တိုက်ဆိုင်မှုရှိခြင်း သို့မဟုတ် ဘုရားသခင်

လူသားတစ်ဦးအတွက် အခြေခံအကျဆုံးသောလိုအပ်ချက်တစ်ခုမှာ ၄င်းတို့အသက်တာအတွက် ထားရှိသောရည်ရွယ်ချက်ကို ရှာဖွေတွေ့ရှိခြင်းပင်ဖြစ်ပါသည်။ ကျွနု်ပ်တို့သည် ထိုရည်ရွယ်ချက်ကို အရာဝတ္ထုများထဲမှလည်းကောင်း၊ မိသားစုတစ်ခုစတင်ခြင်းအားဖြင့် သို့မဟုတ် ကောင်းမှုကုသိုလ် ပြုခြင်းအားဖြင့် သို့မဟုတ် မိမိကိုယ်ကို အသိဉာဏ်ဗဟုသုတကြွယ်ဝသူဖြစ်စေရန် ကြိုးစားအား ထုတ်ခြင်းဖြင့် ပတ်ဝန်းကျင်တွင် နေထိုင်ကြကုန်သောလူများ၊ အလုပ်တစ်ခုထံမှလည်းကောင်း မ ကြာခဏ ရှာဖွေလေ့ရှိကြပါသည်။ သို့ရာတွင် ဤအရာတစ်စုံတစ်ခုကမျှ ကျွနု်ပ်တို့ကို ကျေနပ်စေ နိုင်ခြင်းမျိုးမရှိပါ။ သို့မဟုတ် ကျွနု်ပ်တို့အတွင်း၌ နက်နက်နဲနဲဖြစ်ပျက်နေသောမေးခွန်းများ၏အဖြေ ကိုပင် ပြည့်ပြည့်ဝဝမပေးနိုင်ပါ။

ကျွနု်ပ်တို့တစ်ဦးချင်းစီအတွက် ဘဝအဓိပ္ပါယ်နှင့်ရည်ရွယ်ချက်ကိုနားလည်သဘောက်ပေါက်စေရန် စတုရန်းပုံတစ်ခုဆီသို့ ပြန်သွားရန် လိုအပ်ပါသည်။ ကျွနု်ပ်တို့အားလုံးသည် ဘုရားသခင်နှင့်မိဿ ဟာရဖွဲ့ရန် ဖန်ဆင်းထားခြင်းဖြစ်ပါသည်။ အကြောင်းမှာ ကျွနု်ပ်တို့သည် ဘုရားသခင်နှင့်ကွဲ၍ အသက်ရှင်လျှင် အလွန်အရေးပါလှသောအရာကို ကျွနု်ပ်တို့ ဆုံးရှုံးနေခြင်းဖြစ်ပါသည်။ ကျွနု်ပ်တို့ အသက်တာအတွက် အရေးပါဆုံးသောပန်းတိုင်သည် ဘုရားသခင်နှင့်ကျွနု််ပ်တို့အား ကွဲကွာစေ သည့်အပြစ်တစုံတရာမရှိဘဲ ဘုရားသခင်နှင့်ဆက်နွယ်မှုတစ်ခုတွင် အသက်ရှင်နေထိုင်ရန် ဖန်ဆင်း ထားသည့်ပုံသဏ္ဍာန်အတို်င်း အသက်ရှင်ရှိနေသင့်ပေသည်။ ၄င်းမှာ ယေရှုသည် အလွန်အရေးပါ ပြီး မရှိမဖြစ်လိုအပ်သောသူဖြစ်ကြောင်း သိရှိရခြင်း၏ အကြောင်းတရားပင်ဖြစ်ပါသည်။ အဘယ့် ကြောင့်ဆိုသော် ထိုယေရှုအားဖြင့်သာ ဘဝနှင့်၄င်း၏ဘဝအဓိပ္ပါယ်ကို ရရှိနိုင်ပါသည်။ ကျွနု်ပ်တို့ သည် ယေရှုကို ယုံကြည်လက်ခံသောအခါ ကောင်းကင်ဘုံ၌ ရှိတော်မူသော အဘဘုရားသခင်နှင့် အတူရှိနေရန် ကောင်းကင်ဘုံသို့ တစ်နေ့သွားရလိမ့်မည်။

