ကိုယ်တော်သည် အဘယ်သူဖြစ်ပါသနည်း။

Writer: 
Erkki Koskenniemi ဓမ္မပညာဒေါက်တာဘွဲ့

၁။ “ကိုယ်တော်သည် မိမိကိုယ်ကို အမှန်တကယ် ဖုံးကွယ်သောသူဖြစ်ပါသည်…”

“ယာကေသားအာရုရသည် ဣသရေလနှင့်ဥကလကိုဆုံးမသောတရားစကား ဟူမူကား၊ အကယ်စင်စစ်ငါသည် လူမဟုတ်၊ တိရစ္ဆာန်ဖြစ်၏။ လူ့ဉာဏ်နှင့်မပြည့်စုံ၊ ပညာတရားကို မသင်၊ သန့်ရှင်းသောအရာတို့ကို မလေ့ကျက်။ ကောင်းကင်ဘုံသို့ အဘယ်သူတက်သ နည်း။ အဘယ်သူဆင်းလာသနည်း။ အဘယ်သူသည် လေကို မိမိလက်နှင့်ဆုပ်ကိုင်သ နည်း။ အဘယ်သူသည် ရေကို အဝတ်နှင့်ဆုပ်ထားသနည်း။ မြေကြီးစွန်းရှိသမျှတို့ကို အ ဘယ်သူတည်စေသနည်း။ ထိုသို့ပြုသောသူ၏အမည်နှင့်သူ၏သားအမည်ကား အဘယ် သို့နည်း။ သင်ပြောနိုင်သလော။ ဘုရားသခင်၏စကားတော်ရှိသမျှသည် စင်ကြယ်၏။ ခို လှုံသောသူအပေါင်းတို့၌ ဘုရားသခင်သည် အကွယ်အကာဖြစ်တော်မူ၏။ စကားတော် တို့၌ ထပ်၍မသွင်းနှင့်။ သို့ပြုလျှင် အပြစ်တင်တော်မူ၍၊ သင်သည် မုသာသုံးသောသူဖြစ် လိမ့်မည်။”
(သုတ္တံ ၃၀း ၁-၆)

များစွာသောသူတို့အတွက် ဘုရားသခင်သည် နက်နဲသောအရာကို လျှိုထားသည်။ သူနှင့်ပတ်သက် ပြီး ကျွနု်ပ်တို့က မည်သို့ပင် သတိရှိရှိတွေးဆချင့်ချိန်ပြီးပြောနေသော်လည်း ၎င်းသည် အရေးကြီး သောအရာမဟုတ်ပါ။ သူသည် ကျွနု်ပ်တို့နားမလည်နိုင်သောဘုရားဖြစ်ပါသည်။ ကျွနု်ပ်တို့သည် ဘု ရားသခင်ကို မမြင်တွေ့နိုင်သကဲ့သို့ ပုံတူရေးဆွဲ၍လည်း မရနိုင်ပါ။ သူနှင့်ဆွေးနွေးတိုင်ပင်၍လည်းမ ရပါ။ သို့မဟုတ် တစ်စုံတစ်ခုအပေါ် သူ၏ယူဆချက်ကို မေးမြန်း၍လည်း မရနိုင်ပါ။ သူသည် မရှင်း လင်းသော၊ ဝေးကွာသော၊ အလှမ်းဝေးသောသူဖြစ်ပါသည်။ သူသည် အမှန်တကယ် စစ်မှန်သော သူဖြစ်ပါရဲ့လား။ ကျွနု်ပ်တို့က ရှာဖွေတွေ့ရှိရန် ရုန်းကန်နေရသော်လည်း အပြည့်အ၀ နားလည်နိုင် စွမ်းမရှိပါ။

