ဖန်ဆင်းခြင်း၊ သမ္မာကျမ်းစာနှင့်ဆင့်ကဲ့ပြောင်းလဲခြင်းသီအိုရီ

၁။ ဖန်ဆင်းခြင်း - ခရစ်ယာန်ဘာသာ၏အဓိကကျသောအယူဝါဒတစ်ခု

သမ္မာကျမ်းစာသည် ဖန်ဆင်းခြင်းဖြင့်အစပြုပြီး ဖန်ဆင်းခြင်းဖြင့်ပင် အဆုံးသတ်ပါသည်။ ခရစ်ယာန်ယုံကြည်ခြင်းအရ ကမ္ဘာကြီးသည် အစပြုသည့်အချိန်ကာလနှင့်အဆုံးသတ်သည့် အချိန်ကာလရှိပေသည်။ ဤအချိန်ကာလနှစ်ခုကြားတွင် ကမ္ဘာကြီးသည် မမြင်နိုင်သောအရာ နှင့်မြင်နိုင်သောအရောအားလုံးကို ဖန်ဆင်းသော သူ၏ က်တော်ထဲတွင် တည်ရှိပါသည်။ သူသည် အစ သို့မဟုတ် အဆုံးမရှိသည့် တစ်ဆူတည်းသောဘုရားပင်ဖြစ်ပါသည်။

ဖန်ဆင်းခြင်းကာလ၏အနှစ်ချုပ်သည် ခရစ်ယာန်အယူဝါဒ၏ အဓိကကျသော အကြောင်းအ ရာတစ်ခုဖြစ်ပါသည်။ လူသားက သန့်ရှင်းသော ဘုရား၏မျက်မှောက်တော်တွင် သူ့နေရာမှန် ကို ပြန်လည်တွေ့ရှိသည့် ဖြစ်ပျက်နေသောအရာအားလုံး၏ အရေးကြီးသော အစိတ်အပိုင်း တစ်ခုဖြစ်ပါသည်။ ၎င်းက ဤကမ္ဘာကြီးနှင့် ပေးကမ်းထားသောအရာများနှင့် မည်ကဲ့သို့ မှန်မှန်ကန်ကန် ဆက်နွယ်နိုင်မည်အကြောင်းကို လူတိုင်းအား သွန်သင်ပေးပါသည်။ ထိုနည်း တူစွာ သမ္မာကျမ်းစာတစ်ခုလုံးနှင့် ၎င်း၏အရေးကြီးသော သတင်းစကားတစ်ခုလုံးကို နား လည်သဘောပေါက်စေရန် လမ်းညွှန်ပေးပါသည်။ သမ္မာကျမ်းစာထဲတွင် လူသားကို ဖန်ဆင်း တော်မူပြီး ဖန်ဆင်းသမျှသောလူတို့ကို ခေါ်တော်မူသော ဘုရားသခင်သည် စကားပြောတော် မူသည်။ ဖန်ဆင်းခြင်းအမှု၌ ခရစ်ယာန်ယုံကြည်မှုသည် ရှုထောင့်များစွာကို ကျွနု်ပ်တို့အား ပေးတော်မူသည်။ ထိုအကြောင်းအရာအချို့ကို ဤနေရာတွင် ပေးထားမည်ဖြစ်သည်။

ဖန်ဆင်းခြင်းကို ယုံကြည်လက်ခံသော ခရစ်ယာန်အသင်းတော်သည် ပြိုင်ဘက်ကင်းပြီး စိုးစံ သော၊ မြေကြီးပေါ်၌ အခွင့်အာဏာကြီးမားသော ဘုရားသခင်ကို ယုံကြည်ကိုးစားသော အ သင်းတော်ဖြစ်ပါသည်။ မိမိ၏လက်တော်အားဖြင့် ဤကမ္ဘာကြီးအား ဆုပ်ကိုင်ထားသော တန် ခိုးကို မကောင်းသောသူများ၊ ဤကမ္ဘာကြီး အစွမ်းကြီးသူများ၊နှင့်လူ့အပြစ်တို့က မချိုးဖျက် နိုင်ကြပါ။

