မောရှေ၏ပညတ်တရားနှင့်ခရစ်ယာန်များ

သမ္မာကျမ်းစာတည်းဟူသော ခရစ်ယာန်တို့၏သန့်ရှင်းသောစာအုပ်ကို ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းဟူ၍ နှစ်ပိုင်းပါဝင်ပါသည်။ အချို့သောဓမ္မဆရာများက ဓမ္မဟောင်းကျမ်းသည် ခရစ်ယာန်များအတွက်မဟုတ်ဟု သွန်သင်ကြသည်။ ဤသွန်သင်ချက်ကို ပထမခရစ်ယာန် များနှင့်အသင်းတော်ကြီးများက လုံး၀ သဘောမတူကြပါ။ အာဗြဟံ၊ ဣဇာတ်၊ ယာကုပ်တို့၏ အကြောင်းပုံဝတ္ထုများသည် ဘုရားလူတို့၏သမိုင်းအစိတ်အပိုင်းများဖြစ်ကြသည်။ ဆာလံကျမ်း သည်လည်း အစအဦးကပင် အသင်းတော်၏တနင်္ဂနွေအစီအစဉ်အစိတ်အပိုင်းပင်ဖြစ်ပါသည်။

သို့ဆိုသော် မောရှေ၏ပညတ်တော်နှင့်အမိန့်တော်များကား အဘယ်သို့နည်း။ တမန်တော် ရှင်ပေါလုက ဇာတိခရစ်ယာန်များသည် မောရှေ၏ပညတ်တရားကို နာခံသင့်သည်ဟူသော အယူအဆကို အပြင်းအထန် ကန့်ကွက်သည်။ ပညတ်တရားသည် ဂျူးလူမျိုးများအတွက်သာ ပေးထားကြောင်းကို သွန်သင်ပေးသည်။ ဆယ်စုနှစ်အနည်းငယ်ကြာမြင့်လာသောအခါ ဤအ ယူအဆက အနိုင်ရရှိပြီး ဆန့်ကျင်ဘက်လည်း မရှိတော့ပေ။ အနီးကပ် ပို၍ ပို၍ လေ့လာရန် ထိုက်တန်လှသော်လည်း အဓိကအကြောင်းအရာသည် ရှုပ်ထွေပွေလိမ်မှုရှိသည်။

“ပညတ်တရား” ဟူသောစကားလုံးသည် မည်သည့်အရာကိုဆိုလိုသနည်း။

ထိုအကြောင်းကို စတင်လေ့လာရာတွင် “ပညတ်တရား” ဟူသောစကားလုံးသည် သမ္မာကျမ်း စာ၌သော်လည်းကောင်း၊ အခြားနေရာများ၌သော်လည်းကောင်း မတူညီသောအရာများစွာရှိ ကြောင်း ဆိုလိုသည်ကို မှတ်သားရန်ကောင်းပေသည်။ ဥပဒေသ သို့မဟုတ် အမိန့် သို့မဟုတ် အလေ့အကျင့် ကိုဆိုလိုသည်။ ကျွန်ုပ်တို့အနေဖြင့် သေချာလေ့လာ ဆန်းစစ်မှုပြုလျှင် ဂျူးလူမျိုးများသည် ရေးသားထားသောပညတ်တရားနှင့် ရေးသားမထားသော ပညတ်တရား ကြားတွင် တစ်ခုနှင့်တစ်ခုကြား ခွဲခြားမထားကြကြောင်းကို တွေ့ရမည်။ ထို့ကြောင့် ခရစ်ယာန် တို့သည် မတူညီသောအရင်းအမြစ်ထဲမှ ထိုစကားလုံးအတွက် မတူညီသောအဓိပယ်များကို ပိုင် ဆိုင်ထားကြသည်။

ကျွန်ုပ်တို့သည် အနည်းဆုံး အောက်ဖော်ပြပါ အကြောင်းအရာများကို မှတ်သားထားနိုင်သည်။

၁) ပညတ်တရားဟူဆိုရာတွင် သမ္မာကျမ်းစာထဲ၌ ပထမကျမ်းငါးစောင်၊ ပင်တီတုတ် ကိုခေါ်သည်။ (“ငါးအုပ်” ဟုဆိုလိုသည်။) တစ်ခုလုံးအနေဖြင့် ခြုံကြည့်လျှင် ဥပမာအားဖြင့် အာဗြဟံအကြောင်းရေးသားထားသော ရေးသားချက်များလည်းပါဝင်သည်။(ရောမ ၃း ၃၁) ဓမ္မဟောင်းကျမ်းအကြောင်း ပြောဆိုရာတွင် တစ်ဦးဦးက “ပညတ်တော်” (ဥပမာ- ပညတ္တိ ကျမ်း)၊ ပရောဖက်နှင့်ကျမ်းစာ သို့မဟုတ် “ပညတ်တော်နှင့်ပရောဖက်များ” ဟူ ခွဲခြားနိုင်ပါ သည်။