ကျွနု်ပ်တို့လုသရင်ယုံကြည်ချက်တွင် အဓိကသော့ချက်တစ်ခုကို ဤနေရာတွင် ရင်ဆိုင်ကြုံတွေ့နေ ရကြပါသည်။ ၎င်းမှာ ဘုရားသခင်သည် ပုန်းရှောင်သည်၊ လူ့ဉာဏ်အားဖြင့် မမှီနိုင်သောဘုရား၊ နားလည်ရန် သူအလိုရှိသောအရပ်တွင်သာ နားလည်နိုင်သည်ဟူ၍ဖြစ်သည်။ ဘုရားသခင်သည် လူတို့နားမလည်နိုင်သောဘုရားဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူသည် အပြစ်ရှိသောသူတို့ ဘက်သို့ကျောကိုသာပြပြီး မိမိကိုယ်ကို ပုန်းကွယ်ထားပါသည်။ အသင်းတော်ခေါင်းဆောင်တစ်ပါး က “ဖမ်းဖို့အခွင့်မရှိလျှင် စာကလေးတစ်ကောင်ကိုမျှ ဖမ်းပိုင်ခွင့်မရှိပါ၊ သို့ဖြစ်၍ ဘုရားသခင်ကို ကောင်းစွာ ဆုပ်ကိုင်နိုင်စွမ်းရှိသည်ဟုဆိုခြင်းမှာ ဘုရားသခင်သာလျှင် အတွေ့ခံခြင်းမရှိလျှင် အဘယ်သို့ဖြစ်စိတ်ကူးနိုင်ပါမည်နည်း” ဟုဆိုပါသည်။
သမ္မာကျမ်းစာထဲတွင် ဒုက္ခအခံရဆုံးသောသူ ယောဘက ဤသို့ဆိုသည်။

“ငါ့ရှေ့မှာ ကြွတော်မူ၍ ကိုယ်တော်ကို မမြင်ရ။
ရှောက်သွားတော်မူ၍ ကိုယ်တော်ကို ငါမရိပ်မိရ။
သိမ်းယူတော်မူသောအခါ အဘယ်သူသည် ဆီးတားနိုင်သနည်း။
ကိုယ်တော်သည် အဘယ်သို့ပြုသနည်းဟု
အဘယ်သူဆိုဝံ့သနည်း။ ဘုရားသခင်သည် အမျက်ပြေတော်မမူလျှင်၊
မာနကြီး၍ အားပေးသောသူတို့သည် ရှေ့တော်၌ နှိမ့်ချခြင်းကို
ခံရကြ၏။ ထိုမျှမက ငါသည် အဘယ်သို့ပြန်လျှောက်ရအံ့နည်း။
ရှေ့တော်၌ အဘယ်သို့သောစကားကိုရွေး၍ လျှောက်ရအံ့နည်း။
ငါသည် ဖြောင့်မတ်သော်လည်း ပြန်၍ မလျှောက်ဝံ့ဘဲ၊
တရားမှုကို ဆုံးဖြတ်တော်မူသောအရှင်ကို တောင်းပန်ရုံမျှသာပြုရ၏။
ငါခေါ်၍ အရှင်သည် ထူးတော်မူသော်လည်း၊ ငါ့စကားကို
နားထောင်တော်မူမည်ဟု ငါမယုံနိုင်။ အကြောင်းမူကား၊
မိုဃ်းသက်မုန်တိုင်းဖြင့် ငါ့ကို ညှင်းဆဲ၍၊ အကြောင်းမရှိဘဲ ငါ၌
အနာတို့ကို များပြားစေတော်မူ၏။ ငါ့ကို အသက်ရှူရသောအခွင့်မပေး။
ခါးစွာသော ဝေဒနာနှင့်ပြည့်စုံစေတော်မူ၏။ တန်ခိုးကို အမှီပြုမည်ဆိုသော်၊ ဘုရားသခင်သည် တန်ခိုးကြီးတော်မူ၏။ တရားကို
အမှီပြုမည်ဆိုပြန်သော် အဘယ်သူသည် ငါ့ဘက်၌
သက်သေခံမည်နည်း။ ကိုယ်အပြစ်ကိုပြေစေခြင်းငှါပြုလျှင်၊
ကိုယ်စကားအားဖြင့် တရားရှုံးလိမ့်မည်။ ငါသည် စုံလင်ပြီဟုဆိုပြန်လျှင် ငါသဘောကောက်ကြောင်း ထင်ရှားလိမ့်မည်။ တဖန်စုံလင်သော်လည်း၊ ကိုယ်စိတ်သဘောကို ကိုယ်မသိရ။ ကိုယ်အသက်ကို ပမာဏမပြုရ။ ငါပြောအံ့သောစကားတစ်ချက်ဟူမူကား၊ ဘုရားသခင်သည်
စုံလင်သောသူတို့ကို၎င်း၊ ဆိုးညစ်သောသူတို့ကို၎င်း ဖျက်ဆီးတော်မူတတ်၏။ ချက်ခြင်းဘေးတစုံတခုရောက်သောအခါ အပြစ်မရှိသောသူခံရသည် အကြောင်းကို ရယ်တော်မူ၏။ မြေကြီးကိုလူဆိုးလက်၌ အပ်၍ တရားသူကြီးတို့၏မျက်နှာကို ဖျက်တော်မူ၏။ သို့မဟုတ် ထိုအမှုကို စီရင်သောသူကား အဘယ်သူနည်း။”
(ယောဘ ၉း ၁၁-၂၄)

