သမ္မာကျမ်းစာသွန်သင်ထားသောအရာက ို အဘယ့ေ် ကြာင့ ် ယုံကြည်သင့ ် သနည်း။
ကမ္ဘာပေါ်တွင် သန့်ရှင်းသောစာအုပ်ပေါင်းများစွာရှိပါသည်။ သမ္မာကျမ်းစာသည် ထိုအထဲက တစ် အုပ်အပါအဝင်ဖြစ်သည်။ သမ္မာကျမ်းစာသည် အခြားစာအုပ်များထက် အဘယ့်ကြောင့် ရှေးကျခဲ့သ နည်း။
ယခုတွင် ကျွနု်ပ်တို့သည် စိတ်အာရုံတွင်သိမြင်နိုင်သောနှုတ်ယူခြင်းနှင့်ကျိုးကြောင်းဆင်ခြင်မှုကို ရှောင်တိမ်းသောအကြောင်းအရာဆီသို့ ချဉ်းကပ်လာခဲ့ကြသည်။ ခရစ်ယာန်များက သမ္မာကျမ်းစာ သည်သာလျှင် အခြားစာအုပ်များနှင့်မတူဘဲ ဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်သည်ဟု ထိုသံသ ယများကိုသက်သေပြရာတွင် အာရုံကို အသုံးမပြုနိုင်ပါ။ ကျွနု်ပ်တု့ိသည် စုစည်းထားသောစာအုပ် ဟောင်းများကို မနှိုင်းယှဉ်သာပါ။ အကြိမ်ပေါင်းများစွာ သုံးသပ်ဆင်ခြင်ပြီးနောက် ဖုန်းအသစ်တစ် လုံးဝယ်ယူသည့်အချိန်လုပ်ဆောင်သကဲ့သို့ အများထဲက တစ်ခုကို ရွေးချယ်လိုက်သည်။ ရှေးခေတ် လူသရင်ဓမ္မဆရာများက ဤအကြောင်းကို ထက်မြက်သောစကားလုံးများဖြင့် ဖော်ပြခဲ့ကြသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်ကြောင်း စာဖတ်သူများကိုသိနားလည်စေသည်မှာ သမ္မာကျမ်း စာ၏ထူးကဲသောဝိသေသလက္ခဏာတစ်ခုဖြစ်ပါသည်။ ထိုနည်းတူစွာ သမ္မာကျမ်းစာ၏အခွင့်အာ ဏာသည်လည်း အသင်းတော်၊ စိတ်အာရုံအရကျိုးကြောင်းဆင်ခြင်မှု သို့မဟုတ် နောက်ဆုံးသုသေ သနာပြုခြင်းဖြင့် ဆုံးဖြတ်ချက်ချမှုအပေါ်တွင် မှီခိုအားထားနေသည်မဟုတ်ပါ။ မည်သည့်အရာပေါ် တွင်မျှ တည်မှီနေခြင်းမဟုတ်ဘဲ ဘုရားသခင်၏ကြီးမြတ်ခြင်းနှင့ခ် ွန်အားပေါ်တွင်သာ တည်နေပါ သည်။
ဤအရာမှာ ဘုရားသခင်သည် သူ သ့မို ဟုတ် သူမကို စကားပြောနေသည်ဟု သမ္မာကျမ်းစာကို ဖတ်ရှုသောသူများက သိလျက်ရှိသေးသည့်အကြောင်းရင်း အတိအကျပင်ဖြစ်ပါသည်။ အခြားသော စာဖတ်ပရိသတ်တို့သည် ဤအတွေ့အကြုံကို မျှဝေခြင်းမရှိကြပေ။ ကျွနု်ပ်တို့၏ယုံကြည်ချက်အရ၊ ဤအရာက ဘုရားသခင်၏အလင်းသည် လူတိုင်း၏နှလုံးသားရင်ပြင်ဆီမရောက်နိုင်ကြောင်းကို ပြ သထားပါသည်။
“ပညာရှိကား အဘယ်မှာရှိသနည်း။ ကျမ်းပြုဆရာကား အဘယ်မှာရှိသနည်း။ ပြဿ နာ၌လေ့ကျင့်သောဆရာကား အဘယ်မှာရှိသနည်း။ လောကီပညာကို ဘုရားသခင် သည် မိုက်စေတော်မူသည်မဟုတ်လော။ အဘယ်သို့နည်းဟူမူကား၊ ဘုရားသခင်၏ ပညာတော်စီရင်သည်နှင့်အညီ၊ လောကီသားတို့သည် မိမိတို့ပညာအားဖြင့် ဘုရားသ ခင်ကိုမသိဘဲနေကြသောအခါ၊ ဘုရားသခင်သည် ယုံကြည်သောသူတို့ကို ဒေသနာ တော်မိုက်မဲခြင်းအားဖြင့် ကယ်တင်ခြင်းငှါစေတနာရှိတော်မူ၏။” (၁ ကော ၁း ၂၀-၂၁)