ကျွနု်ပ်တို့သည် ကောင်းကင်ဘုံကို စေ့စေ့မျှော်ကြည့်နေရသော်လည်း ကျွနု်ပ်တို့၏မြေကြီးပေါ်တွင် ရှိနေသောအသက်တာသည် အချည်းနှီးဖြစ်သည်ဟု မဆိုလိုပါ။ ကျွနု်ပ်တို့သည် ဘုရားသခင်၏ ချစ် ခြင်းကို ခံစားရသောအခွင့်၊ သူ့အား ပြန်လည် ချစ်ရသည့်အခွင့်၊ ကျွနု်ပ်တို့ပတ်ဝန်းကျင်တွင် အသသက်ရှင်နေထိုင်သူတို့အား ၄င်း၏မေတ္တာကို မျှဝေနိုင်သောအခွင့်တို့ကို ရရှိကြပါသည်။

“ယေရှုခရစ်အားဖြင့် ဘုရားသခင်သည် အထက်အရပ်မှ ခေါ်တော်မူခြင်းနှင်ဆိုင်သောဆုကို ရခြင်း ငှါ၊ ပန်းတုံးတိုင်သို့ ငါလိုက်ပြေး၏။” (ဖိလိ ၃း ၁၄ )

ဆုတောင်းချက်။ အဘဘုရားသခင်၊ ကျွနု်ပ်၏နားလည်နိုင်မှုဉာသည် လျော့နည်းသောအခါ သွားရ မည့် အလိုတော်ရှိသောလမ်းကို အကျွနု်ပ်အား ပြညွှန်တော်မူပါ။

ဤစကားလုံးများကိုဖတ်ရှုဖို့ရန် သင်အသုံးပြုနေသော ကွန်ပြူတာ၊ ဖုန်း သို့မဟုတ် စက်ကိရိယာ ပစ္စည်းများကို တဏခလောက် ဆင်ခြင်ကြည့်ပါ။ ထိုစက်ကိရိယာပစ္စည်းများသည် အလိုအလျောက် ဖြစ်လာကြသည်ဟု တစ်စုံတစ်ဦးက သင့်အား ပြောဆိုခဲ့လျှင် သင်ယုံကြည်လက်ခံမည်လော။ အစိတ်အပို်င်းအားလုံးသည် သူ့အလိုလိုဖြစ်ပေါ်လာပြီး စုပေါင်းဖြစ်သည်လာကြပါသလား။ သဘာ ၀အားဖြင့်ဆိုရသော် တိကျသေချာသောလုပ်ငန်းတစ်ခုအတွက် တစ်စုံတစ်ဦးက အစီအစဉ်ချမှတ်၊ ဒီဇိုင်းရေးဆွဲပြီး ပြုလုပ်ကြသည်ကို သင်သိရှိထားပါသည်။

ကမ္ဘာကြီး၏ကျန်ရှိနေသောအစိတ်ပိုင်း၊ ဘဝအသက်တာတို့သည် ယေဘုယျအားဖြင့် မည်သို့ဖြစ် မည်နည်း။ ကမ္ဘာလောကကြီးမှာ နည်းပညာနှင့်ဆိုင်သောစက်ကိရိယာထက် ပို၍ ရှုပ်ထွေးပြီး ကြီး မားလှသည်မှာ သံသယပွါးရန်ပင်မလိုပေ။ ကျွနု်ပ်တို့လူသားခန္ဒာသည် အဘယ်မျှလောက် မယုံနိုင် ဖွယ်ဖြစ်ကြောင်းကို ဆင်ခြင်ကြည့်ပါ။ အံ့သြစရာကောင်းလောက်သည့်အရာဖြစ်လာစေရန် အလို အလျောက်ဖြစ်လာခြင်းနှင့်တိုက်ဆိုင်ခြင်းထက် သာ၍ ကြီးမားလှသည်။