ကျွနု်ပ်တို့သည် နှုတ်ကပတ်တော်အားဖြင့် ကျွနု်ပ်တို့ထံ မိမိကိုယ်ကိုထင်ရှားပြသောသူမှတပါး အ ခြားသောဘုရားကို လုံးဝနားလည်ကြမည်မဟုတ်ပါ။ ကိုယ်ကိုဖုံးကွယ်ထားသောဘုရားကို အဘယ် သူမျှ ချဉ်းကပ် သို့မဟုတ် နားလည်၍ မရပါ။ အကြင်တစ်ဦးတစ်ယောက်က ကြိုးစားအားထုတ်လျှင် ပင် သူ သို့မဟုတ် သူမသည် ကျရှုံးလိမ့်မည်။ စိတ်ပျက်သွားလိမ့်မည်။ နောက်ဆုံးတွင် အရှုံးနှင့်သာ အဆုံးသတ်သဖြင့် ဘုရားကိုပင်မုန်းတီးလာမည်။ သူက တွေ့သည်ဟုထင်မြင်ယူဆသော်လည်း သူ ကိုယ်တိုင်ဖန်တီးထားသော ရုပ်တုကိုသာ တွေ့မြင်ရပါသည်။

ဘုရားသခင်သည် အသက်ရှင်လျက်ရှိသေးသည်။ ကျေးဇူးကရုဏာနှင့်ပြည့်လျက်နေသေးသည်။ ဆုတောင်းသံကို နားညောင်းလျက်ရှိသေးသည်။ သူသည် စစ်မှန်သောဘုရားဖြစ်ပါသည်။ ပျော်ရွှင် ရယ်မောစရာလေးများကို စုစည်းပြီးဖြစ်တည်လာသောဘုရားမဟုတ်ပါ။ လူသားအနေဖြင့် သူ့ကို ရှာဖွေတွေ့ရှိနိုင်ပါသည်။ သူကလည်း လူကို ရှာဖွေတွေ့ရှိနိုင်ပါသည်။ ကျွနု်ပ်တို့သည် ထိုသို့ဖြစ်စေ လိုလျှင် ကျွနု်ပ်တို့လူသားငယ်များသည် အနန္တတန်ခိုးနှင့်ပြည့်စုံသောဘုရားသခင် မိန့်တော်မူသည့် အရာများကို အလေးထားနားထောင်ရပါမည်။

သူအတွေ့ခံသည့်အရပ်တွင် ကျွနု်ပ်တို့က ရှာဖွေရပါမည်။ သူပုန်းရှောင်လိုသည့်အရပ်တွင် ရှာဖွေ ရန်မဟုတ်ပါ။ သမ္မာကျမ်းစာကသာလျှင် အသက်ရှင်ပြီး စစ်မှန်သောဘုရားသခင်ထံသို့ ဦးဆောင် သွားပါလိမ့်မည်။ လူတွေဖန်တီးယူထားသောအရာက ဘုရားသခင်ထံ ပို့ဆောင်ပေးမည်မဟုတ်ပါ။ ဘုရားသခင်၏နှုတ်တော်ထွက်မပါဘဲ လူ့ဉာဏ်ပညာအစွမ်းအစဖြင့် တွန်းအားရှိရှိလုပ်ဆောင်သော် လည်း အဘယ်သူမျှ ၎င်းကို ဖြေရှင်းနိုင်မည်မဟုတ်ပါ။

“ဘုရားသခင်၏စကားတော်ရှိသမျှသည် စင်ကြယ်၏။ ခိုလှုံသောသူအပေါင်းတို့၌ ဘုရားသခင်သည် အကွယ်အကာဖြစ်တော်မူ၏။”
(သုတ္တံ ၃၀း ၅)