၂) ပညတ်တော်ဆိုသည်မှာ ပညတ်တရားအားလုံးကို ဆိုလိုသည်။ သခင်ဘုရားက မောရှေ အားပေးထားသောအရာများ (ဂလာတိ ၃း ၁၇) သို့မဟုတ် ၄င်း၏အစိတ်အပိုင်းလေးတစ်ခု လည်းပါဝင်သည်။ (ဂလာတိ ၅း ၂-၃)

၃) ပညတ်တရားသည် ကျွန်ုပ်တို့အား စီရင်သည့် နယ်မြေစိုးမိုးသူဖြစ်သည်။ ထိုအရာမှ အပြစ် သားတစ်ဦးသည် လွတ်မြောက်ရန် လိုအပ်သည်။ (ရောမ ၇)

၎) “ပညတ်တရား” ဟူသည်မှာ ဘုရားသခင်၏တောင်းဆိုထားသောအလိုတော်ဖြစ်သည်။ အထူးသဖြင့် လုသရင်ယုံကြည်ချက်တွင် ၄င်းသည် “ဧ၀ံဂေလိတရား” ဟူသော စကားလုံး၏ ဆန့်ကျင်ဘက်ဟုဆိုလိုသည်။
ပညတ်ရားဟူသည်မှာ ဘုရားသခင်တောင်းဆိုထားသောအရာဖြစ်သည်။ ကျွန်ုပ်တို့အား အဘယ်အရာမျှမပေးပါ။ ဧ၀ံဂေလိတရားဟူသည်မှာ ယေရှုခရစ်ကြောင့် ဘုရားသခင်က အရာအားလုံးကိုပေးထားသည်ဟု ဆိုလိုသည်။ ဘာမျှ တောင်းဆိုထားခြင်းမရှိပါ။ ဤအယူအ ဆနှစ်ခုသည် လုသာရင်ယုံကြည်ချက်တွင် အဓိက အကျဆုံးသောအကြောင်းတရားပင်ဖြစ်ပါ သည်။

၅) ပညတ်ရားဟူသည်မှာ ခရစ်ယာန်များအားပေးထားသော ဘ၀လမ်းညွှန်ဖြစ်သည်။ (“မေတ္တာတရားနှင့်ဆိုင်သောပညတ်”၊ ယာကုပ် ၁း ၅) ထို့ကြောင့် စကားလုံးတစ်လုံးသည် အဓိပယ်များစွာ ကွဲထွက်နိုင်သည်ကို မှတ်သားထား ရမည်။ ဤအကြောင်းအရာနှင့်လူများစွာက ရှုပ်ထွေးနေကြသည်မှာ အံ့သြစရာမဟုတ်ပါ။ ဤကြောင်းလေ့လာခြင်းတွင် များစွာ စိတ်ရှည်ရန် လိုအပ်သည်။

ယေရှုနှင့်ပညတ်တရားအချိန်ကာလ၌ရှိကြသော ဂျူးလူမျိုးများ

ယေရှု၏အချိန်ကာလတွင် ပညတ်တရားသည် ဂျူးလူမျိုးများအတွက် ဝါကြွားစရာ၊ ဝမ်း မြောက်စရာ၏အကြောင်းရင်းဖြစ်ခဲ့ပါသည်။ ပညတ်တရားအတိုင်းအသက်ရှင်လျှင် ဂျူးလူမျိုး များနှင့်အခြားလူမျိုးများဖြစ်ကြသော ဘုရားမဲ့များကြား မတူညီမှုများကိုဖြစ်စေသည်။ ပညတ် တရားကို ဝန်ထုတ်ဝန်ပိုးအဖြစ်မဟုတ်ဘဲ ကြီးမားသောဝမ်းမြောက်ခြင်းနှင့်ဆုကျေးဇူးဟုသာ ထင်မှတ်ကြသည်။ ဤသဘောတရားက၊ ဥပမာအားဖြင့် ဆာလံ ၁၁၉ (အပိုဒ် ၉၂) ၌ “အကျွနု်ပ်သည် ကိုယ်တော်၏တရား၌ မွေ့လျော်ခြင်းမရှိလျှင်၊ အထက်က ဆင်းရဲခံစဉ် ပျက် စီးပါပြီ”) ကို ပြသပါသည်။

ဂျူးဓမ္မဆရာများသည် ပညတ်တရား၌ အမိန့်တော်ရာပေါင်းများစွာကို ထင်ရှားစေကြသည်။ တစ်ခုချင်းစီကို ထုံးတမ်းဓလေ့အနက်ဖွင့်ခြင်းအားဖြင့် လိုက်လျှောက်ကြသည်။ ယေရှုက ဤ အကြောင်းကို “အသက်ကြီးသူတို့၏ထုံးတမ်းဓလေ့” အဖြစ် ရည်ညွှန်းထားပါသည်။