တနည်းအားဖြင့်၊ ကမ္ဘာကြီးသည် အသက်ရှင်ရန် ပရမ်းပတာဖြစ်ပြီး ရက်စက်ကြမ်းကြုတ်သောနေ ရာတစ်ခုကဲ့သို့ ထင်နေရသည်။ သို့ရာတွင် ကမ္ဘာလောကကြီးကို ဖန်ဆင်းသူမှာ ကျွနု်ပ်တို့၏သခင်၊ အဘဘုရားသခင်ဖြစ်တော်မူသည်ဟူသောအချက်မှာ ရှိနေသေးသည်။

ကျွနု်ပ်တို့အားလုံးနှင့်ကျွနု်ပ်တို့ပတ်ဝန်းကျင်တွင်ရှိသောကမ္ဘာကြီးသည် ဘုရားသခင်၏ဆုံးဖြတ်ချက်ကြောင့် တည်ရှိလာသည်။ သူသည် ကမ္ဘာကြီးကိုဖန်ဆင်းပြီး အရာခပ်သိမ်းကို ရည်ရွယ်ချက်တစ်ခုအတွက် ဖန်ဆင်း ထားခြင်းဖြစ်သည်။ အဘယ်အရာမျှ တိုက်ဆိုင်မှုဖြင့်ဖြစ်လာသည်ဟူ၍ မရှိ။ အငယ်ဆုံးတိုင်အောင် အသေး စိတ်လေ့လာကြည့်လျှင် အလေးအနက်ထားပြီး အံ့သြဘွယ်ရာဖန်ဆင်းထားကြောင်းကို တွေ့ရှိရပါသည်။ အဘယ်သူ၏ဘဝအသက်တာမျှ တိုက်ဆိုင်မှုဖြစ်သော်လည်းကောင်း၊ သို့မဟုတ် မတော်တဆမှုဖြင့်သော် လည်းကောင်း ဖြစ်လာခြင်းမဟုတ်ပါ။ ဘုရားသခင်က သင့်အား ရှိနေစေလိုသောကြောင့် သင်ရှိနေရခြင်း ဖြစ်သည်။ သင့်ဘဝအသက်တာဟူသည်မှာ အလေးအနက်ထားပြင်ဆင်ခြင်းနှင့်ကြီးမားသည့် မဟာမေတ္တာ တော်၏အကျိုးဆက်ပင်ဖြစ်သည်။

“အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏။ တဖန် ဘုရားသခင် က “ငါတို့ပုံသဏ္ဍာန်နှင့်တညီ တသဏ္ဍာန်းတည်း လူကို ဖန်ဆင်းကြစို့။ သူသည် ပင်လယ်ငါးတို့ကို ၄င်း၊ မိုဃ်းကောင်းကင်ငှက်တို့ကို၄င်း၊ သားယဉ်တို့ကို၄င်း၊ မြေတပြင်လုံးနှင့်တကွ၊ မြေပေါ်မှာတွား တတ်သောတိရစ္ဆာအပေါင်းတို့ကို၄င်း၊ အုပ်စိုးစေ” ဟု အမိန့်ရှိ၏။ ထိုသို့ဘုရားသခင်သည် မိမိပုံသ ဏ္ဍာန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ပုံသဏ္ဍာန်တော်နှင့်အညီ လူယောကျ်ား၊ လူမိန်းမကို ဖန်ဆင်းပြီးလျှင်၊ ဘုရားသခင်သည် မိမိဖန်ဆင်းသမျှသောအရာတို့ကို ကြည့်ရှုလျှင်၊ အလွန်ကောင်းသည်ကို မြင်တော်မူ၏။”
(၁။ ကမ္ဘာဦး ၁း၁၊ ၂၆-၂၇၊ ၃၁ )