နှုတ်တော်ထွက်စကားအားဖြင့် ကမ္ဘာကြီးသော ဖန်ဆင်းတော်မူခဲ့သော ဘုရားသခင်သည် နှုတ်တော်ထွက်စကားအားဖြင့် အဆုံးသတ်ဖြစ်ပေါ်စေသည့် သမိုင်းတစ်ခုကို ဖန်တီးပါလိမ့် မည်။ ဤအချိန်ဇယားတစ်ခုလုံးသည် သူ၏ထိန်းချုပ်မှုအောက်တွင် ရှိနေပါသည်။ ဤအ ကြောင်းအရာကို ယုံကြည်လက်ခံမှုရှိသော ဓမ္မဟောင်းယုံကြည်သူများသည် အန္တရယ်ရှိသော ခရီးကို နှင်ကြသောအခါ ဖန်ဆင်းရှင်ဘုရားအပေါ်တွင် မှီခိုအားထားခဲ့ကြပါသည်။ (ဆာလံ ၁၂၁း ၁- ၂) ဖော်ပြသည့်အချိန်ကတည်းက ညှင်းပန်းနှိပ်စက်ခြင်းကိုခံရသော ခရစ်ယာန်များ သည် ဤအရာပေါ်တွင် ယုံကြည်ကိုးစားကြလျက် ပြန်လာပြီး မိမိလူတို့အပေါ် တရားမျှတမှု ကိုပေးရန် သခင်ဘုရားအား တောင်းဆိုခဲ့ကြပါသည်။ (ဗျာဒိတ် ၆း ၉- ၁၀) ဒုက္ခပွေလီရှုပ် ထွေးသည့်အချိန်ကြားတွင် ဘုရားသခင်၏ အရာခပ်သိမ်းတတ်စွမ်းနိုင်ခြင်းအပေါ် မှီခိုအား ထားရန် ခက်ခဲကောင်း ခက်ခဲပေမည်။ သို့ရာတွင် ယနေ့ပင်လျှင် ၎င်းသည် မျှော်လင့်ချက်နှင့် ဆိုင်သည့် အကြီးမားဆုံးသော အရင်းအမြစ်ပင်ဖြစ်ပါသည်။

ဖန်ဆင်းခြင်း၌ ယုံကြည်ခြင်း၏အစိတ်အပိုင်းတစ်ခုမှာ ဘုရားသခင်သည် လူသားတိုင်းကို အလေးအနက်ထား စောင့်ရှောက်သည် ဟူသောအချက်ပင်ဖြစ်ပါသည်။ ဓမ္မဟောင်းယုံကြည် သူတစ်ဦးသည် ဆာလံတေးသီချင်းကို ရေးသားမထားသည့်အရာများတွင် သီဆိုနှင့်ပြီး နေ့ ရက်တိုင်းကို မရောက်လာမှီကတည်းကသိရှိထားသော သူကို ဦးညွတ်ပေးထားသည်။ (ဆာ လံ ၁၃၉း ၁၃- ၁၇) လူသားမျိုးနွယ်တိုင်းသည် “ကြောက်မက်ဖွယ်ရာနှင့်အံ့သြဘွယ်ရာ ဖန် ဆင်းတော်မူခဲ့သည်။” ထိုအကြောင်းကြောင့်သာလျှင် လူသားတိုင်းသည် ယောကျ်ားဖြစ်စေ၊ သို့မဟုတ် မိန်းမဖြစ်စေ၊ မမွေးရသေးသည့်ကလေးဖြစ်စေ၊ သို့မဟုတ် အသက်ကြီးသောသူ ဖြစ်စေ၊ ဖြူသည်ဖြစ်စေ သို့မဟုတ် မဲသည်ဖြစ်စေ၊ ကျန်းမာသည်ဖြစ်စေ၊ သို့မဟုတ် မသန် မစွမ်းသူဖြစ်ပါစေ၊ ခရစ် ယာန်တစ်ဦးဖြစ်ပါစေ သို့မဟုတ် မွတ်စလင်တစ်ဦးဖြစ်ပါစေ လူသား တိုင်းသည် တန်ဖိုးကြီးလှပါသည်။ လူသားတို့၏ဂုဏ်သက္ခာသည် စည်းလုံးညီညွတ်မှုဖြစ်ပြီး လူသားပိုင်ဆိုင်ထားသောအရာဖြစ်ပါသည်။ ထိုအရာကို မည်သည့်အပြစ်တစ်စုံတစ်ရာကမျှ ပယ်ဖျက်နိုင်မည်မဟုတ်ပါ။ လူသားသည် ဘုရားသခင်အတွက် ချစ်မြတ်နိုးစရာဖြစ်ပြီး လူ တိုင်းကို ဘုရားသခင်က ခေါ်သည်။ ဘုရားသခင်က လူများကို အဘယ်မျှလောက်ဂရုစိုက် သည်ဟူသောအကြောင်းနှင့်ပတ်သက်ပြီး ယေရှုမိန့်တော်မူသောစကားမှာ ထင်ရှားပြီး ထိထိ မိမိရှိသော စကားဖြစ်ပါသည်။