၂။ အမှန်တရားနှစ်ခု

ဤကမ္ဘာကြီးမှာ အမှန်တရားနှစ်ခုရှိသည်။ ပထမအမှန်တရားမှာ မျက်စိဖြင့်မြင်နိုင်၊ ကြားနိုင်ပြီး ထိ တွေ့နိုင်ခွင့်လည်းရှိသည်။ အခြားတစ်ခုမှာ ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့်သာ ဖော်ပြ ထားပါသည်။ သမ္မာကျမ်းစာက အခြားသူများသည် ဤအခြားသောအမှန်တရားကို ကြည့်ရသော အခွင့်ထူးရှိရသည့်အကြောင်းတရားအချို့ ရရှိသည့်နည်းလမ်းအကြောင်းကို သင်ကြားပေးထားပါ သည်။ ၎င်းတို့ထံမှလာသောစကားက အံ့သြမင်သက်မှု၊ လေးစားမှု၊ အားကျမှုတို့ကို သက်ရောက် စေပြီး ကြီးမားပြီးသန့်ရှင်းသောသူရှေ့တွင် သေးသိမ်သောလူသားအဖြစ် ကြောက်ရွံ့နေကြသည်။

“ထိုအခါ ငါကြည့်ရှုစဉ်၊ ရာဇပလ္လင်များကို တည်ထားလျက်ရှိ၍၊ အသက်ကြီးသောသူတ ဦးသည် ထိုင်တော်မူ၏။ အဝတ်တော်သည် မိုးပွင့်ကဲ့သို့ဖြူ၏။ ဆံပင်တော်သည် ဖြူ သောသိုးမွှေးနှင့်တူ၏။ ပလ္လင်တော်သည်မီးလျှံဖြစ်၏။ ပလ္လင်တော်အောက်၌ မီးစက် လှည်းဘီးရှိ၏။ မျက်နှာတော်မှမီးရောင်ခြည်ထွက်၏။ အတိုင်းမသိများစွာသောသူတို့ သည် အမှုတော်ကိုဆောင်ရွက်၍၊ ကုဋေသင်္ချေမက ရှေ့တော်၌ခစား၍နေကြ၏။ တရားစီရင်ခြင်းငှါပြင်ဆင်၍ စာစောင်များကိုဖွင့်ထားကြ၏။”
(ဒံယေလ ရး ၉-၁၀)

အထက်တွင်ဖော်ပြထားသကဲ့သို့ အချို့သောသူတို့သည် ဤသို့ကြီးမြတ်သန့်ရှင်းသောသူနှင့်တွေ့ ဆုံခွင့်ရရှိခဲ့ကြပါသည်။ ၎င်းတို့ထဲက တစ်ဦးမှာ ဟေရှာယဖြစ်သည်။ သူသည် အသင်းတော်ကြီး တစ်ခု၏အစီအစဉ်အလယ်ထဲသို့ လိမ်ချိုးနေသူဖြစ်ပါသည်။ သူသည် မိမိကိုယ်ကို အပြစ်ရှိသောသူ ဖြစ်ကြောင်း သိမှတ်လာပါသဖြင့် ငိုကြွေးမြည်တမ်းခဲ့ရပါသည်။ ထိုအဖွဲ့ထဲကို ဝိညာဉ်တော်နှင့်ပါဝင် ခြင်းမရှိသကဲ့သို့ သန့်ရှင်းသောဘုရားရှေ့တွင်လည်း မိမိကိုယ်ကို လုံးဝမရပ်တည်ပါ။ (ဟေရှာယ ၆း ၁-၆)

သို့ရာတွင် သဘောတူညီသည့်နည်းသာများစွာဖြင့် ဘုရားသခင်၏တို့ထိခြင်းကိုခံခဲ့ရပြီးသောသူများ ရှိပါသည်။ သို့ရာတွင် လက်တွေ့သဘောတရားတွင် အလွန်အရေးပါသောအရာများကို သတိပြုမိ စေရန် လုံးလောက်လျက်ရှိပါသည်။ ထိုအရေးကြီးသောအချက်မှာ ဘုရားသခင်သည် ဖြောင့်မတ် သန့်ရှင်းပြီး ကျွနု်ပ်သည် ဆိုးသွင်းညစ်ထေးလှသည်ဟူ၍ဖြစ်သည်။ လူတိုင်းသည် ဘုရားသခင်၏ ရှေ့တော်မှောက်၌ အပြစ်ရှိပြီး ငရဲသို့ရောက်မည့်နေရာတွင် ရပ်တည်လျက်ရှိပါသည်။