ဆုတောင်းချက်၊ ချစ်သောသခင်၊ ကျွနု်ပ်အားပေးသနားတော်မူသော ဘဝအသက်တာဆုကျေးဇူး တော်များကို မြင်တွေ့နိုင်ရန် ကျွနု်ပ်မျက်စိတော်ကို ဖွင့်ပေးတော်မူပါ။ စိတ်နှလုံးအကြွင်းမဲ့ဖြင့် အမြဲ တမ်း ချီးမွမ်းထောမနာပြုနိုင်ခြင်းအလို့ငှါ မစမူပါ။

လူအများစုက ဘုရားအမျိုးအစားအချို့ရှိသည်၊ သို့မဟုတ် အချို့ဘုရားများမှာ တန်ခိုးရှိကြသည်ဟူ ၍လည်းကောင်း၊ ကမ္ဘာကြီးသည် တစ်ဦးဦးထံမှစတင်ဖြစ်ပေါ်လာသည်ဟူ၍လည်းကောင်း၊ အမှန် နှင့်အမှားအယူအဆကို လူတို့အထဲသို့ တစ်ဦးဦးက တစ်စက်ချင်းချပေးပြီး သမိုင်းအဖြစ်အပျက်များ တွင်လည်း လမ်းညွှန်ပေးသည်ဟူ၍လည်းကောင်း ယုံကြည်လက်ခံကြပါသည်။ ဘုရားမဲ့ဝါဒီများပင် လျှင် “ဘုရားတစ်ဆူ” အကြောင်းနှင့်ပတ်သက်ပြီး အခြေခံသဘောတရားတစ်ခု၏အမျိုးအစားအချို့ ရှိကြသည်။ ထိုအရာပေါ်တွင် သူတို့သည် မှီခိုပြီး သာ၍မြင့်သောအခွင့်အာဏာတစ်ခုအဖြစ် ဆုပ်ကိုင်ထားကြသည်။

ခါးကုန်းကြီးတစ်ခု၊ အယူအဆတစ်ခု သို့မဟုတ် ဘုရားသခင်တည်ရှိခြင်းအကြောင်းသိမြင်ခြင်းက ဘုရားသခင်သည် အဘယ်သူဖြစ်ကြောင်းကိုလည်းကောင်း၊ အဘယ်သူနှင့်တူကြောင်းကိုလည်း ကောင်း၊ သူ့ကို အဘယ်သို့သိရမည်ဟူသောအကြောင်းကိုလည်းကောင်း တစ်စုံတစ်ရာ ပြောဆို ထားခြင်းမရှိပေ။ ဘုရားသခင်အကြောင်းကို ဂဃနဏသိရှိနိုင်ရန် သူ့ထံသို့လည်းကောင်း၊ သမ္မာ ကျမ်းစာတည်းဟူသော ၄င်း၏နှုတ်တော်ထွက်စကားဆီသို့လည်းကောင်း ပြန်လာရမည်ဖြစ်သည်။ ဘုရားသခင်သည် ကြီးမြတ်တော်မူ၍ ကျွနု်ပ်တို့၏အပြစ်နှင့်ပြည့်နှက်နေသောစိတ်နှသဘောဖြင့် နားမလည်နိုင်ပါ။ ထို့ကြောင့် သူ့အကြောင်းနှင့်ပတ်သက်ပြီး ကျွနု်ပ်တို့အား ဖော်ပြနိုင်ရန် သူ့ကို ယုံကြည်ကိုးစားရပါမည်။ ဘုရားသခင်သည် ကမ္ဘာကြီးကို ဖန်ဆင်းတော်မူသည်ဖြစ်၍ ထိန်းချုပ် အုပ်စိုးထားပါသည်။ ထိုထက်သာ၍ ကြီးမားလှသည်မှာ ဘုရားသခင်သည် ယေရှုခရစ်၌ လူသား သဏ္ဍာန်ကိုခံယူကာ မြေကြီးပေါ်သို့ ကြွဆင်းလာခဲ့သည်။ ကျွနု်ပ်တို့ကို အပြစ်တရားထဲမှလည်း ကယ်တင်ခဲ့သည်။ အခြားသောဘုရားလုံးဝမရှိပါ။