ထို့ကြောင့် သင်တို့အား ပြောလိုသည်မှာ သင့်ဘဝအသက်တာအတွက် စိုးရိမ်ပူပန်မှုမရှိပါနှင့်။ အဘယ်သို့စားရမည်၊ သို့မဟုတ် အဘယ်သို့သောက်ရမည်၊ သင့်ကိုယ်ခန္ဒာ၊ အဘယ်သို့ဝတ် ရမည် စသည်တို့အတွက် စိုးရိမ်ပူပန်မှု မရှိကြပါနှင့်။ အသက်သည် အစားထက်မြတ်သည်မ ဟုတ်လော။ ခန္ဒာသည် အဝတ်ထက်မြတ်သည်မဟုတ်လော။ ကောင်းကင်၌ကျင်လည်သော ငှက်များကိုကြည့်ပါ။ သူတို့သည် စိုက်ပျိုးခြင်းလည်းမရှိ။ ရိတ်သိမ်းခြင်းလည်းမရှိ။ သူတို့သည် စပါးကျီလည်းမရှိပါ။ သို့သော် ကောင်းကင်ဘုံ၌ရှိသော အဖဘုရားသခင်သည် သူတို့ကို ကျွေးမွေးတော်မူခဲ့သည်။ သင်တို့သည် သူတို့ထက် တန်ဖိုးရှိသည်မဟုတ်လော။ သင်အ သက်ကိုနှမြောသဖြင့် တစ်ထောင်တစ်မိုက်ခန့် တိုစေ၊ ရှည်စေနိုင်သလော။

အဝတ်အဘို့၌ အဘယ့်ကြောင့် စိုးရိမ်ရသနည်း။ တောနှင်းပင်တို့သည် အဘယ်သို့သောအား ဖြင့်ကြီးပွါးသည်ကို ဆင်ခြင်အောက်မေ့ကြလော့။ ထိုအပင်တို့သည် အလုပ်လည်းမလုပ်။ ချည်ဖြစ်စေခြင်းငှါ မငင်မဝင့်။ သို့သော်လည်း ဘုန်းကြီးသော ရှောလမုန်မင်းကြီး၏အဝတ်ကို မမှီဟု ငါဆို၏။ ယုံကြည်အားနည်းသောသူတို့ ယနေ့အသက်ရှင်လျက် နက်ဖြန် မီးဖိုထဲသို့ ရောက်သော မြက်ပင်ကို ဘုရားသခင်သည် ထိုသို့သောအဝတ်နှင့်ဖုံးလွှမ်းတော်မူလျှင်၊ ထိုမျှ မက သင်တို့ကို အဝတ်နှင့်ဖုံးလွှမ်းတော်မူမည်မဟုတ်လော။

ထို့ကြောင့် အဘယ်သို့စားသောက်ရအံ့နည်း။ အဘယ်သို့ဝတ်ရအံ့နည်းဟူ၍ မစိုးရိမ်ကြနှင့်။ ထိုအရာများကို သာသနာပလူတို့သည် ရှာဖွေတတ်ကြ၏။ ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် သိတော်မူ၏။ ဘု ရားသခင်၏နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကို ရှေးဦးစွာ ရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ပေးတော်မူလတံ့။ ထို့ကြောင့် မနက်ဖြန်အဘို့မစိုးရိမ်ကြနှင့်။ နက်ဖြန် နေ့သည် မိမိအဘို့ စိုးရိမ်လိမ့်မည်။ ယခုနေ့၌ရှိသော မကောင်းမသင့်သောအရာသည် ယခု နေ့ဘို့လောက်ပေ၏။
(မဿဲ ၆း ၂၅- ၃၄)

သမ္မာကျမ်းစာ၏ပထမအခန်းတွင် ဘုရားသခင်သည် လူတို့အား သာသနာတစ်ခုကို ပေးထား ပါသည်။

ဘုရားသခင်သည် သူတို့ကို ကောင်းကြီးပေးတော်မူ၏။ ဘုရားသခင်သည် သူတို့အား “အချင်းတို့၊ များပြားစွာမွေးဖွါးကြလော့။ မြေကြီးကိုပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ကို ၎င်း၊ မိုဃ်းကောင်းကင်ငှက်တို့ကို၎င်း၊ အသက်ရှင်၍ မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန် အပေါင်းတို့ကို၎င်း အုပ်စိုးကြလော့ဟု မိန့်တော်မူ၍၊ သူတို့ကို ကောင်းကြီးပေးတော်မူ၏။”
(ကမ္ဘာဦး ၁း ၂၈)

