ယုံကြည်ခြင်းနှင့်ကယ်တင်ခြင်း

တချိန်က ငွေရတတ်သောသူတစ်ယောက်က ထာဝရအသက်ကို မည်သို့ရနိုင်မည်အကြောင်း မေး မြန်းခဲ့သည်။ ထိုသူသည် ကောင်းမွန်စွာ အသက်ရှင်သူဖြစ်ပါသည်။ ယေရှုကလည်း သင်၌ရှိသမျှ သောစည်းစိမ်ကိုရောင်း၍ ဆင်းရဲသားတို့အားပေးလော့၊ ထို့နောက် ငါ့နောက်သို့လိုက်လော့ဟု မိန့် ဆိုခဲ့ပါသည်။ ထို့နောက်တွင် လူငယ်လေးသည် စိတ်မချမ်းမသာဖြစ်ခဲ့သည်။ ယေရှုအားတောင်း လျှောက်သောအရာများလွန်းသည်။ ယေရှု၏တပည့်တော်များသည် အလွန်ရှုပ်ထွေးမှုရှိကြသည်။ လူတစ်ဦးသည် မည်သ့ကို ယ်တင်ခြင်းရောက်နိုင်မည်နည်း။ ယေရှုက “လူမတတ်နိုင်သော်လည်း ဘုရားသခင်တတ်နိုင်တော်မူ၏။ ဘုရားသခင်၌ မဖြစ်နိုင်သောအမှုမရှိ” ဟု မိန့်တော်မူသည်။ ဤအရာမှာ ခရစ်ယာန်ဘာသာ၏အဖြေတစ်ခုဖြစ်ပါသည်။ ကျွနု်ပ်တို့ကို တကိုယ်ကောင်းဆန်မှုက ချုပ်နှောင်ထားပါသည်။ ကျွနု်ပ်တို့သည် အခြားသူထက် မိမိကိုယ်ကိုချစ်ကြသည်။ ကယ်တင်ခြင်းရ ရှိရန် ကျွနု်ပ်တို့၏ကြိုးစားအားထုတ်မှုသည်လည်း တကိုယ်ကောင်းဆန်ဆန်ပင်ဖြစ်ပါသည်။ မျှော် လင့်ချက်မရှိတော့ဘူးလား။

ခရစ်ယာန်ဘာသာနှင့်ပတ်သက်၍အဖြေက အခြားဘာသာတရားတို့၏အဖြေမှ ကွဲပြားခြားနားစေပါ သည်။ ခရစ်ယာန်ဘာသာ၏ဦးတည်ချက်မှာ လူမဟုတ်၊ လူလုပ်သောအလုပ်လည်းမဟုတ်ပေ။ ကျွနု်ပ်တို့မလုပ်ဆောင်နိုင်သောအလုပ်၊ ခရစ်တော်လုပ်ဆောင်ခဲ့သောအရာကို အဓိကထားခြင်းဖြစ် ပါသည်။ ဘုရားသခင်ရှေ့၌ ကျွနု်ပ်တို့ဆုံးရှုံးခဲ့သောအရာကို ဆောင်ယူကာ လက်ဝါးကပ်တိုင်တွင် အသေခံသောအခါ အပြစ်နှင့်မကောင်းမှုမှ ငြိမ်းစေခဲ့ပါသည်။

၎င်းမှာ ဘုရားသခင့်နှလုံးသားထဲ၌ စုံလင်သောအပြစ်ခွင့်လွှတ်ခြင်းရှိရသည့်အကြောင်းတရားပင် ဖြစ်ပါသည်။ ထိုအကြောင်းကို ဧဝံဂေလိတရား၌ ကြွေးကြော်ထားသည်။ ယုံကြည်ခြင်းအားဖြင့်လက် ခံရရှိသည်။ ခရစ်တော်၌ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ရောက်သဖြင့် ကောင်းကင်ရောက် သည်။ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကိုခံကြသောအခါ ဘုရားသခင်ကို ပိုင်ဆိုင်ထားသည်ကို ကျွနု်ပ်သိသည်။ မိမိကိုယ်တိုင်၏ဘဝအတွက် ဘုရားသခင်အ ဖြေပေးရန် ကျွနု်ပ်မကြိုးစားပါ။ ယေရှုကိုယ်တိုင်က ကျွနု်ပ်ဘဝအတွက် အဖြေပေးခဲ့ပြီဟု ယုံကြည်မိ သည်။ ကောင်းကင်သွားမည့်နည်းလမ်းကို သင်သိမည်ဟု မြော်လင့်မိသည်။ အဘယ့်ကြောင့်ဆို သော် ယေရှုနှင့်၎င်း၏လုပ်ဆောင်ချက်ကို သင်သိရှိနိုင်ပါသည်။

“ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ရောက်ရ၏။ ကိုယ်အ လိုအလျောက်ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာဖြစ်သတည်း။ ကိုယ် ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာအခွင့်မရှိ။” (ဧဖက် ၂း ၈-၉ )

ဆုတောင်းချက်၊ ယေရှုဘုရား၊ ကိုယ်တော့်ကို ယုံကြည်ကိုးစားဖို့ ကူညီမစတော်မူပါ။

ကယ်တင်ခြင်းသို့ရောက်စေသောယုံကြည်ခြင်းသည် လူသဘဝ၏ဂုဏ်အင်္ဂါဖြစ်ပါသည်။ သ့ရို ာတွင် လူ့အတွေးအခေါ်၊ ဉာဏ်တို့နှင့်မသက်ဆိုင်ဘဲ ဘုရားသခင်ထံကလာသော ဆုကျေးဇူးပင်ဖြစ်ပါ သည်။ လူသည် မိမိကိုယ်ကို ယုံကြည်ခြင်းကို ဖန်တီးလုပ်ဆောင်၍မရပါ။ ထ့ေို ကြာင့် ယုံကြည်လာဖို့ ဆုံးဖြတ်ထားရသည်။ ထို့အပြင် ဘုရားသခင်၏တန်ခိုးတော်လည်းဖြစ်ပါသည်။ ဘုရားသခင်သည် ကျေးဇူးတော်နည်းလမ်းအားဖြင့် ယုံကြည်ခြင်းကိုဖြစ်စေသည်။ ကျေးဇူးတော်၏ ကနဦးအဓိပါယ်မှာ ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့်ဖြစ်၏။ ဗတ္တိဇံမင်္ဂလာတွင် ယုံကြည်ခြင်း ကိုဖြစ်စေသောနှုတ်ကပတ်တော်သည် ရေနှင့်ရောစပ်သည်။ ဓမ္မဝတ်တွင် မုန့်နှင့်စပျစ်ရည်နှင့်ရော စပ်ထားပါသည်။ အပြစ်ဝန်ချတောင်းပန်ခြင်းတွင် အပြစ်ခွင့်လွှတ်ခြင်းတရားပါဝင်ပါသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့ ် လူကိုစကားပြောပြီး ထို နှုတ်ကပတ်တော်အားဖြင့် စိတ်နှလုံးထဲသို့ရောက်လာပြီး ယုံကြည်ခြင်းကိုဖြစ်စေသည်။ နိုးထစေပြီး ခွန်အားဖြစ်စေသောယုံကြည်ခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏အဓိက လုပ်ဆောင်ချက်ဖြစ်ပါ သည်။

သင်သည် ယုံကြည်ခြင်းရှိသည်၊ မရှိသည်၊ သို့မဟုတ် လုံလောက်မှုရှိသည်မရှိသည်နှင့်ပတ်သက်ပြီး အံ့သြတွေဝေနေလျှင် သင့်ယုံကြည်ခြင်းကိုအားကြီးစေရန် ဘုရားသခင်အား လျှောက်ထားနိုင်ပါ သည်။ ဤအရာမှာ ဘုရားသခင်က အမြဲအဖြေပေးသည့် တောင်းလျှောက်မှုဖြစ်ပါသည်။ သင်ကိုယ် တိုင်၏ခံစားချက် သို့မဟုတ် အတွေ့အကြုံမဟုတ်ဘဲ ဘုရားသခင်က သင့်အား ယုံကြည်ခြင်းကို ပေးနိုင်သည်ကို ယုံကြည်ကိုးစားနိုင်ပါသည်။

