို ဖော်ပြပါ။
အပြစ်ဟူသောအရာကို နည်းလမ်းပေါင်းများစွာဖြင့် အနက်ဖွင့်လေ့ရှိကြသည်။ ကျွန်တော်တို့၏အ တွေးအခေါ်၊ စကားလုံးနှင့်လုပ်ဆောင်ချက်တို့သည် ဘုရားသခင်၏မျက်စိတော်၌ မှန်ကန်နေသော အရာကိုဆန့်ကျင်ပြီး စုန်ကန်ထွက်သွားသောအချိန်တွင် ဖြစ်သည်။ အပြစ်ဟူသောအရာကို စကား တစ်လုံးတည်းဖြင့်သာပြောရမည်ဆိုလျှင် ဘုရားသခင်၏အသက်နှင့်ရည်ရွယ်ချက်ထဲက ဖြည်းဖြည်း ချင်းနှုတ်ယူခြင်းဖြစ်သည်ဟု ဆိုရပေမည်။ အတိုကောက်ဆိုရလျှင် စိတ်နှလုံးသည် ဘုရားသခင်ကို ပြစ်မှားလျှင် အပြစ်ဖြစ်သည်။
“ဗီဇအပြစ်” ဟူသောစကားလုံးမှာ မှားယွင်းသောအရာကိုရွေးချယ်ရန် လူသားတို့စိတ်နှလုံးသားထဲ တွင် ယိမ်းယိုင်မှုဖြစ်သည်။ ၎င်းကို အသီးအပွင့်အားဖြင့်အသီးကို သိနိုင်ပါသည်။ ထိုအသီးများမှာ မှားယွင်းသောအတွေးအခေါ်၊ မှားယွင်းသောအရာကိုလုပ်ဆောင်ခြင်း၊ ဖျက်ဆီးတတ်သောစကား လုံး၊ မှန်ကန်သောအရာကိုလုပ်ဆောင်ရန် ငြင်းပယ်ခြင်းဖြစ်သည်။
အပြစ်သည် ဘဝကို ထိခိုက်နာကျင်စေပြီး ဖျက်ဆီးသည်။ သင့်ဘဝနှင့အ် ခြားသူများ၏ဘဝသည် ဤအရာတို့၏သာဓကများပင်ဖြစ်ပါသည်။ ထိုသို့မဟုတ်လျှင် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် ပညတ်တော်ဆယ်ပါးမှာ လူတို့ရပ်တည်သောနေရာအစစ်အမှန်ကို တိုင်းတာသည့် လှံတံအဖြစ် တာ ဝန်ယူလုပ်ဆောင်သည်။
သမ္မာကျမ်းစာအရ လူအပေါင်းတို့သည် အပြစ်ကို ကျူးလွန်ကြသည်။ အဘယ်သူမျှ အပြစ်နှင့်မ ကင်းကြပါ။ အပြစ်ဒဏ်မှ အဘယ်သူမျှ မလွတ်မြောက်နိုင်ကြပါ။ အပြစ်တရားသည် ကျွနု်ပ်တို့အား ဘုရားသခင်နှင့်၎င်း၏ဖြောင့်မတ်ခြင်းတရားထဲမှ ကင်းကွာစေသည်။ အပြစ်တရား၏အခမှာ သေ ခြင်း၊ ဘုရားသခင်နှင့်ထာဝရခွဲခွါခြင်းဖြစ်သည်။ သ့ရို ာတွင် လူသည် ဘုရားသခင်၏မျက်မှောက် တော်၌ မိမိကိုယ်ကို မကယ်တင်နိုင်ပါ။ ဘုရားသခင်တစ်ပါးတည်းသာလျှင် ကယ်တင်ခြင်းအမှုကို ပြုနိုင်သည်။
“ခြားနားခြင်းအလျင်းမရှိ။ အဘယ့်ကြောင့်နည်းဟူမူကား၊ လူအပေါင်းတို့သည် ဒုစရိုက် ကိုပြု၍ ဘုရားသခင်ရှေ့တော်၌ အသရေပျက်ကြပြီ။ ယေရှုခရစ်ရွေးနှုတ်တော်မူသော အားဖြင့် အဘိုးကိုမပေးဘဲ ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ဖြောင့်မတ်ရာသို့ ရောက်ရကြ၏။” (ရောမ ၃း ၂၂-၂၄ )