၃။ “…ဣသရေလအမျိုးတို့၏ဘုရား၊ ကယ်တင်ရှင်”

အပြစ်သားများဖြစ်ကြသော ကျွနု်ပ်တို့က ကမ္ဘာကြီးကို မည်သို့ရှုမြင်မည်ကို ကြည့်ရှုရန် ဘုရားသခင် သည် ၎င်း၏အလင်းတော်ထဲတွင်သာနေထိုင်သည်မဟုတ်ပါ။ အပြစ်စီရင်ခြင်းတွင် ကျွနု်ပ်တို့အဆုံး သတ်သည်အထိ စောင့်ဆိုင်းနေသည်လည်း မဟုတ်ပါ။ သူသည် ကျွနု်ပ်တို့ကိုစောင့်ရှောက်သည်။ ကျွနု်ပ်တို့နှင့်ရင်းနှီးကျွမ်းဝင်လာသည်။ သားတော်ယေရှုကို ကျွနု်ပ်တို့ထံစေလွှတ်ခြင်းဖြင့် ကျွနု်ပ်တို့ အား ချစ်ကြောင်းကို ပြသသည်။ သမ္မာကျမ်းစာက ဤသို့ဆိုပါသည်။

“ထိုတရားဟူမူကား၊ ဘုရားသခင်သည် ခရစ်တော်အထဲ၌ရှိနေလျက်၊ လောကီသားတို့ ၏အပြစ်များကို မှတ်တော်မမူ၊ ရန်ကိုငြိမ်းစေ၍ ကိုယ်တော်နှင့်မိတ်သဟာယဖွဲ့စေ တော်မူ၏။ ထိုမိဿဟာယတရားကိုလည်း ငါတို့၌ အပ်ပေးတော်မူ၏။ ထို့ကြောင့် ငါတို့ သည် ခရစ်တော်၏သံတမန်ဖြစ်ကြ၏။ သင်တို့သည် ရန်ငြိမ်း၍ ဘုရားသခင်နှင့်မိဿ ဟာရဖွဲ့ကြလော့ဟု ဘုရားသခင်သည် ငါတို့အားဖြင့် နှိုးဆော်သွေးဆောင်တော်မူသကဲ့ သို့၊ ငါတို့သည် ခရစ်တော်၏ကိုယ်စားဖြစ်၍ သင်တို့ကို တောင်းပန်သွေးဆောင်ကြ၏။ အဘယ့်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်သည် အပြစ်နှင့်ကင်းစင်သောသူကို ငါတို့ အတွက်ကြောင့် အပြစ်ရှိသောသူဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင့်ရှေ့တော်၌ ဖြောင့်မတ်သောသူဖြစ်မည်အကြောင်းတည်း။ သင်တို့သည် ဘုရားသခင်၏ကျေးဇူးတော်ကို အကျိုးမဲ့မခံကြနှင့်ဟု ငါတို့သည် အမှု တော်ကို ဆောင်ရွက်သောသူချင်းဖြစ်၍ သင်တို့ကို နှိုးဆောင်သွေးဆောင်ကြ၏။ ဗျာဒိတ်တော်အချက်ဟူမူကား၊ နှစ်သက်ဘွယ်သောအချိန်၌ သင်၏စကားကို ငါနား ထောင်ပြီ။ ကယ်တင်ရာနေ့ရက်ကာလ၌ သင့်ကိုငါမစပြီဟုလာသည်နှင့်အညီ ယခုပင် နှစ်သက်ဘွယ်သောအချိန်ရှိ၏။ ယခုပင် ကယ်တင်ရာနေ့ရက်ကာလရှိ၏။”
(၂ ကော ၅း ၁၉-၆း၂)