အသင်းတော်တွင် သန့်ရှင်းသောဝိညာဉ်တော်သည် ယေရှုခရစ်အား ကယ်တင်ရှင်အဖြစ် ချီး မြှောက်ပြီး ကျေးဇူးတော်သည် သူ့အဖို့လုံလောက်လျက်ရှိကြောင်းကို သေချာစေသည်။ ယုံကြည် ခြင်းသည် ကျွနု်ပ်တို့၏တွန်းပို့ခြင်း သို့မဟုတ် ကြိုးစားအားထုတ်ခြင်းမဟုတ်ဘဲ၊ ဘုရားသခင်က လူ့ အထဲတွင် လုပ်ဆောင်ခြင်းဖြစ်ပါသည်။

“သို့ဖြစ်၍၊ ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်၏။ ကြားနာခြင်းသည်လည်း ဘုရားသခင်၏စကားတော်အားဖြင့်ဖြစ်၏။” (ရောမ ၁၀ း ၁၇ )

ယုံကြည်သူသည် အသင်းတော်အဖွဲ့ဝင်တစ်ဦးဖြစ်လာသည်။ ခရစ်ယာန်တို့သည် အခြားခရစ်ယာန် များနှင့်ဆက်နွယ်မှုရှိခြင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်နားထောင်ခြင်း၊ ဆုတောင်းခြင်း၊ ဓမ္မဝတ် ကို အတူကွယူခြင်းနှင့်တူညီသောရည်ရွယ်ချက်အတွက် ပေါင်းစည်းခြင်း။ ဤအရာအားလုံးက ကျွနု်ပ်တို့၏ယုံကြည်ခြင်းကို ခွန်အားပေးပြီး အကာအကွယ်ပေးပါသည်။ သန့်ရှင်းသောဝိညာဉ်တော် သည် ကျွနု်ပ်တို့ကို ကူညီမစဖို့ ရှိနေပါသည်။

ဘုရားသခင်၏ပညတ်တော်များသည် လူတိုင်းအတွက်ဖြစ်သည်။ ခရစ်ယာန်တစ်ဦးအနေဖြင့် ပညတ်တရားတော်နှင့်ကောင်းကင်ဘုံရှင်ဘုရားသခင်၏အလိုတော်ကို ငြင်းပယ်၍လည်းမရပါ။ လူတိုင်းသည် မိမိတို့နှင့်သက်ဆိုင်သောခေါ်ခြင်းရှိပါသည်။ ဘုရားသခင်သည် အမှုတော်လုပ်ငန်း တွင် ပတ်ဝန်းကျင်ရှိလူတို့အား အစေခံရ၌ သစ္စာရှိစေလိုပါသည်။ သ့ရို ာတွင် တောင်းဆိုမှုများနှင့် ပြည့်နေသောအသက်တာကို ရင်ဆိုင်ရသောအခါ လူသားတစ်ဦးအနေဖြင့် ကျွနု်ပ်တိုပ၏အကန့်အ သတ်ကို သတိပြုမိလာပါသည်။ ထိုခွန်အားသည်လည်း မလုံလောက်ပါ။ ကျွနု်ပ်တို့က မလုံလောက် ဟု ခံစားလာကြသည်။ ထို့ကြောင့် ကျွနု်ပ်တို့သည် ဘုရားပညတ်တော်နှင့်ဆန့်ကျင်သောအရာကို ကျူးလွန်လာကြပြီး အပြစ်ကိုပြုလာကြသည်။

ကျွနု်ပ်တို့၏လူ့သဘာဝ၊ ဇာတိပကတိက အမြဲတမ်းအပြစ်ထဲသို့ ပ့ေို ဆာင်ပေးသည်။ ကျွနု်ပ်တို့ သည် ခရစ်ယာန်တစ်ဦးဖြစ်သော်လည်းကောင်း၊ မဖြစ်သော်လည်းကောင်း ဘုရားသခင်၏အလို တော်ကို ဆန့်ကျင်ကြသည်။ ထို့ကြောင့် ဘုရားသခင်၏ဆက်လက်ဖြစ်ပျက်သောအပြစ်ခွင့လ် ွှတ် ခြင်း၊ ဆုတောင်းခြင်း၊ဘုရားသခင့်နှုတ်ကပတ်တော်ထဲကလာသော ခွန်အားကို လိုအပ်ပါသည်။ သို့ရာတွင် ယုံကြည်ခြင်းတရားတွင်ရှိသောအသက်တာသည် အရာခပ်သိမ်းကို ငြင်းပယ်ပြီး ကောင်း မွန်သောသူဖြစ်ရန် ကြိုးစားရုန်ကန်သည့်အသက်တာမဟုတ်ပါ။ ခရစ်ယာန်တစ်ဦးဖြစ်သောကြောင့် ဘုရားသခင်၏သားသမီးများအနေဖြင့် လွတ်လပ်စွာ အသက်ရှင်နိုင်သည်။ ကျေးဇူးတော်အားဖြင့် လုံခြုံမှုရှိသည်။ ယေရှုခရစ်တော်၌ ကျွနု်ပ်တို့ကို ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်းများကို ဆုကျေးဇူးအဖြစ်ပေးထားပါသည်။ ၎င်းမှာ ခရစ်ယာန်များသည် ယေရှုနှင့်နီးရသည့အ် ကြောင်းရင်း ပင်ဖြစ်ပါသည်။