လိုက်လျောညီထွေမှုရှိသော သာသနာတစ်ခုကို ဆာလံ ၈ တွင် တွေ့ရှိရပါသည်။ ဘုရား သခင်သည် ဖန်ဆင်းခြင်း၌ မှန်ကန်သောနေရာတစ်ခုကို လူသားပေးထားပါသည်။ ကြီးမားသည့် လေးစားဂုဏ်ပြုမှု၊ တာဝန်ကြီးတစ်ခုလည်းဖြစ်ပါသည်။ လူသည် ဘုရားသခင်၏လယ်ပြင်၌ စောင့် ရှောက်သူတစ်ဦးအနေဖြင့် ရှိနေသည်။ ကျွနု်ပ်တို့သည် ဖန်ဆင်းခြင်းကိုအသုံးချနိုင်ရန် အခွင့်အရေး ရရှိခဲ့ကြသည်။ သို့သော် တာဝန်ကိုသိသောစိတ်နှင့်တာဝန်ခံဖို့လိုအပ်ပါသည်။ ကျွနု်ပ်တို့သည် ကမ္ဘာကိုဖျက်ဆီးသောသူ သို့မဟုတ် ပျက်စီးစေသောသူမဖြစ်ရန်လိုအပ်သည်။ အဘယ့်ကြောင့်ဆို သော် ကျွနု်ပ်တို့ပိုင်သော ကမ္ဘာကြီးမဟုတ်ပါ။ သမ္မာကျမ်းစာမိန့်တော်မူသည်အတိုင်း လူတိုင်းကို ဘုရားသခင်က ဖန်ဆင်းထားပါသည်။ ထို့ကြောင့် လူသည် ဘုရားသခင်၏အစေခံသာဖြစ်သည်။ လူတိုင်းသည် နောက်ဆုံး၌ ဘုရားသခင်၏တရားစီရင်ခြင်းနှင့်ရင်ဆိုင်ပြီး သူ့ဘဝအသက်တာ၌ လုပ်ဆောင်သည်အတိုင်း အဖိုးအခကိုရရှိမည်။ ကျွနု်ပ်တို့ခရစ်ယာန်ယုံကြည်ချက်နှင့်အညီ ယုံကြည် လက်ခံသောသူတိုင်းကို အပြစ်ခွင့်လွှတ်ခြင်းနှင့်ကျေးဇူးတော်ပေးသော ခရစ်တော်ကို ယုံကြည်ကိုး စားခြင်းမပါဘဲ တရားစီရင်ခြင်းကို အဘယ်သူမျှ ခံနိုင်မည်မဟုတ်ပါ။

၂။ သမ္မာကျမ်းစာနှင့်သဘာဝသိပံပညာများ

မျိုးစိတ်များ၏မူလဗီဇအကြောင်းကို Charles Darwin က ရေးသာထုတ်ဝေပြီးနောက် ခရစ် ယာန်နယ်ပယ်တွင် အသောမတတ်နိုင်သည့် ဆွေးနွေးချက်များတွေရှိလာခဲ့ပါသည်။ နောက် ဆုံး ရာစုတစ်ခုခွဲခန့်ကြာမြင့်သည်အထိ သဘာဝသိပံပညာသည် တိုးတက်လာပြီး ၎င်းအား တွေ့ရှိမှုအပေါ် ခရစ်ယာန်အသင်းတော်များ၏တုန့်ပြန်မှုသည်လည်း အမျိုးမျိုးအဖုံဖုံဖြစ်ခဲ့ရပါ သည်။ အဓိကပြဿနာကို အလွယ်တကူပုံဖော်နိုင်ပါသည်။ သမ္မာကျမ်းစာ၏ပထမအခန်းက ဘုရားသခင်သည် စကြာဝဠာကြီးအား ခြောက်ရက်အတွင်း၌ မည်သို့ဖန်ဆင်းခဲ့ကြောင်းကို မိန့်ဆိုထားပါသည်။ တနည်းအားဖြင့် သဘာဝသိပံပညာက စကြာဝဠာ၊ နက္ခတာရာများ၊ နှင့် လူသားတို့၏တိုးတက်ပြောင်းလဲလာမှုအပေါ် မတူညီသည့် ရှုမြင်သုံးသပ်ချက်ရှိသည်။ ခေတ် သစ်နက္ခတ်ဗေဒပညာနှင့်သတ္တဗေဒပညာတို့ကို သမ္မာကျမ်းစာနှင့်မတူညီသော အမြင်ဖြင့် ပြောဆိုကြပြီး သိပံပညာရှင်အများစုတို့၏အဆိုအရ ဆင့်ကဲ့ပြောင်းလဲခြင်းသီအိုရီသည် လူသားအစကို အကောင်းဆုံး ရှင်းပြနိုင်သည့်နည်းလမ်းဖြစ်သည်ဟု ဆိုကြသည်။