ဥပမာတစ်ခုအနေဖြင့်၊ မောရှေ၏ပညတ်တရား (တရား ၂၅း ၃) သည် ဣသရေလလူများကို ကြိမ် ဒဏ်အချက် ၄၀ ထက်မနည်းပေးခြင်းဖြင့် မထီလေးစားပြုခြင်းကို တားမြစ်ထားသည်။ ထုံးတမ်းဓ လေ့သင်ကြားပေးမှုအရ၊ ပညတ်တရားကို မှားယွင်းစွာ တွက်ချက်ခြင်းမှ ကာကွယ်ပေးပါသည်။ သို့ဖြင့် အများဆုံးအပြစ်ဒဏ်မှာ ကြိမ်ဒဏ် ၃၉ ချက်ဖြစ်သည်။ တမန်တော်ရှင်ပေါလုက ဤအ ကြောင်းအရာကို ကောရိန္တုမြို့သို့ ၎င်းရေးသားသောစာ၌ ရည်ညွှန်းပြောဆိုထားပါသည်။ ( ၂ ကော ၁၁း ၂၄) သူတို့သည် အပြစ်ပေးခြင်းခံရမည့်သူကို မသနားကြ။ အမှန်တော့ သူတို့သည် ဘုရား သခင်၏သန့်ရှင်းသောပညတ်တရားကို မပြစ်မှားမည်အကြောင်း သတိပြုရပေမည်။ ပညတ်တရား ကို “ခြံတစ်ခုဖြင့် ကာဆီး” ရန်ဖြစ်သည်။ သို့မှသာ အဘယ်သူမျှ မချိုးဖောက်ဘဲ လိုက်နာကြမည်။ မတော်တဆမှုဖြင့်လည်း မချိုးဖောက်ကြတော့ပေ။ ထိုနည်းတူစွာ ယေရှုဖော်ပြလေ့ရှိသော ဖာရိရှဲ များက ရသမျှတိုင်းအတွက် ဆယ်ဖို့တစ်ဖို့ကိုပေးကြသည်။ ဆက်လက်၍ သူယူဆောင်လာသမျှ ကို သေချာစေရန်ပြောသည်။ (လုကာ ၁၈း ၁၂) လုံးဝမပေးသည်ထက်စာလျှင် ဆယ်ဖို့ကို နှစ်ခါပြန်ပေး ခြင်းသည် ပို၍ ကောင်းပါသည်။

ပညတ်တရားတိုင်းအတွက်ဆိုရလျှင် ဤအကြောင်းအရာကို ရှင်းပြသည့် သွန်သင်ချက်တစ်ခု ရှိပါသည်။ ဤရာပေါင်းများစွာသောပညတ်တရားတို့သည် သွန်သင်ချက် ထောင်ပေါင်းများ စွာ၊ ထောင်ပေါင်းများစွာတို့နှင့်ချိတ်ဆက်မှုရှိသည်။ သို့မှသာ အလွန်လေ့ကျင့်ထူးချွန်သော သူများသာ လိုက်လျှောက်နိုင်သည်။ ထို့ကြောင့် ဖာရိရှဲတို့သည် ပညတ်တရားနှင့်၎င်းတို့၏ လေ့ကျင့်မှုနှင့်ပတ်သက်ပြီး နက်နက်ရှိုင်းရှိုင်းကျေနပ်အားရမှုကို ခံစားခဲ့ရလျှင် နားလည်ပေး နိုင်သည်။ ဂျူးလူမျိုးတစ်ဦးအနေဖြင့် ပညတ်တရားသည် လူမျိုးတစ်မျိုး၏အမှတ်အသားနှင့် သက်ဆိုင်သော အခြေခံအုတ်မြစ်ဖြစ်ပါသည်။ ၎င်းတွင် လူမှုရေးဆိုင်ရာပညတ်၊ ကိုယ်ကျင့် တရားဆိုင်ရာပညတ်၊ သခင်ဘုရားကို ဝတ်ပြုကိုးကွယ်ခြင်းအတွက် ညွှန်ကြားချက်များပါဝင် ပါသည်။

တပါးအမျိုးသားများ (ဇာတိခရစ်ယာန်များ) နှင့်ပညတ်တော်

ခရစ်တော်၏သေခြင်းနှင့်ရှင်ပြန်ထမြောက်ပြီးနောက်ပိုင်းတွင် အဓိကအကြောင်းအရာမှာ ဂျူး လူမျိုးများသည် ပညတ်ရားကို လိုက်နာရမည်။ မေရှိယကို ယုံကြည်ခြင်း၌လည်း အစပြုခဲ့ကြ ပါသည်။ လူများစွာတို့က တပါးအမျိုးသားတို့သည်လည်း ပညတ်ရားကို နာခံရမည်ဟု ထင် ကြပါသည်။ ဘုရားမဲ့လူတို့သည် ယုဒအယူဝါဒအားဖြင့် ခရစ်တော်ထံသို့ လာကြမည်ဟု တွေး တောမိခဲ့ကြသည်။ ဆိုလိုသည်မှာ လူတို့သည် ရှေးဦးစွာ အမျိုးသားတို့၏အရေဖျားလှီးခြင်းကို လုပ်ဆောင်လျက် မောရှေ၏ပညတ်တရားကို လိုက်နာရန်လိုအပ်သည်ဟု ဆိုလိုသည်။ ထို့ နောက်မှသာ လူတစ်ဦးသည် ခရစ်ယာန်တစ်ယောက်ဖြစ်လာနိုင်မည်။