ဆုတောင်းချက်။ သခင်ဘုရား၊ ကျွနု်ပ်အသက်တာတွင် အစစ်အမှန်ဖြစ်လာရန် ဆုတောင်းပါ၏။ ကျွနု်ပ်ဆုတောင်းသံကို နားညောင်းပြီး အဖြေပေးပါမည်အကြောင်း တောင်းလျှောက်ပါ၏။

ကျွနု်ပ်တို့သည် မကောင်းသောအမှုအရာကိုမြင်တွေ့ရင်း ပတ်ဝန်းကျင်၌ အထူးသဖြင့် ကျွနု်တို့အ သက်တာတွင် ဒုက္ခဝေဒနာခံစားနေရသည်ကို မြင်တွေ့ရသောအခါ ဘုရားသခင်သည် တန်ခိုးအ စွမ်း အမှန်တကယ် ရှိပါသလား၊ မေတ္တာရှင်ဖြစ်ပါသလား စသဖြင့် သံသယစိတ်တွေ ၀င်လာတတ် ပါသည်။ သို့ရာတွင် ထိုအချိန်ကာလအတွင်း၌ပင်လျှင် ကျွနု်ပ်တို့၏ကန့်သတ်ထားနိုင်သောစိတ်နှ လုံးထက် သာ၍ အမှီတဟဲပြုနိုင်သော ဘုရားသခင်၏နှုတ်ကပတ်တော်တကို ယုံကြည်ကိုးစားရပါ မည်။

သမ္မာကျမ်းစာက ဘုရားသခင်သည် လောကတစ်ခွင်လုံးကို အုပ်စိုးသောအရှင် ဘုရားတကာတို့၏ ဘုရား၊ ဘုရင်တကာတို့၏အရှင်ဖြစ်သည်ဟု မိန့်ဆိုထားသည်။ သူသည် အရပ်ခပ်သိမ်းကို မြင် တော်မူသည်။ အရာခပ်သိမ်းကို သိတော်မူသည်။ သူ၏ခွင့်ပြုထားချက်မရှိဘဲ အဘယ်အမှုမျှ ဖြစ်မ လာနိုင်ပါ။ သို့ရာတွင် လူတို့၏ အပြစ်ထဲလဲကျမှုကြောင့် မာရ်နတ်သည် ဤကမ္ဘာကြီးထဲတွင် အညှာ ကို ဆုပ်ကိုင်ထားသော်လည်း ဘုရားသခင်၏ခွင့်ပြုချက်မရှိလျှင် သူသည် အဘယ်အရာကိုမျှ လုပ် ဆောင်နိုင်ခြင်းမရှိပါ။ စာတန်သည် ကျဆုံးပြီးသားသူဖြစ်ပါသည်။ သူသည် ဘုရားသခင်၏တန်ခိုးကို တုနှိုင်းရာတွင် တန်ခိုးမဲ့သောသူဖြစ်သည်။ ယေရှုသည် လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံပြီး ရှင်ပြန်ထမြောက်ခြင်းအားဖြင့် မာရ်နတ်နှင့်၄င်း၏စွမ်းအားများကို ရိုက်ချိုးပစ်ခဲ့သည်။