ဆင့်ကဲပြောင်းလဲခြင်းအယူအဆကို ဘာသာတရားကိုအစားထိုးတစ်ခုအဖြစ် အသုံးပြုရာတွင် ဘုရားကိုစွန့်ပစ်ခြင်း၌ လူတို့ကို ဦးဆောင်လမ်းပြနေပါသည်။ “ဘုရားသခင်ကို ငါအယုံအ ကြည်မရှိဘူး၊ ဆင့်ကဲပြောင်းလဲခြင်းကိုသာ ငါယုံကြည်သည်” ဟူသော ဆောင်ပုဒ်ကို အများ က ထပ်ခါထပ်ခါ ဆိုကြသည်။ ကျွနု်ပ်တို့၏ယုံကြည်မှုအရ ဤယုံကြည်ချက်ဖြင့် လောကကြီး ကို စွန့်ခွါသောသူတိုင်းသည် ၎င်း၏ဖန်ဆင်းရှင်အား ရင်ဆိုင်တွေ့ရမည်ဖြစ်ပြီး သူအသက်ရှင် သည့်အသက်တာအတွက်လည်း ပြန်၍တာဝန်ယူရမည်ဖြစ်သည်။

ဘုရားမဲ့အသုံးအနှုန်း၌ဆိုရလျှင် ဆင့်ကဲပြုပြင်ပြောင်းလဲခြင်းအယူအဆသည် လုံးဝကို ဘုရား မဲ့သောအရာဖြစ်ပါသည်။ သို့ရာတွင် ဆင့်ကဲ့ပြောင်းလဲခြင်းအယူအဆကို လက်ကိုင်စွဲသူတစ် ဦးအနေဖြင့်ဆိုရလျှင် ယုံကြည်ခြင်းကိုတိုက်ခိုက်သည့် လက်နက်တစ်ခုအဖြစ် အသုံးပြုထားပါ သည်။ အချို့သောခရစ်ယာန်များက ၎င်းတို့၏ယုံကြည်ခြင်းကို ဆင့်ကဲ့ပြုပြင်ပြောင်းလဲခြင်းအ ယူအဆနှင့်ပေါင်းစပ်နိုင်သည်ဟု ထင်တတ်ကြသည်။ သို့ရာတွင် အခြားသူတို့ကမူ ထိုသို့မ ထင်ကြပါ။

၃။ ဆင့်ကဲ့ပြုပြင်ပြောင်းလဲခြင်းကို မည်သို့ တန်ဖိုးဖြတ်ခဲ့သနည်း။

ရှေးရိုးစွဲခရစ်ယာန်အသိုင်းအဝိုင်းများက ဆင့်ကဲ့ပြောင်းလဲခြင်းအယူအဆနှင့်၎င်းတို့၏ကွာ ခြားမှုတို့ကို ရိုက်နှက်ခြင်းအားဖြင့် ဘုရားမဲ့ဝါဒီတို့၏တိုက်ခိုက်မှုကို ပြန်လည်တုန့်ပြန်ခဲ့ကြပါ သည်။ ထိုဝေဖန်တိုက်ခိုက်မှုများအရ ခိုင်မာသောဆင့်ကဲ့ဖြစ်စဉ်နှောင်ကြိုးသည် တင်ပြရန် အလွန်ခက်ခဲသည်။ သို့မဟုတ် မဖြစ်နိုင်သောအရာဖြစ်သည်။ ထို့အပြင် အချိန်ကာလတိုင်း အတွက် ခိုင်မာသောရှင်းလင်းချက်ကိုထုတ်နိုင်ရန် ဆက်စပ်မှုမှားယွင်းနေသည်။ ဆက်လက် ၍ သီအိုရီတစ်ခုလုံး၏အမှီတဟဲသည် ဘဝအသက်တာအတွက် ဖြစ်နိုင်ခြေရှိသောအရာနှင့် ကျွနု်ပ်တို့သိရှိထားသော ကွဲပြားမှုနှင့်ချမ်းသာကြွယ်ဝမှုတို့၏ တိုးတက်မှုသည် အလွန်ပင် သေးငယ်လွန်းသည်။

တချိန်တည်းမှာဘဲ ခရစ်ယာန်ဝေဖန်ရေးဝါဒ၏အရည်အသွေးအားဖြင့် ဆက်စပ်ရမည့် အကြောင်း ပြချက်တစ်ခုရှိပါသည်။ ဆင့်ကဲဖြစ်စဉ်နှင့်ကမ္ဘာကြီး၏မူလဗီဇအကြောင်းကို ကမ္ဘာတစ်ဝှမ်းရှိ တက္ကသိုလ်များစွာတွင် သင်ယူလေ့လာခဲ့ကြပါသည်။ ဤဝေဖန်မှုများက ဖိအားတစ်ခုကို ဖန်တီး လိုက်သောအခါ ဤသိပံပညာရှင်များသည် မိုက်မဲသောသူများ သို့မဟုတ် ပိုကောင်းသည့်အရာကို မသိဘဲ ပြောဆိုနေသူများဖြစ်လာကြသည်။ ဘုရားမဲ့ရူးမိုက်ခြင်းနှင့်ဆိုင်သည့် ကမ္ဘာနှင့်ချီသည့် ပူး ပေါင်းကြံစည်မှုသည် အမှန်တကယ် ဖြစ်နိုင်ပါသလား။ တိတ်တဆိတ်လက်ခံသောအမှန်တရားကို ဖန်တီးယူဖို့ ကြံစည်မှုရှိပါသလား။