တစ်ခုနှစ်တစ်ခု ဆက်စပ်ရန် ခက်ခဲမှုအနည်းငယ်မျှရှိသော ခရစ်ယာန်ဘာသာ၏မဏ္ဍိုင်တွင်ရှိသည့် အကြောင်းအရာနှစ်ခုရှိပါသည်။ ပထမတစ်ချက်မှာ ကျယ်ပြန့်ပြီး အခြားတစ်ခုမှာ ကျဉ်းမြောင်းလှပါ သည်။

ကျယ်ပြန့်သည့်တစ်ခုက သီးခြားနေခြင်းမရှိဘဲ ဘုရားသခင်က ယေရှုခရစ်တော်ကြောင့် မြေကြီး ပေါ်တွင်ရှိသောလူတစ်ဦးချင်းစီတိုင်းကို လက်ခံတော်မူမည်ဟုဆိုသည်။

ကျဉ်းမြောင်းသောအရာက ယေရှုနှင့်၎င်းလုပ်ဆောင်သော လုပ်ဆောင်ချက်ထက် အခြားကယ်တင် နိုင်သောကျေးဇူးတော်မရှိပါဟုဆိုသည်။

ယေရှုကလည်း “ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ် ၏။ ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ” ဟု မိန့်တော်မူ၏။”
(ယောဟန် ၁၄း ၆)

ကျယ်သောလမ်းကို လက်ခံရန် ခက်ခဲပေမည်။ အဘယ့်ကြောင့်ဆိုသော် အရမ်းလွယ်ကူလွန်းသော ကြောင့်ဖြစ်သည်။ သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်သည် အမှန်တကယ် အခမဲ့ဖြစ်ပါသည်။ သို့သော် လုံး၀ အခမဲ့တော့မဟုတ်ပါ။ ဟုတ်ပါသလား။ ဘုရားသခင်သည် ခရစ်တော်၌ရှိလျှက် မြေ ကြီးနှင့်ရန်ငြိမ်းခြင်းအမှုကိုပြုပါသည်။

ကျဉ်းမြောင်းသောလမ်းကမူ အရမ်းကျဉ်းမြောင်းသည့်သဘောရှိသည်။ ဘုရားသခင်၏ကျေးဇူး တော်သည် အခြားအရာမရှိဘဲ ယေရှုခရစ်၌သာရှိပါသလား။ ဟုတ်ပါသည်။ မည်သို့ဖြစ်နိုင်ပါသ နည်း။ ခရစ်တော်သည် ဘုရားသခင်ထံသို့သွားရာလမ်းဖြစ်ပါသည်။ ဘုရားသခင်ထံသို့သွားရာလမ်း ဖြစ်ပါသည်။ ဘုရားသခင်၏မေတ္တာ၊ ဖခင်တစ်ဦးလိုမျက်နှာမျိုးကို မြင်နိုင်သည့်တစ်ခုတည်းသော လမ်းဖြစ်ပါသည်။ ၎င်းသည် ယေရှုခရစ်၌ တည်နေခြင်းအကြောင်းတရားဖြစ်ပါသည်။ ခရစ်တော်ကို ငြင်းပယ်သောသူသည် ကယ်တင်ရှင်ကို မတွေ့ရပါ။ တံခါးကိုဖြတ်မသွားသူသည် ကျောက်နံရံကို မ ထိုးဖောက်နိုင်ပါ။

အပိုင်းနှစ်ပိုင်းစလုံး မှန်ကန်ပါသည်။ ခရစ်တော်၌စုံလင်ပြီး လွတ်လပ်သောကျေးဇူး တော်ဖြစ်သည်။ ယေရှုခရစ်၌သာရရှိနိုင်ပါသည်။

အကျဉ်းချုံးအားဖြင့်ဆိုရလျှင် ကျွနု်ပ်သည် ဖင်နစ်အာချီပဲလာဂိုတွင် အကြိမ်ပေါင်းများစွာ ရွက်လွှတ် နေသောသူဖြစ်ပါသည်။ တစ်ခါတစ်ရံ တစ်ဦးဦးက သူ သို့မဟုတ် သူမရဲ့ဖုန်းကို ပင်လယ်ထဲ လွှတ် ချသွားသည်ဆိုပါစို့။ ထိုကိစ္စမျိုးတွင် ဖုန်းသည် လုံးဝပျောက်သွားသည်။ ဆက်လက်၍ လေတစ်စီး ပေါ်တင်ထားသောအင်ဂျင်သည် ပျောက်သွားလျှင် လုံး၀ ထာဝရဆုံးရှုံးပါသည်။ ၎င်းတို့မှာ စိတ်တိုစ ရာကောင်းလှသည့်အဖြစ်အပျက်ဖြစ်သည်။ သို့သော် အတိတ်ဟူသည်မှာ အတိတ်ပင်ဖြစ်ပါသည်။ သာမန်ထက်ကျော်လွန်သောလွတ်မြောက်မှုသည် ဘုရားသခင်အကြောင်းပြောပြသည့်သမ္မာကျမ်း စာထဲတွင်ရှိသည့် သမ္မာတရား၌သာ ရှိပါသည်။