ဘုရားသခင်၏အကြံအစည်တော်သော်လည်းကောင်း၊ တခါတရံ သူတို့လုပ်ဆောင်သည်လမ်း ရပ်တန့်ရသည့်အကြောင်းရင်းသော်လည်းကောင်း ကျွနု်ပ်တို့နားလည်ရန် ခက်ခဲလှသည်။ သို့ရာ တွင် သူသည် ကြိုးကိုင်သောသူဖြစ်သဖြင့် အစဉ်သဖြင့် အားကိုးယုံကြည်ထားနိုင်ပါသည်။ တန်းခိုး ကြီးမားသောဘုရားသခင်သည် သာ၍ကြီးသောပုံရိပ်ကို မြင်ခဲ့သည်။ ထို့ကြောင့် ကျွနု်ပ်တို့အတွက် အကောင်းဆုံးသောအရာကိုလည်း သိတော်မူသည်။ နှုတ်နှင့်မြွတ်ဆိုရုံသက်သက်အားဖြင့် ကမ္ဘာ ကြီးကို ဖန်ဆင်းတော်မူသောဘုရားသခင်သည် ကျွနု်ပ်တို့ကိုလည်း စောင့်ရှောက်နိုင်ပါသည်။ တစ် နေသောအခါ တစ်လောကလုံးက ကျွနု်ပ်တို့ကိုးကွယ်သော ဘုရားသခင်၏ကြီးမြတ်တော်မူခြင်းအ ကြောင်းကို မြင်တွေ့ကြရလိမ့်မည်။

“ထာဝရဘုရားသည် အစဉ်အမြဲတည်တော်မူသော ဘုရားသခင်ဖြစ်ကြောင်းကို၄င်း၊ မြေကြီးစွန်း တိုင်အောင် ဖန်ဆင်းတော်မူသောအရှင်ဖြစ်ကြောင်းကို၄င်း၊ မောတော်မူခြင်း၊ ပင်ပန်းတော်မူခြင်း မရှိ၊ စစ်၍မကုန်နိုင်သောဉာဏ်နှင့်ပြည့်စုံတော်မူကြောင်းကို၄င်း၊ သင်သည် မသိမကြားဘူးသ လော။” (ဟေရှာယ ၄၀း ၂၈)

ဆုတောင်းချက်၊ သခင်ဘုရား၊ ကိုယ်တော်သည် ဘုန်းတန်ခိုးနှင့်ပြည့်စုံတော်မူ၏။ ကိုယ်တော်၌ ကျွနု်ပ်၏လုံခြုံမှုနှင့်မျှော်လင့်ခြင်းကို တွေ့ရှိနိုင်မည်အကြောင်း ကူမတော်မူပါ။

တိတိကျကျဆိုရလျှင် လူသည် ဘုရားသခင် ရှာမတွေ့နိုင်ပါ။ သို့ရာတွင် လူကိုရှာဖွေတွေ့ရှိသူမှာ ဘုရားသခင်သာလျှင်ဖြစ်ပါသည်။ ဘုရားသခင်သည် လူမသွားနိုင်သောအရပ်ဖြစ်သည့် အထက်အ ရပ်တွင် တည်ရှိသဖြင့် ဆင်းကြွခဲ့ပြီး ကျွန်တော်တို့ကို ရှာဖွေတွေ့ရှိရန် အနီးအပါးသို့ရောက်လာပါ သည်။ ဘုရားသခင်သည် ဓမ္မဝတ်များဖြင့် မိမိကိုယ်ကိုထင်ရှားစေသည်။ ထိုဓမ္မဝတ်များမှာ ဘုရား သခင်၏နှုတ်ကပတ်တော်၊ ဗတ္တိဇံမင်္ဂလာ၊ သန့်ရှင်းသောပွဲတော်မင်္ဂလာ၊ နှင့်အပြစ်ကို ၀န်ချတောင်း ပန်ခြင်းတို့ပင်ဖြစ်ပါသည်။ ထ့ေို ကြာင့် ကျွန်တော်တို့သည် ဤအရာများဖြင့ ် ဘုရားသခင်ကို ရှာဖွေ သင့်ပါသည်။