ယုံကြည်ခြင်းနယ်ပယ်တစ်ခုနှင့်သိပံပညာနယ်ပယ်ဟူ၍တည်ရှိကြောင်းကို ကျွနု်ပ်တို့နားလည် ရပါမည်။ နှစ်ခုစလုံးသည် အလွန်ပင် အရေးကြီးလှပါသည်။ ယုံကြည်ခြင်းသည် အကြောင်းတရား တစ်ခုအပေါ်တည်နေခြင်းမျိုးမဟုတ်ဘဲ ဘုရားသခင်၏နှုတ်တော်ထွက်စကားအပေါ်၌သာ တည်နေ ပါသည်။ သိပံပညာမူကား လူသား၏ကျိုးကြောင်းဆင်ခြင်မှုတွင် ဝှက်ထားလျက်ရှိသော အမှန်တ ရားကို စစ်ဆေးသည်။ သဘာဝသိပံပညာရှင်တိုင်းကတော့ ဘုရားမဲ့များမဟုတ်ကြပါ။ ဆင့်ကဲ့ ပြောင်းလဲခြင်းကို လက်ခံယုံကြည်သောသူများပင်လျှင် ဘုရားမဲ့မဟုတ်သူများရှိကြပါသည်။ အများ ရှေ့မှောက်ဆွေးနွေးမှုတစ်ခုတွင် ဖော်ပြထားသောအရာပေါ်တွင် အစွဲအလန်းရှိသူများသာဖြစ်ကြပါ သည်။ တနည်းအားဖြင့် အချို့တို့က ခရစ်ယာန်ဘာသာကို ပြန်လည်ခြေပဖို့ သဘာဝသိပံပညာကို အသုံးပြုသူများဖြစ်ကြသလို အချို့တို့မှာ ၎င်းတို့၏ငြင်းဆိုချက်၏အရည်အသွေးကိုပင် စိတ်ထဲမ တွေးမိဘဲ ဆန့်ကျင်ကြသည်။ အာရုံစူးစိုက်မှုနည်းနည်းဖြင့် တင်ကျန်ရစ်သောအရာမှာ ဤပန်းတိုင် တစ်ခုခုတွင် လုံးဝအကူအညီမရသော အရေးကြီးသည့်စူးစမ်းမှုဖြစ်သလို အရေးကြီးသည့် ခရစ် ယာန်စူးစမ်းလေ့လာသူများလည်းမဟုတ်ပါ။ သူတို့အထဲက တစ်ဦးကမူ ၎င်း၏အယူအဆကို ဤသို့ တင်ပြထားသည်။ “ဘုရားသခင်သည် ဤလောကကို ဖန်ဆင်းထားသည်။ ယခုတွင် ကျွနု်ပ်တို့က ဘယ်လိုဖြစ်လာသည်ကို ရုပ်လုံးပေါ်အောင် တွက်ချက်ရန် ကြိုးစားအားထုတ်နေကြသည်။”

ကျွနု်ပ်သည် ကောင်လေးနှင့်ကောင်မလေးကို တစ်ပြိုင်တည်း တွေ့ဆုံခဲ့သည်။ သူတို့သည် ရက်အနည်းငယ်အတွင်း လက်ထပ်ထိမ်းမြားဖို့အတွက် စေ့စပ်ထားကြသူများဖြစ်ကြသည်။ သူတို့နှစ်ဦးစလုံးက ခရစ်ယာန်များအဖြစ် မှတ်ယူနေကြပြီး မကြာခင် ဆရာဝန်များဖြစ်လာကြမည့် သူများလည်းဖြစ်ပါသည်။ ထို့ကြောင့် သူတို့သည် သဘာဝသိပံပညာဆိုင်ရာ ခိုင်မာသည့် ပညာရေး တစ်ခုကို ပိုင်ဆိုင်ခဲ့ကြပါသည်။ သို့ဖြစ်၍ မည်သည့်အရာကို ဆွေးနွေးနေကြသည်အကြောင်းကို သူတို့သိထားပါသည်။
စေ့စပ်ထားသောအမျိုးသားသည် ၎င်း၏သတို့သမီးလောင်းကိုကြည့်မိသောအခါ