“ခမည်းတော်သည် ငါ့ကိုချစ်တော်မူသကဲ့သို့ ငါသည် သင်တို့ကိုချစ်၏။ ငါ၏ချစ်ခြင်း မေတ္တာ၌တည်နေကြလော့။” (ယောဟန် ၁၅း ၉)

ဆုတောင်းချက်၊ အဖဘုရားသခင်၊ ယေရှုနှင့်သာ၍နီးစေမူပါ။ လမ်းမမှားမိစေရန် မစမူပါ။

ကယ်တင်ခြင်းစိတ်ချမှုဟူသည်မှာ လူ့အလုပ် သ့မို ဟုတ် ခံစားချက်အပေါ်တွင် အခြေမခံပါ။ အ ဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် မစုံလင်သဖြင့် ပြောင်းလဲတတ်ပါသည်။ လုံခြုံမှုသည် ဘုရား သခင်၏လုပ်ဆောင်ချက်နှင့်ကတိတော်အပေါ်တွင်သာ တည်နေပါသည်။

ရှေးဦးစွာ ဘုရားသခင်သည် လောကကိုချစ်သောကြောင့် ခရစ်တော်၏အသေခံခြင်းအားဖြင့် ပြန် လည်သင့်မြတ်ခြင်းကိုပြုသည်။ ထို့ကြောင့် ယေရှုသည် ကားတိုင်ပေါ်တွင် အသေခံတော်မူခဲ့သည်။ ဒုတိယအချက်အနေဖြင့် သင်သည် ဗတ္တိဇံမင်္ဂလာခံယူပြီးသောသူဖြစ်လျှင် ခရစ်တော်၏ကယ်တင် ခြင်းအမှုတွင် ပါဝင်ခ့ြဲပီဖြစ်သည်။ ထို့ကြောင့် လောကတစ်ခုလုံးပိုင်ဆိုင်ထားသောကယ်တင်ခြင်း၏ အစိတ်အပိုင်းဖြစ်လာပါသည်။

တတိယအချက်အနေဖြင့် သမ္မာကျမ်းစာက ငါ့ကိုယုံကြည်၍ ဗတ္တိဇံခံသောသူသည် ကယ်တင်ခြင်း သို့ရောက်မည်ဟု သွန်သင်ထားသည်။

ယုံကြည်ခြင်း၏အစိတ်အပိုင်းမှာ ၎င်း၏ခွန်အားမဟုတ်ပါ။ ၎င်း၏ဦးတည်ချက်ဖြစ်သော ခရစ်တော် နှင့်ဘုရားသခင်၏ကတိတော်ပင်ဖြစ်ပါသည်။ တကယ်တော့ ယုကြည်ခြင်းသည် အပြစ်ကိုခွင့်လွှတ် ပိုင်သောယေရှုခရစ်၏အကူအညီကို ရရှိရန် ပြန်လှည့်လာခြင်းပင်ဖြစ်ပါသည်။ သမ္မာကျမ်းစာက “ငါ့ နာမကိုအမှီပြု၍ ခေါ်သောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ရောက်လတံ့” ဟု မိန့်တော်မူ ခဲ့သည်။ ဘုရားသခင်ထံကလာသော ဤဆုကျေးဇူးကဲ့သို့သောယုံကြည်ခြင်းသည် လူ၏ကြိုးစား အားထုတ်မှုကြောင့် ရရှိသောအရာမဟုတ်။ ထို့ကြောင့် သင်သည် ဗတ္တိဇံကိုခံ၍ သင့်အပြစ်အတွက် ခွင့်လွှတ်ခြင်းကိုတောင်းလျှောက်လျက် ကယ်တင်ခြင်းအတွက် ဆုတောင်းပဌနာပြုလျှင် သင်သည် ကောင်းကင်သွားရာလမ်းတွင် ရှိလျက်နေပါသည်။