“ကိုယ်တော်သည် အကျွနု်ပ်တို့ကို တဖန်သနား၍အကျွနု်ပ်တို့၏ဒုစရိုက်ရှိသမျှတို့ကို ကျော်နင်းတော်မူလိမ့်မည်။ အကျွနု်ပ်တို့၏အပြစ်အလုံးစုံတို့ကို နက်နဲသောပင်လယ်ထဲ သို့ ချပစ်တော်မူလိမ့်မည်။ ရှေးကာလမှစ၍ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသည်အ တိုင်း၊ ယာကုပ်၌သစ္စာစောင့်ခြင်း၊ အာဗြဟံအား ကရုဏာကျေးဇူးပြုခြင်းကို စီရင်တော် မူလိမ့်မည်။” (မိက္ခာ ရး ၁၉-၂၀)

ဘုရားသခင်သည် ကျွနု်ပ်တို့အပြစ်အလုံးစုံကို ခရစ်တော်ကြောင့် ပင်လယ်ထဲသို့ချပစ်လိုက်သောအ ခါ အဘယ်သူမျှ နောက်တစ်ဖန်ရှာဖွေဖော်ထုတ်မည်မဟုတ်ပါ။ လူသားဖြစ်စေ၊ နတ်ဆိုး သို့မဟုတ် ကောင်းကင်တမန်ဖြစ်စေ ဖော်ထုတ်မည်မဟုတ်ပါ။

၄။ ယုံကြည်ကိုးစားခြင်း - အဘယ်အရာနည်း။

ခရစ်ယာန်ဘာသာတွင် အတိုင်းအတာများစွာရှိပါသည်။ ထိုအရာထဲက တစ်ခုမှာ ယုံကြည်ကိုးစား ခြင်းဖြစ်သည်။ ဘုရားသခင်၏ကောင်းမြတ်ခြင်းထဲက ယုံကြည်စိတ်ချမှုဖြစ်ပါသည်။

သင်ကိုးစားယုံကြည်သောသူတစ်ဦးအကြောင်းကို ခဏတာဆင်ခြင်ကြပါစို့။ သင့်အသက်တာတွင် သင်ယုံကြည်ကိုးစားသောသူ လူအနည်းကိုသာနာမည်ပေးလျှင် သူတို့သည် မည်သူတို့ဖြစ်မည် နည်း။ အဘယ့်ကြောင့်ဖြစ်သနည်း။ ရှေးပုံပြင်တစ်ခုကို နားထောင်ကြည့်ကြပါစို့။ သင်သည် လမ်း ပေါ်တွင်ဖြတ်လျှောက်နေချိန်တွင် လူတစ်ဦးက သင့်ထံသို့လာပြပီး ဘဏ်ကဒ်နှင့်၎င်း၏နံပတ်များ ကို တောင်းမည်ဆိုြ့ကပါစို့။ သူစိမ်းတစ်ဦးကို အလွယ်တကူပေးမည်ဟု မထင်မိပါ။ သို့သော် သင်ကိုး စားစိတ်ချရသောသူရှိလျှင် သင်သည် သူ သို့မဟုတ် သူမကို ချက်ချင်းပေးပါမည်။ ဥပမာအားဖြင့် ကားတစ်စီးကို လောင်စာဆီဖြည့်ဖို့ ကျွနု်တော့်သားအား ဘဏ်ကဒ်ပေးရန် ခက်ခဲမည်မဟုတ်ပေ။ သူသည် မှားယွင်းစွာ အသုံးပြုမည်မဟုတ်ပါ။ သူက နက်နက်ရှိုင်းရှိုင်းသိရသောသူအကြောင်းကို စဉ်းစားကြပါစို့။ သို့ရာတွင် သင့်၌ စိတ်ချမှုမည်မျှပင် ကြီးထွားသည်ကို ဆင်ခြင်လိုက်ပါ။ နှစ်တိုင်းနှစ် တိုင်း၊ သင်ယုံကြည်သောသူက သင့်ကို မည်သို့သောအချိန်တွင်မျှ ကျရှုံးစေမည်မဟုတ်။ နှစ်တိုင်း သင့်အား ကြီးထွားရင့်ကျင့်စေမည်ဖြစ်သည်။