မည်သည့်အရာကို မြင်ခဲ့ပါသနည်း။ အမွှေးအမျှင်တစ်ခု နှင့်ကာယပိုင်းနှင့်ဓါတ်ပိုင်းဆိုင်ရာပိုင်ဆိုင်ထားသောအရာကိုပဲ မြင်မိပါသလား။ ထိုအမြင် မှားယွင်းသည်ဟု သက်သေပြရန် ခက်ခဲလှပါသည်။ ကံကောင်းထောက် မစွာဘဲ ၎င်းသည် သူမြင်လိုက်သည့် တစ်ခုတည်းသောအမြင်မဟုတ်ပါ။ သူ့ဘဝတစ်ခုလုံးကို ပုံအပ်ထားချင်သည့် ချစ်စဖွယ် သတို့သမီးကိုလည်း မြင်ခဲ့ပါသည်။

အရာတစ်ခုခုကိုကြည့်လျှင် ရှုထောင့်များစွာ၊ အမြင်များစွာကို မြင်ရပါသည်။ ကမ္ဘာကြီးနှင့်၎င်း၏ဖြစ် တည်မှုကို ရှုထောင့်နှစ်မျိုးဖြင့် လေ့လာသုံးသပ်နိုင်ပါသည်။ သပံပညာက မည်မျှအလှမ်းဝေးသည် ကို စူးစမ်းရှာဖွေကြသည်။ ခရစ်ယာန်တစ်ယောက်ကမူ ဖန်ဆင်းရှင်ထံဒူးထောင်ပြီး မိမိနေရာကို ရှာဖွေသည်။ ဤရှုထောင့်နှစ်မျိုးစလုံးသည် ကျွနု်ပ်တို့အတွက် လုပ်ဆောင်ရမည့်တာဝန်တစ်ခုပင် ဖြစ်ပါသည်။

ဆင့်ကဲပြောင်းလဲခြင်းသီအိုရီသည် သိပံပညာဆိုင်ရာသီအိုရီသာဖြစ်ပြီး သိပံပညာနယ်ပယ်တွင်သာ သိပံပညာနှင့်သက်ဆိုင်သောတန်ဆာပလာများဖြင့် အသုံးပြုသင့်ပါသည်။ သိပံကမ္ဘာတွင် ကောင်း တဲ့သီအိုရီတစ်ခုသည် ဆိုးသွင်းသောသီအိုရီတစ်ခုကို အမြဲတမ်းအစားထိုးလေ့ရှိပြီး နှေးကွေးလျှင် တောင်မှ အစားထိုးပါသည်။ သမိုင်းကြောင်းကို ပြန်ကြည့်သော် ခရစ်ယာန်ယုံကြည်ခြင်းတရား သည် သိပံအတတ်ပညာနှင့်ပတ်သက်ပြီး ရာစုနှစ်ပေါင်းများစွာ တန်ပြန်လုပ်ဆောင်ထားပြီး ခက်ခဲ သောနည်းလမ်းများဖြင့် သုတေသနာလုပ်ဆောင်လျက်ရှိကြပါသည်။ အချိန်ကာလ၊ သိပံပညာ၊ နှင့် သုတေသနတို့သည် လူလိုလားအံ့သောလူ့ဉာဏ်ပညာသဖွယ် ငြင်းပယ်ခံရလေသတည်း။ သိပံအ တတ်ပညာနှင့်သုတေသနခေတ်ကာလကို ဝေဖန်မှုတစ်စုံတစ်ရာမရှိဘဲ လက်ခံခဲ့ကြပါသည်။ သို့ရာ တွင် အရေးကြီးဆုံးသောအစိတ်အပိုင်းတစ်ခုမှာ ခရစ်ယာန်ယုံကြည်ချက်နှင့်သိပံကြားရှိ ဆက်နွယ် မှုအချို့ဖြစ်ပါသည်။ ဤဆက်နွယ်မှုကို အဓိပယ်သတ်မှတ်ခြင်းသည် မျိုးဆက်သစ်တိုင်းအတွက် လုပ်ဆောင်ရမည့်တာဝန်တစ်ခုဖြစ်ပြီး ဉာဏ်ပညာအမြောက်အများသည်လည်း ထိုလုပ်ငန်းတာဝန် တွင်လိုအပ်လျက်ရှိပါသည်။

၄။ မည်ကဲ့သို့ ယုံကြည်ခြင်းဖြစ်လာသနည်း။

လုသရင်ယုံကြည်ခြင်း၏အမွန်မြတ်ဆုံးသောအရာမှာ လူတစ်ဦးသည် မိမိကိုယ်ကို ယုံကြည် သူတစ်ဦးမဖြစ်စေနိုင်သကဲ့သို့ ယုံကြည်ခြင်း၌ မိမိကိုယ်ကို ခဏလေးတောင်မှ တည်နေနိုင် ခြင်းမရှိဟူသော နှိမ့်ချသောအချက်တည်းဟူသော ပါဆီပင်ဖြစ်ပါသည်။ သန့်ရှင်းသောဝိညာဉ် တော်သာလျှင် ခရစ်တော်၌ရှိသော ယုံကြည်ခြင်းကို လူ့စိတ်နှလုံးအထဲ၌ နိုးထစေနိုင်သည်။