တမန်တော် ပေါလုနှင့်ဗာနဗတို့က ကွဲပြားခြားနားစွာ သွန်သင်ပေးကြသည်။ ၎င်းတို့၏သာသနာပြု ခရီးစဉ်တွင် (တမန် ၁၃-၁၄) သူတို့သည် တပါးအမျိုးသားများထံ ဧဝံဂေလိတရားကို ဟောပြောခဲ့ ကြသည်။ သို့သော် မောရှေ၏ပညတ်တရားကို လိုက်လျှောက်ကြရန် မတောင်းဆိုကြပါ။ ခရစ်တော် ၌ ဘုရားသခင်လုပ်ဆောင်တော်မူသောအရာမှာ လုံလောက်လျက်ရှိပြီး ၎င်းကို ဗတ္တိဇံအားဖြင့် ရရှိ နိုင်ပါသည်။ မကြာခင်မှာဘဲ အငြင်းအခုံများရှိလာပါတော့သည်။ ရှင်လုကာက ဤသို့ဖော်ပြထားပါ သည်။

“ယုဒပြည်မှအန္တိအုတ်မြို့သို့ရောက်လာသောသူအချို့တို့က၊ သင်တို့သည် မောရှေ၏ တရားအတိုင်း အရေဖျားလှီးခြင်းကိုမခံလျှင်၊ ကယ်တင်တော်မူခြင်းသို့မရောက်နိုင်ဟု ညီအစ် ကိုတို့အား ဆုံးမသြဝါဒပေးကြ၏။ ထိုသူတို့နှင့်ပေါလု၊ ဗာနဗတို့သည် ဆွေးနွေးငြင်းခုံခြင်းများ သောအခါ၊ ပေါလုနှင့်ဗာနဗတို့သည် အခြားသောတပည့်တော်အချို့တို့နှင်တကွ၊ ထိုပြဿနာ ၏အကြောင်းကြောင့် ယေရုရှလင်မြို့၌နေသောတမန်တော်တို့နှင့်သင်းအုပ်တို့ထံသို့သွားရ မည်အကြောင်းကို စီရင်ကြ၏။” (တမန် ၁၅း ၁- ၂) 

ပေါလု၏ရှုထောင့်ကို ဂလာတိကျမ်းစာတွင် ဖတ်ရှုနိုင်ပါသည်။

“ပညတ်တရား၏အကျင့်ကို အမှီပြုသောသူရှိသမျှတို့သည် အကျိန်နှင့်စပ်ဆိုင်ကြ၏။ အကြောင်းမူကား၊ ပညတ္တိကျမ်းစာ၌ ပါသမျှသောစကားတို့ကို အမြဲမကျင့်သောသူတိုင်း ကျိန် တော်မူခြင်းကို ခံစေသတည်းဟု ကျမ်းစာလာ၏။ တဖန်တုံ၊ ဖြောင့်မတ်သောသူသည် ယုံ ကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။” (ဂလာတိ ၃း ၁၀- ၁၁)  

“ပညတ်တရားအားဖြင့် ဖြောင့်မတ်ရာသို့ရောက်သမျှသော သင်တို့သည် ခရစ်တော် နှင့်ကွာ၍ ကျေးဇူးတရား၌မတည်၊ ရွေ့လျော့ကြပြီ။” (ဂလာ ၅း ၄) 

တမန်တော်တို့၏အစည်းအဝေးတွင် ပေါလု၏အမြင်က အနိုင်ရရှိသွားသည်။ ရှင်လုကာ ခရစ်ဝင်ကျမ်းအရ၊ ထိုအယူအဆကို ပေတရုနှင့်ယာကုပ်က ပုံဖော်ကြသည်။ ပေတရုက အောက်ပါအတိုင်းဆိုသည်။

“သို့ဖြစ်လျှင်၊ ငါတို့နှင့်ငါတို့ဘိုးဘေးများ မထမ်းနိုင်သော ထမ်းပိုးကို တပည်တော်တို့ ၏လည်ပင်းပေါ်၌ တင်စေခြင်းငှါ အဘယ့်ကြောင့် ဘုရားသခင်ကို စုံစမ်းကြသနည်း။” (တမန် ၁၅း ၁၀) 

ယာကုပ်က ဤသို့ဆိုသည်။

“တပါးအမျိုးသားတို့အထဲမှ ဘုရားသခင်ထံသို့ ပြောင်းလဲလာသောသူတို့ကို မနှောက် ရှက်ဘဲလျက်။” (တမန် ၁၅း ၁၉) 