ဘုရားသခင်၌ရှိသောစိတ်ချမှုသည်လည်း ထိုနည်းအတိုင်းပင်ဖြစ်ပါသည်။ တစ်ဆင့်ချင်းစီ၊ သန့်ရှင်း သောပွဲတော်က သန့်ရှင်းသောပွဲတော်အားဖြင့်၊ သီချင်းက သီချင်းအားဖြင့်၊ ခက်ခဲမှုက ခက်ခဲမှုအား ဖြင့် ကြီးထွားမှုရှိသည်။ သူက ကျွနု်ပ်အားခေါ်ဆောင်သွားသည့်နေရာနှင့်ခေါ်ဆောင်သွားရသည့်အ ကြောင်းတရားကို ကျွနု်ပ်မသိပါ။ သို့သော် သူသည် ကျွနု်ပ်အတွက်အသေခံသည်ကို သိသည်။ သူ သည် ကျွနု်ပ်အား ငြင်းပယ်မည်မဟုတ်၊ မေ့ပစ်မည်လည်းမဟုတ်၊ သို့မဟုတ် ထားရစ်ခဲ့မည်လည်းမ ဟုတ်ပါ။ သို့သော် သူသည် ကျွနု်ပ်ကဲ့သို့သောအပြစ်သားများကို နှစ်ပေါင်းများစွာ သည်းခံခဲ့ရပေါင်း များလျက်ရှိသည်။ အိမ်ပြန်ခရီးလမ်းဆီသို့လည်း ဦးဆောင်သွားပါသည်။ ကျွနု်ပ်သည့် လုပ်ဆောင်ခဲ့ ပြီးဖြစ်သကဲ့သို့ သူ့ကို ယုံကြည်ကိုးစားရန် သင်ယူလေ့လာနေသည်။ မိဘသည် သားသမီးကို စွန့် ပစ်ရိုးထုံစံရှိပါသလား။

၅။ ထို့နောက် ဘုရားသခင်သည် မည်သူနည်း။

ဘုရားသခင်သည် နက်နဲသောသူ၊ မြင့်မြတ်သောသူ၊ ပုန်းရှောင်သောသူ၊ နားမလည်နိုင်သော ဘု ရားပင်ဖြစ်ပါသည်။ အပြစ် သို့မဟုတ် မှောင်မိုက်ကို မသိနားမလည်သောသူဖြစ်ပါသည်။ သို့ရာတွင် သူသည် အပြစ်သားဖြစ်သောလူသားများထံသို့ ယေရှုခရစ်အားဖြင့် နီးကပ်သောသူဖြစ်ပါသည်။ ထို့ အပြင် ကျွနု်ပ်တို့အား ချစ်သော အဘလည်းဖြစ်ပါသည်။ အားနည်းချက်၊ အပြစ်၊ နှင့်အဖြေမရှိသော မေးခွန်းများကြားတွင် အလင်းတော်သည် တမန်တော်တစ်ပါးထံက ရောက်လာပါသည်။

“ထိုသခင်ကို သင်တို့သည် မမြင်ဖူးသော်လည်း ချစ်ကြ၏။ ယခုမှာလည်း မမြင်ဘဲ လျက်၊ ယုံကြည်သောအားဖြင့် ဘုန်းအသရေနှင့်စပ်ဆိုင်သော၊ ပြော၍မမှီနိုင်သောရွှင် လန်းခြင်းစိတ်နှင့်ဝမ်းမြောက်ကြသည်ဖြစ်၍၊ စိတ်ဝိညာဉ်ကို ကယ်တင်ခြင်းတည်းဟူ သော ယုံကြည်ခြင်း၏အကျိုးကို ခံရကြ၏။” (၁ ပေတရု ၁း ၁၈)