ခရစ်ယာန်ဝေဖန်ရေးဝါဒက ဆင့်ကဲ့ပြောင်းလဲခြင်းဝါဒသည် ရံဖန်ရံခါ ထူးခြားသည့် အင်ကြင် လက္ခဏာတစ်ခုရှိသည်ဟု ဆန့်ကျင်တိုက်ခိုက်ကြပါသည်။ ဆင့်ကဲပြောင်းလဲခြင်းသီအိုရီကို မှားယွင်းသောအယူအဆဟု နားလည်သဘောပေါက်လာသည့်လူတစ်ဦးသည် ယုံကြည်သူ တစ်ဦးဖြစ်လာပါမည်။ သို့ရာတွင် သိပံဆိုင်ရာအတတ်ပညာတစ်ခုကို အခြားသိပံအတတ် ပညာတစ်ခုနှင့်အစားထိုးခြင်းက အဘယ်သူကိုမျှ ခရစ်ယာန်တစ်ဦးဖြစ်မလာစေနိုင်ပါ။ လူ့ဆင်ခြေတွင် ၎င်း၏တာဝန်ရှိသည်။ သို့သော် ၎င်းက လူတစ်ဦးအား လက်ဝါးကပ်တိုင် တရားအကြောင်းကိုတော့ မယုံစေနိုင်ပါ။ ယုံကြည်ခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ ဆုကျေးဇူးဖြစ်သည်။ လိုချင်သည့်နေရာ၊ လိုချင်သည့်အချိန်၌ နှုတ်ကပတ်တော်နှင့်ဓမ္မဝတ် များအားဖြင့် အသစ်တဖန် မွေးဖွါးစေပါသည်။

၅။ ဉာဏ်ပညာကို ဂါရဝပြုခြင်း

အနောက်တိုင်းသိပံပညာသည် ၎င်း၏လွတ်လပ်စွာ လုပ်ဆောင်နိုင်ခြင်းဖြင့် ဂုဏ်ယူလျက်ရှိပါ သည်။ မိမိကိုယ်ကို လေးစားဂုဏ်ယူမှုရှိသည့် သိပံပညာရှင်သည် မည်သူ သို့မဟုတ် မည်သည့် အရာရှေ့တွင်မျှ ဦးည ွှတ်နေမည်မဟုတ်။ ၁၉၀၀ ခုနှစ်များရှိ သပံပညာကို အကောင်းမြင်ဝါဒများ က ဝိုင်းရံထားသည်။ လူသည် ဤလောကကြီးကြုံတွေ့နေရသောပြဿနာကို သိပံပညာနှင့်နည်း ပညာတို့၏အကူအညီဖြင့် ဖြေရှင်းနိုင်သည်။ နောက်ဆုံးဆယ်စုနှစ်များတွင် ဤယုံကြည်ခြင်းသည် ခက်ခဲသော အချိန်ကာလအချို့ကို ဖြတ်သန်းခဲ့ရသည်။ သိပံပညာနှင့်နည်းပညာတို့သည် ငြိမ်သက် ခြင်းနှင့်ပျော်ရွှင်ခြင်းကိုတော့ မယူဆောင်လာနိုင်ပါ။ ပျက်စီးခြင်းဆီသို့ဦးတည်နေသော အစိတ်အ အပိုင်း၊ အထီးကျန်မှုနှင့်ပတ်ဝန်းကျင်ကိုတော့ ဖန်တီးနိုင်ပါသည်။

ဓမ္မသစ်ကျမ်းအစတွင် အရှေ့ပြည်ကပညာရှိများသည် နွားစားခွက်ထဲရှိ ယေရှုကလေးထံသို့ မည်သို့လာကြကြောင်းကို ဖော်ပြထားပါသည်။ သူတို့သည် သန့်ရှင်းသောသူ၏ရှေ့၌ ဦးညွတ် ဂါရဝပြုခြင်းအားဖြင့် ဉာဏ်အရာ၌နည်းပါးသောသူများ ဖြစ်မလာကြပါ။ ထူးကဲကောင်းမွန် သည့်အနုပညာလက်ရာအမျိုးမျိုးတွင် ၎င်းတို့၏မျက်နှာသည် အမြင့်ဆုံးသောချမ်းသာသုခနှင့် ဝမ်းမြောက်ခြင်းကို ရှာဖွေတွေ့ရှိသည့်ပုံစံ ထင်ဟပ်နေပါသည်။

ကျွနု်ပ်တို့သည် အစိတ်အပိုင်း၊ ကြေမွပြီး ကျဉ်းမြောင်းသောသိပံပညာအပြင် ဖန်ဆင်းရှင်ရှေ့၌ ဦးညွတ်သောဉာဏ်ပညာလည်း လိုပ်ပါသည်။