ဤအရာနှင့်ဆက်စပ်လျက်ရှိသော ပွဲတော်မင်္ဂလာနှင့်ကတိတော်၌ သင့်ယုံကြည်ခြင်းအတွက် ခွန် အား ရရှိမည်ဖြစ်ပါသည်။

“ငါ၏အသားကိုစား၍ ငါ၏အသွေးကိုလည်း သောက်သောသူသည် ထာဝရအသက် ကိုရ၏။ထိုသူကို နောက်ဆုံးသောနေ့၌ ငါထမြောက်စေမည်။ ငါ၏အသားသည် စားစ ရာကောင်း၏။ ငါ၏အသွေးလည်း သောက်စရာကောင်း၏။ ငါ၏အသားအသွေးကို သောက်စားသောသူသည် ငါ၌တည်၏။ ထိုသူ၌လည်း ငါတည်၏။” (ယောဟန် ၆း ၅၄၊ ၅၆)

လူတစ်ဦးသည် ကောင်းသောအသက်တာဖြင့်ကောင်းမွန်စွာအသက်ရှင်လျက် ဘုရားသခင်နှင့်မည် သို့နည်းစပ်နိုင်ကြောင်း၏အဖြေကို ဘာသာတရားအားလုံးက ပေးတတ်ကြသည်။ သ့ရို ာတွင် ခရစ် ယာန်ဘာသာသည် အခြားဘာသာတရားများနှင့်ကွဲပြားခြားနားသည်။ အဓိကဦးတည်ချက်မှာ လူ၏ လုပ်ဆောင်ချက်အပေါ်မမူတည်ဘဲ ဘုရားသခင်၏လုပ်ဆောင်ချက်အပေါ်တွင်သာ မူတည်ပါသည်။ အခြားဘာသာတရားများက ဘုရားကို နာခံရန်၊ ကောင်းသောအရာကို လုပ်ဆောင်ရန်၊ သ့မို ဟုတ် မင်္ဂလာရှိသောသူဖြစ်စေရန် သို့မဟုတ် ကယ်တင်ခြင်းကိုရရှိစေရန် အကောင်းဆုံးကြိုးစားအားထုတ် ရမည်ဟု သွန်သင်ထားပါသည်။ သို့ရာတွင် ခရစ်ယာန်ဘာသာ၏သွန်သင်ချက်မှာ ထိုသို့မဟုတ်။ ကွဲပြားခြားနားသည်။ ရှိသမျှသည် သင့်အတွက် လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ ထ့ေို ကြာင့် ကောင်းကြီး မင်္ဂလာနှင့်ကယ်တင်ခြင်းတရားသည် လက်သင့်ခံရုံသာဖြစ်ပါသည်။ ကျွနု်ပ်တို့သည် မိမိကိုယ်ကို မ ကယ်တင်နိုင်သော်လည်း ယေရှုက ကျွနု်ပ်တို့အပြစ်၏အခကို ပေးခဲ့ပြီးဖြစ်သည်။ ကျွနု်ပ်တို့သည် ဘုရားသခင်ထံမှ ကယ်တင်ခြင်းဆုကျေးဇူးကို လက်ခံရရှိသောအခါ ကျေးဇူးတော်အားဖြင့၊် ကျေးဇူး တော်သက်သက်အားဖြင့် ကယ်တင်ခြင်းသို့ ရောက်နိုင်ပါသည်။

ကျွနု်ပ်တို့သည် ဘုရားသခင်၏မေတ္တာကို ကြိုးစားအားထုတ်၍ ရရှိနိုင်မည်မဟုတ်ပါ။ သူသည် ကျွနု်ပ်တို့အားချစ်တော်မူသည်။ သူ၏မေတ္တာသည် စုံလင်သောမေတ္တာဖြစ်သည်။ ကျွနု်ပ်တို့သည် ကယ်တင်ခြင်းကို စိတ်ချနိုင်သည်။ ကျွနု်ပ်တို့အား ဘုရားသခင်ပေးသောမေတ္တာဖြင့် အနီးအနားရှိ လူများကိုလည်း ပြန်၍ အစေခံနိုင်ပါသည်။