တမန်တော်တို့၏စည်းဝေးခြင်းတွင် အသေးစိတ်ပေးထားသည်။ ၎င်းမှာ တပါးအမျိုးသားများ သည် ဂျူးများနှင့်အတူတကွ ပူးပေါင်းနေထိုင်နိုင်မည့် အကြံပေးချက်ဖြစ်ပါသည်။ ဥပမာအား ဖြင့် ဂျူးလူမျိုး အသိုင်းအဝန်းကြားအသက်ရှင်နေသည်နှင့်ချက်ချင်း အသွေးကို မစားရန် သို့မ ဟုတ် မသောက်ရန် ညွှန်ကြားချက်ကို နားလည်သည်။ သဘောမတူလျှင် မစားဘဲနေစေ။ ၎င်းမှာ အဓိကအကြောင်းအရာကို မဆန့်ကျင်သည့်အသေးစိတ်အကြောင်းဖြစ်သည်။ တပါးအမျိုးသားများသည် မောရှေ၏ပညတ်ကို လိုက်နာရန်မလိုအပ်ပေ။ ဂျူးလူမျိုးများက လိုက်နာရမည်။ သို့ရာတွင် သူတို့အတွက်မူ ကယ်တင်ခြင်းရရှိရန် နည်းလမ်းမဟုတ်ပေ။ လူအနည်းစုကသာ ပေါလု၊ ပေတရုနှင့်ယာကုပ်တို့၏စကားကိုငြင်းဆိုပြီး တပါးအမျိုးသားများ ကို မောရှေ၏ပညတ်တရားအောက်၌ ရှိစေလိုကြသည်။ ထိုအကြောင်းကြောင့် အချိန်တန်သောအခါ တရားစီရင်မှုကိုပြုကြသည်။ အဘယ့်ကြောင့်ဆိုသော် ပေါလု၏စကား များကို ပေါ့ပေါ့တန်တန်မထားရန်ဖြစ်သည်။

ထို့ကြောင့် ပညတ်တရားကို အဆုံးသတ်ပါသလား။

အခြေခံအကြောင်းတရားမှာ ရိုးစင်းပါသည်။ မောရှေ၏ပညတ်တရားကို တပါးအမျိုးသားတို့ အားပေးထားခြင်းမဟုတ်သောကြောင့် ကျွနု်ပ်တို့အနေဖြင့် ၎င်းကို လိုက်နာရန် မလိုအပ်ပါ။

ဤနေရာ၌ “ပညတ်တော်” ဟူသောစကားလုံးသည် မောရှေအားပေးသောပညတ်တရားကို ရည်ညွှန်းထားကြောင်း အလေးအနက်ထားရန် လိုအပ်ပါသည်။ “ပညတ်တော်” ဟူသောစ ကားလုံး၏အဓိပယ်များစွာကို ဆင်ခြင်မိမည်ဆိုလျှင် ကျွနု်ပ်တို့လည်း လက်တွေ့အသုံးချနိုင် ပါသည်။ ဥပမာအားဖြင့် “ဘုရားသခင်၏တောင်းဆိုထားသောအလိုတော်” ရှိသည်။ ခရစ် ယာန်များသည်လည်း ထိုအလိုတော်ကို လိုက်နာရမည့် တာဝန်ရှိသည်။ သို့ရာတွင် ဤအရာ သည် နောက်ပိုင်းတွင် ဆွေးနွေးမည့်အခြားအကြောင်းအရာတစ်ခုဖြစ်ပါသည်။

တပါးအမျိုးသားခရစ်ယာန်များကို မောရှေ၏ပညတ်တရားက ချုပ်နှောင်မထားကြောင်း ဓမ္မ သစ်ကျမ်းက အတိအလင်းဖော်ပြထားသည်ဖြစ်၍ ကျွနု်ပ်တို့အစပြုရာနေရာသည် ရှင်းလင်းမှု ရှိပါသည်။ ထိုနည်းတူစွာ ဓမ္မသစ်ကျမ်းက ဓမ္မဟောင်းကျမ်းတွင် ဘုရားသခင်ပေးခဲ့သော ပညတ်တရားကိုလည်း မကြာခဏရည်ညွှန်းထားသည်။ (ဥပမာ မဿဲ ၅း ၂၁၊ ၂၇) ထို့ ကြောင့် ပညတ်တရားအားလုံးသည် ဖျက်ဆီးခြင်းမခံရပါဟူသောအချက်ကို ကျွနု်ပ်တို့ နားလည်နိုင်ပါသည်။ ကျွနု်ပ်တို့သည် မည်သည့်အပိုင်းကိုပိုင်ဆိုင်ပြီး မည်သည့်အပိုင်းသည် ကျွနု်ပ်တို့နှင့်အပ်စပ်မှုမရှိသည်ကို နားလည်ဖို့ကြိုးစားကြရာတွင် အစပြုရာအချက်သည် ပညတ်တရားသည် ကျွနု်ပ်တို့အတွက်မဟုတ် ဟူသော ရှင်ပေါလု၏သွန်သင်ချက်ပင်ဖြစ်ပါ သည်။ ကျွနု်ပ်တို့လုပ်ဆောင်ရန်ပြောဆိုထားသောအရာတစ်ခုခုရှိလျှင် လူတစ်ဦးကပြောဆို လျှင် ထိုပြောဆိုခြင်းအတွက် မျှတမှုရှိစေရပါမည်။ အဘယ်သူမျှ မိမိကျေနပ်အားရခြင်းအ တွက် ပညတ်တရား၏အစိတ်အပိုင်းကို ရွေးချယ်ထားခြင်းမပြုပေ။ ဥပမာအားဖြင့် အကြော ကိုမစားရဟူသောအမိန့်ဖြစ်သည်။ ၎င်းသည် လူအားလုံးတွင်ရှိသည်။ ကျွနု်ပ်တို့အဘယ့် ကြောင့် လိုက်နာသည်ကို လူတစ်ဦးက မျှတစွာဆုံးဖြတ်နိုင်ရမည်။ ထိုသွန်သင်ချက်သည် မှန်ကန်ကြောင့် အတည်ပြုရန် သန့်ရှင်းသောဝိညာဉ်တော်သည် နားထောင်သောသူတို့၏ စိတ်နှလုံးတွင် အတည်ပြုရန် လိုအပ်သည်။ သို့မဟုတ်လျှင် သွန်သင်သောသူသည် “ရိုင်း သောစိတ်တစ်ခု” ရှိသူသာဖြစ်ပြီး ကိုယ်ကိုသိသောစိတ်ကို ချုပ်နှောင်သောသူဖြစ်သည်။