သင်သည် ဗတ္တိဇံမင်္ဂလာခံယူပြီးသောသူဖြစ်လျှင် ၄င်းဗတ္တိဇံမင်္ဂလာ၏ဆိုလိုရင်းအဓိပါယ်မှာ မည် သည့်အရာဖြစ်သည်ကို မိမိကိုယ်ကို သတိပေးထားလျှင် ကောင်းသောအရာပင်ဖြစ်ပါသည်။ “ယုံ ကြည်ခြင်းနှင့်ပတ်သက်၍ တမန်တော်တို့၏ယုံကြည်ချက်”နှင့ ် ဓမ္မအမေးအဖြေစာအုပ်တို့မှာ အစပြု ရန် ကောင်းမွန်သောနေရာများပင်ဖြစ်ပါသည်။ သြိ့ုဖစ်၍ ထိုစာအုပ်များကို အဖန်တလဲလဲ ဖတ်ရှု သင့်ပါသည်။ သင်သည် ဗတ္တိဇံမင်္ဂလာမခံယူသေးသောသူဖြစ်နေလျှင်ပင် ထိုစာအုပ်များကို ဖတ်ရှု ခြင်းဖြင့် အစပြုလျှင် ကောင်းမွန်ပါသည်။

ကျွန်တော်က သမ္မာကျမ်းစာကို ဖတ်ရှုလေ့လာရန်လည်း တိုက်တွန်းနှိုးဆော်လိုပါသည်။ ဓမ္မသစ် ကျမ်းမှ၊ အထူးသဖြင့် ခရစ်ဝင်ကျမ်းများမှအစပြုပြီး ဖတ်ရှုလေ့လာပါ။

တနင်္ဂနွေနေ့အစီအစဉ်တွင် ပါ၀င်လက်တွဲရန် အသင်းတော်တစ်ခုကို ရှာဖွေပါ။ အစီအစဉ်အတွင်း၌ အခြားပရိသတ်များနှင့်အတူပူးပေါင်း၍ မိမိအပြစ်ကို၀န်ချတောင်းပန်ပြီး သင့်အပြစ်ခွင့်လွှတ်ခြင်းကို ရယူပါ။ သို့မှသာ သမ္မာကျမ်းစာသွန်သင်ခြင်းအမှုကို ကြားနာရမည်ဖြစ်သည်။ ကျွန်တော်တို့သည် ပွဲတော်မင်္ဂလာကိုယူခြင်းအားဖြင့် ဘုရားသခင်နှင့်သာ၍ နီးကပ်လာသည်။ ဘုရားသခင်သည် ကျွန် တော်တို့အား မုန့်နှင့်စပျစ်ရည်တွင် တွေ့ဆုံသည်။ မုန့်သည် ခရစ်တော်၏ကိုယ်ခန္ဒာကိုပုံဆောင် ထားပြီး စပျစ်ရည်မှာ ခရစ်တော်၏အသွေးတော်ကို ပုံဆောင်ထားပါသည်။

“ပျောက်သောသိုးကို ငါရှာမည်။ သူတပါးနှင်သောသိုးကို လိုက်၍ဆောင်ခဲ့မည်။ အရိုး ကျိုးသောသိုးကို အဝတ်နှင့်စည်းမည်။ အားနည်းသောသိုးကို မစမည်။ ဆူဖြိုး၍ အားရှိ သောသိုးကိုကား၊ တရားအတိုင်းကျွေးမွေး၍ကွပ်မျက်မည်ဟု အရှင်ထာဝရဘုရားမိန့် တော်မူ၏။” (ယေဇကျေလ ၃၄း ၁၆ )

ဆုတောင်းချက်။ အဘဘုရားသခင်၊ ကိုယ်တော်ကိုရှာဖွေတွေ့ရှိပြီး သိလိုပါ၏။ ကိုယ်တော်ကို ရှာ ဖွေနိုင်သည့်နည်းလမ်းကို ညွှန်ပြတော်မူပါ။