ဤလောက၌ အဘယ့ေ် ကြာင့ဒ် ုက္ခခံစားနေရသနည်း။
ဤမေးခွန်းမှာ သမိုင်းတလျှောက် အချိန်ကာလတိုင်းဖြစ်ပေါ်တတ်သောမေးခွန်းဖြစ်ပါသည်။ ကောင်းမြတ်ပြီး တန်ခိုးနှင့်ပြည့်စုံသောဘုရားသခင်သည် အမှန်တကယ်ရှိနေလျှင် စစ်ပွဲတွေ၊ အစာ ခေါင်းပါးခြင်းတွေ၊ သတ်ဖြတ်မှုများနှင့်အခြားဘဝကံဆိုးမိုးမှောင်ကျခြင်းများကို အဘယ့်ကြောင့် ခွင့် ပြုရသနည်း။ တားဆီးနိုင်စွမ်းမရှိပေဘူးလား။ ကမ္ဘာပေါ်တွင်ဖြစ်ပျက်သမျှသောမကောင်းဆိုးဝါးအား လုံးကို ဖယ်ရှားနိုင်စွမ်းတန်ခိုး မရှိပေဘူးလား။
သမ္မာကျမ်းစာက ဤမေးခွန်းနှင့ပ် တ်သက်ပြီး တိုက်ရိုက်အဖြေပေးထားခြင်းမျိုးတော့မရှိပါ။ သို့ရာ တွင် ကမ္ဘာပေါ်တွင်ဖြစ်ပျက်နေသောဒုက္ခဝေဒနာများစွာကို မိမိဆန္ဒအလျောက်ရွေးချယ်ပိုင်သောအ ခွင့်၏အကျိုးဆက်အနေဖြင့် လူတို့ကိုယ်တိုင်ပြုစုသောအရာဖြစ်သည်ဟုလည်း သမ္မာကျမ်းစာက ဖော်ပြထားသည်။ စစ်ပွဲများ၊ ခက်ထန်မှုများ၊ ပြစ်မှားခြင်းများ၊ အခြားနာကျင်စရာအခြေအနေများ သည် တကယ်တော့ လူတို့ကိုယ်တိုင်ပြုသောအမှုများဖြစ်ကြသည်။ ကျွန်တော်တို့၏ဆိုးသွင်းသော ရွေးချယ်မှုအတွက် ဘုရားသခင်ကို အပြစ်မတင်သင့်ပေ။ ကျွန်တော်တို့သည် မှန်တစ်ချပ်ကို ကြည့် ကြပါစို့။
ကမ္ဘာပေါ်တွင် လူတို့ပြုသောဒုက္ခမဟုတ်သည်များလည်းရှိပါသည်။ ၎င်းတို့မှာ ဖျားနာခြင်း၊ သဘာဝ ဘေးအန္တာရယ်တို့ဖြစ်သည်။ ၎င်းတို့ကို ဘုရားသခင်က အဘယ့်ကြောင့် ကာကွယ်မပေးသနည်း။ ၎င်းတို့သည် ကျွန်တော်တို့အဖို့ ထူးဆန်းထွေလာဖြစ်နေသည်။ သု့ိရာတွင် ဘုရားသခင်သည် ကျွန် တော်တို့အား မျက်မှောက်တော်ထဲသို့ရောက်ရှိစေရန် ခက်ခဲမှုများနှင့်ဘဝအခြေအနေကို အသုံးဖြစ် ဟန်တူပါသည်။ ဒုက္ခဝေဒနာခံစားရခြင်းအတွက် အကြောင်းတရားတစ်ခုမှာ ကျွန်တော်တို့သည် အဘယ်မျှလောက်သေးငယ်သောသူများဖြစ်ပြီး ဘုရားသခင်ထံသို့လာရန် ခွန်အားပေးခြင်းမျိုးလဲ ဖြစ်ပါသည်။ တနည်းအားဖြင့် ဒုက္ခခံစားစေခြင်းက လူတို့အား တစ်ဦးကိုတစ်ဦးနီးကပ်စေပြီး လိုအပ် သောသူများကို အကူအညီပေးရန်မှာ ဘုရားသခင်၏အလိုတော်လည်းဖြစ်ပါသည်။
ဒုက္ခဝေဒနာခံစားနေရစဉ် ကျွန်တော်တို့၏နှိမ့်သိမ့်စရာနှင့်မျှော်လင့်ချက်မှာ ခရစ်တော်ပင်ဖြစ်ပါ သည်။ သူသည် လက်ဝါးကပ်တိုင်၌ အသက်စွန့်ခြင်းအာဖြင့် သေခြင်းနှင့်အပြစ်ကိုအောင်နိုင်သည်။
“ထာဝရဘုရားသည် ကျိုးပဲ့သောစိတ်ရှိသောသူတို့နှင့်နှလုံးကြေကွဲသောသူတို့ကို နီး တော်မူ၏။” (ဆာလံ ၃၄း ၁၈ )