ကျွနု်ပ်တို့ပြောဆိုနိုင်သောအရာ။

၁) ဟေဗြဲသြဝါဒစာစောင်အရ၊ ခရစ်တော်သည် ၎င်း၏ကိုယ်ကိုစွန့်ခြင်းနှင့်အတူ ယစ်ပူဇော် ခြင်းအားလုံးကို ပေါများစေသည်။ ၎င်းသည် လာလတံ့သောအရာ၏ ကောင်းသောအရိပ်သာ လျှင်ဖြစ်ပါသည်။ ဤနည်းအားဖြင့် ယဇ်ပူဇော်ခြင်းဆိုင်ရာပညတ်များကို ခရစ်ယာန်များနှင့် ပတ်သက်ပြီး ဖျက်ဆီးခဲ့သည်။ သို့ဖြစ်သောကြောင့် ကျွနု်ပ်သားငယ်လေးမွေးဖွါးပြီးနောက် ခိုငယ်နှစ်ကောင်ကိုပူဇော်ရန် ဗိမာန်တော်သို့သွားရန် မကြိုးစားတော့ပါ။ (လုကာ ၂း ၂၄)

၂) ယေရှု၏အလိုအရ (မာကု ရး ၁၅) ၊ အစားအသောက်အားလုံးသည် သန့်ရှင်းသည်။ ထိုအ ကြောင်းကို ပေါလုက အရိုအသေပြုသည်။ (ရောမ ၁၄း ၁၄) သိုဖြစ်သောကြောင့် မောရှေ၏ ပညတ်တော်က ငြင်းပယ်ထားသော်လည်း (ဝတ် ၁၁း ၇-၁၂) ကျွနု်ပ်တို့သည် ဝတ်သား၊ နှင့် အကြောများကို စားသုံးနိုင်ပါသည်။ ကျွနု်ပ်တို့ခရစ်ယာန်များသည် အခြားသူများ၏ကိုယ်ကို သိသောစိတ်ကို မထိခိုက်မနာကျင်စေရန် စားသုံးသည့်အရာများကို ဆင်ခြင်သောအခါ အတင့်အသင့်နေခြင်းသည် ကောင်းလှပါသည်။ သို့သော် အစားအသောက်၌ပင်လျှင် ခရစ် ယာန်များကို ညစ်ညူးစေသည်မဟုတ်။ သို့ဆိုလျှင် မစားလျှင် ပို၍ပင်ကောင်းပေမည်။

၃) မောရှေ၏ပညတ္တိကျမ်းအရ၊ ဥပမာအားဖြင့် ကာမဆက်ဆံခြင်း(ဝတ် ၁၅း ၁၆-၁၈) သည် ဘာသာရေးညစ်ညူးစေခြင်းသို့ဦးဆောင်သွားပြီး ရာသီပေါ်ခြင်းနှင့်သေသောသူ၏အလောင်း ကို ထိခြင်းသည်လည်း မသန့်ရှင်းခြင်းဖြစ်ကြောင်းဆိုသည်။ အပြစ်ပြုမိခြင်းတစုံတရာမရှိပါ။ တနည်းအားဖြင့်ဆိုရလျှင် ကိုယ့်အဖေရဲ့အလောင်းကို သဂြိၤုလ်လျှင်ပင် မှားယွင်းသောအရာ ဖြစ်ပါသည်။ သို့ရာတွင် မောရှေ၏ပညတ္တိကျမ်းအရ၊ လူတစ်ဦးသည် သူ/သူမ သည် မိမိကိုယ် ကို ဆေးကြောပြီး နောက်တနေ့ညနေအထိ အခြားသူမျာနှင့်မပေါင်းမဖော်ရပေ။ အဘယ့် ကြောင့်ဆိုသော် သူတို့သည် မသန့်ရှင်းသောသူများဖြစ်ကြပါသည်။ ဤအရာသည် ဇာတိ ခရစ်ယာန်များအတွက် အသုံးချစရာမဟုတ်ပါ။