ဘုရားသခင်၏ကျေးဇူးတော်သည် ခရစ်ယာန်ဘာသာ၏မဏ္ဍိုင်ဖြစ်ပါသည်။ ကျွနု်ပ်တို့သည် ယေရှု ခရစ်၏ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ရောက်ပါသည်။ လူအပေါ်အခြေပြုလျက် တည် ထောင်သောအခြားဘာသာတရားများသည် ၎င်းတို့ကိုယ်တိုင်၏ကြိုးစားအားထုတ်မှုကြောင့် အောင် မြင်မှုရရှိနိုင်ရန် သို့မဟုတ် ပိုမိုကောင်းမွန်လာကြစေရန် ကြိုးစားအားထုတ်ကြသဖြင့် နောက်ဆုံး တွင် ပျက်စီးခြင်းနှင့်စိတ်ပျက်ခြင်းဆီသို့သာ ဦးဆောင်သွားခဲ့ကြပါသည်။

“ယေရှုက၊ ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရဟု မိန့်တော်မူ၏။” (ယောဟန် ၁၄း ၆)

ဆုတောင်းချက်၊ သခင်ဘုရား၊ ကိုယ်တော့်ကို ယုံကြည်လိုပါ၏။ သ့ရို ာတွင် ကျွနု်ပ်သည် အားနည်း၍ ညှိုးငယ်ရပါ၏။ မစသနားတော်မူပါ။

ဟုတ်ကဲ့။ ကောင်းကင်တမန်ရှိပါသည်။ ဘုရားသခင်ဖန်ဆင်းထားသောအရာကို ဤမျက်မြင်ပြီး ကိုင်တွယ်နိုင်သောကမ္ဘာကြီး(လူက မာန်မာနဖြင့်တွေးထင်သကဲ့သို့) က ကန့်သတ်ထား၍မရပါ။ ကျွနု်ပ်တို့သည် ဘုရားသခင်၏ဖန်ဆင်းခြင်းကို ကန့်သတ်ထား၍မရပါ။ ဘုရားသခင်၏ကမ္ဘာသည် ပို၍ကြွယ်ဝပြည့စ် ုံသည်၊ အရောင်စုံသည်။ ကျွနု်ပ်တို့သိပံပညာလေ့လာနိုင်သည်ထက် အံ့သြစရာ နှင့်ပြည့န် ှက်နေသည်။

သို့ရာတွင် ကျွနု်ပ်တို့သည် ကောင်းကင်တမန်များ၏ ထွေးပွေ့ရင်ခွင်ထဲတွင် တခါတရံ ခိုလှုံရသော် လည်း ကောင်းကင်တမန်များသည် ခရစ်ယာန်ဘာသာ၏အထူးအမြတ်တော့မဟုတ်ပါ။ ခရစ်ဝင် ကျမ်းများကိုဖတ်ရှုသောအခါ ကောင်းကင်တမန်များသည် ယေရှု၏အဓိက ဘဝအချိုးအကွေးတွင် အရေးကြီးသည့်အခန်းကဏ္ဍတွင် ပါဝင်ကြကြောင်း တွေ့မြင်ရသည်။ သူတို့ကို အစေခံသောဝိညာဉ် များဟုလည်း သမုတ်တတ်ကြသည်။ ထို့နောက် သူတို့သည် မြေကြီးပေါ်၌ ဘုရားသခင်က သူတို့ကို ပေးသောလုပ်ငန်းကို ပြည့စ် ုံစေကြပါသည်။ နောက်ဆုံးတွင် သူတို့သည် ဝိညာဉ်ကယ်တင်ခြင်းအ ကြောင်းနှင့်ဆိုင်သောပန်းတိုင်အတွက် အစေခံကြသူများဖြစ်ကြသည်။

“ကောင်းကင်တမန်များတို့ကား၊ ကယ်တင်တော်မူခြင်းကျေးဇူးကို အမွေခံလတံ့သော သူတို့ကို ပြုစုစေခြင်းငှါ၊ စေလွှတ်တော်မူသော အစေခံနံဝိညာဉ်ဖြစ်ကြသည်မဟုတ် လော့။” (ဟေဗြဲ ၁း ၁၄ )