၄) မောရှေ၏ပညတ္တိကျမ်းကို ဣသရေလလူ့အဖွဲ့အစည်း၏ဥပဒေသအဖြစ်လည်းအသုံးပြုထား ပါသည်။ ကျွနု်ပ်တို့အတွက်မဟုတ်ပါ။ ကျွနု်ပ်တို့သည် ရန်ဖြစ်လျှင် နိုင်ငံ့ဥပဒေအရ အပြစ်ပေးခြင်း ကို ခံရမည်။

ပညတ်တရား၏အစိတ်အပိုင်းကို ဤသို့ခွဲထားခြင်းကို ရှင်းရှင်းလင်းလင်းဖျက်ဆီးသည်။ သို့ ရာတွင် တပါးအမျိုးသားခရစ်ယာန်များလည်း အသုံးချနိုင်သည့် ပညတ်တရား၏အခြားအ စိတ်အပိုင်းစရင်းတစ်ခုကို ပြုလုပ်နိုင်ပါသည်။

၁။ ကိုယ်ကျင့်တရားဆိုင်ရာပညတ်၊ ပညတ်တော်ဆယ်ပါး၏ထောင့်တိုင်သည် ကျွနု်ပ် တို့ ခရစ်ယာန်များတွင် လက်တွေ့အသုံးချသည်။ ဥပမာအားဖြင့် ကျွနု်ပ်သည် မည်သူ့ကိုမျှ မသတ်ပါ။ မင်္ဂလာပွဲကိုလည်း မဖျက်ပါ။ သူများ မကောင်းကြောင်းလဲ မပြောပါ။ ပထမခရစ် ယာန်များသည် ကိုယ်ကျင့်တရားဆိုင်ရာပညတ်ကို ချိုးဖောက်ကြသည်။ ထိုအကြောင်းကို ဥပမာအားဖြင့် ၁ ကော ၆း ၉-၁၁ နှင့် ဂလာတိ ၅း ၁၆- ၂၆ တွင်ရှိ ဓမ္မသစ်ကျမ်းရှိ ကိုယ်ကျင့် တရားနှင့်ပြစ်မှုစာရင်းတွင် တွေ့ရှိရပါသည်။

၂။ “ပညတ်တရား”တည်းဟူသော “ဘုရားသခင်တောင်းဆိုထားသောအလိုတော်” ဟူသော အဓိပယ်တွင် ရောမ ၃း ၁၉-၂၀ သို့ ပေါလုရေးသားရာတွင် ရည်ညွှန်းထားသော ဝိညာဉ်ရေးရာအသုံးအနှုန်းများရှိပါသည်။ “ပညတ်တရား၌ ပါသမျှသောစကားတို့သည် ပညတ်တရားကိုခံသောသူတို့နှင့်စပ်ဆိုင်သည်ကို ငါတို့သိကြ၏။ ထိုသို့ဖြစ်၍၊ လောကီသား အပေါင်းတို့သည် စကားတခွန်းကိုမျှ မပြောနိုင်ဘဲ ဘုရားသခင့်ရှေ့တော်၌ အပြစ်သင့်သော သူဖြစ်ကြ၏။ ထိုသို့ပညတ်တရားသည် ဒုစရိုက်အပြစ်ကို ထင်ရှားစေသည်ဖြစ်သောကြောင့်၊ ပညတ်တရား၏အကျင့်အားဖြင့် ဘုရားသခင်ရှေ့တော်၌ အဘယ်သူမျှ ဖြောင့်မတ်ရာသို့ မရောက်ရာ။”

ပညတ်တရားနှင့်ပတ်သက်ပြီး အခြားမေးခွန်းများရောက်လာသောအခါ၊ ခရစ်ယာန်တိုင်း သည် ၎င်းတို့၏ကိုယ်ကိုသိသောစိတ်ကို နားထောင်သင့်ပါသည်။

အချို့သောသူများက တမန်တော် ၁၅ တွင် ကြီးထွားမှုအတွက် အသွေးအသုံးပြုခြင်းကို တား မြစ်ထားသည်ဟု ထင်ကြသည်။ ဤသို့ စဉ်းစားဆင်ခြင်ရန်မှာ ကောင်းပါသည်။

အသင်းတော်များစွာက ၎င်းတို့အသင်းဝင်များအား ဆယ်ဖို့တစ်ဖို့ပေးရန် တောင်းဆိုကြသည်။ ဤတောင်းဆိုမှုကို ဓမ္မသစ်က လုံး၀ မတောင်းဆိုပါ။ သို့ရာတွင် လောဘမကြီးရန်သတိပေး ထားပြီး ကိုယ့်ဆန္ဒဖြင့်များစွာပေးရန် တောင်းဆိုထားပါသည်။ သို့ရာတွင် ဆယ်ဖို့တဖို့ပေးရန် အဘယ်သူ၌မျှ တာဝန်မရှိပါ။

ဓမ္မသစ်ကျမ်း၌ ဖော်ပြမထားသော်လည်း ဓမ္မဟောင်းကျမ်းက ဆေးမင်ကြောင်ထိုးခြင်းကို ထားမြစ်ထားသည်။ (ဝတ်ပြု ၁၉း ၂၈) ဓမ္မသစ်ကျမ်း၌ လူတို့အား အကြိမ်ပေါင်းများစွာ သတိ ပေးထားသည်မှာ ၎င်းတို့၏ကိုယ်ကာယထင်ရှားမှုကို များစွာ အာရုံမထားရန်ပင်ဖြစ်သည်။

ယောကျ်ားများကို ဆံပင်ရှည်ရှည်ထားရန် မောရှေ၏ပညတ်တော်၌ တွေ့ရခဲသည်။ (ဝတ် ၁၉း ၂၇) သို့ရာတွင် ဤတောင်းဆိုချက်သည် အထက်တွင်ပေးထားသော ထုတ်ပစ်ထားသော အတန်းအစားမည်သည့်အရာနှင့်မျှ အပ်စပ်မှုမရှိပါ။ ဤမေးခွန်းများတွင် မှားသောအရာနှင့်မှန်ကန်သောအရာကိုပြောပြရန် ခရစ်ယာန်တို့၏ ကိုယ် ကိုသိသောစိတ်၏ကောင်းသောလုပ်ဆောင်မှုတွင် ချန်ရစ်ခဲ့ကြပါစို့။

လူသာနှင့်ပညတ်တရား

မာတင်လူသာက အသင်းတော်၌ ပညတ်တရားသွန်သင်ခြင်းအမှုကို ရပ်တန့်ရန် ကြိုးစား အားထုတ်ခြင်းကို အခိုင်အမာ ငြင်းဆိုထားပါသည်။ ထိုအကြောင်းကို လုံးဝနားလည်သဘော ပေါက်ရန် အလွန်ပင် အရေးကြီးပါသည်။ အကြောင်းမှာ လူသာအနေဖြင့် “ပညတ်တရား” ဟု ဆိုရာတွင် အထူးသဖြင့် “ဘုရားသခင်၏တောင်းဆိုထားသောအလိုတော်” ကို ဆိုလိုသည်။ မောရှေ၏ပညတ်တရားတစ်ခုတည်းသာမဟုတ်၊ သန့်ရှင်းခြင်းနှင့်ဆိုင်သော ပညတ်လည်း ပါဝင်ပါသည်။

ဂလာတိသြဝါဒစာစောင်တွင် ဖော်ပြထားသော အငြင်းအခုံသည် လွန်ခဲ့သောနှစ်ပေါင်း ၁၅၀၀ ကျော်က ဖြစ်ပျက်ခဲ့သောအရာဖြစ်သည်။ ထို့အပြင် ၎င်း၏အကျိုးသက်ရောက်မှုသည် လုသာ၏ခေတ်ကာလတွင် ကောင်းမွန်စွာ နားလည်သဘောပေါက်ကြပါသည်။ ထိုသို့လုပ် ဆောင်မည့်အစား ပြဿနာမှာ ဓမ္မဆရာတို့သည် ဘုရားသခင်၏တောင်းဆိုထားသောအလို တော်အကြောင်းသွန်သင်ခြင်း၌ တိတ်ဆိတ်နေရန် ကြိုးစားအားထုတ်ကြခြင်းဖြစ်သည်။ လုသာ၏အလိုအရ၊ ၎င်းသည် ဧဝံဂေလိတရားကို ဆုံးရှုံးနိုင်သည့် နည်းလမ်းလည်းဖြစ်ပါ သည်။

နောက်ပိုင်းတွင် လုသာရင်ဓမ္မပညာရှင်များက ပညတ်တရားတွင်ပါဝင်သော အသုံးပြုချက် သုံးခု သို့ဟုတ် ရည်ရွယ်ချက်များကို အဓိပယ်သတ်မှတ်လာကြသည်။ မတူညီသည့် နည်း လမ်းသုံးခုဖြင့် ပညတ်တရားကို လူတို့အား ပေးထားသည်။

၁။ ၎င်းက စည်းမျဉ်းစည်းကမ်းအောက်တွင် ထိန်းချုပ်မရသောအရာနှင့်နာမခံသောလူများကို ထိန်းသိမ်းထားသည်။

၂။ လူတို့အား ၎င်းတို့အပြစ်ကို သိမှတ်လာစေရန် သွန်သင်ပေးသည်။

၃။ ခရစ်ယာန်များအတွက် ခိုင်မြဲသောလမ်းညွှွန်တစ်ခုဖြစ်သည်။ ထိုအချက်နှင့်အတူ လူတို့ သည် ၎င်းတို့၏ဘဝတစ်ခုလုံးကို တည်ဆောက်ပြီး ရှေ့သို့တက်လှမ်းစေသည်။ အကြောင်းမှာ သူတို့သည် “ဇာတိ” အလိုကို မလိုက်ရတော့ပေ။

ခရစ်ယာန်တစ်ဦးသည် ဘုရားသခင်၏ကောင်းမြတ်သောအလိုတော်ကို နားထောင်ရမည်။ သို့ရာတွင် ကျွနု်ပ်တို့သည် မောရှေ၏ပညတ်တော်၌ရှိသော စည်းမျဉ်းစည်းကမ်းများက ချုပ်ကိုင်ထားခြင်းမရှိရပါ။